မင္းတပ္ၿမိဳ႕တြင္ အၾကမ္းဖက္စစ္ေကာင္စီႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္ ဝန္ထမ္းမ်ား Blacklist စာရင္းသြင္း၊ CDF- မင္းတပ္ ထိန္းခ်ဳပ္နယ္ေျမထဲမွ နယ္ႏွင္ဒဏ္ေပးမည္
ရန္ကုန္၊ စက္တင္ဘာ ၁၆
မင္းတပ္ၿမိဳ႕နယ္တြင္း စစ္ေကာင္စီႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသည့္ ဌာနဆိုင္ရာမ်ားကို မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရးမွ အမည္ပ်က္(Blacklist) စာရင္းသြားေၾကာင္း ေၾကညာခ်က္ကို ယေန႔ စက္တင္ဘာ ၁၆ ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာသည္။
အမည္ပ်က္စာရင္းသြင္း ခံထားရသူမ်ား CDF (မင္းတပ္)၏ ထိန္းခ်ဳပ္နယ္ေျမထဲ လာခြင့္မရွိဘဲ နယ္ႏွင္ဒဏ္ေပးျခင္း၊ တရားစီရင္ျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း CDF (မင္းတပ္) ၏ ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းဟြာအြမ္းက ရန္ကုန္ေခတ္သစ္သို႔ ေျပာၾကားသည္။
“NUG ကလည္း Non-CDM ေတြနဲ႔ ပတ္သက္တဲ့ တရားဝင္ဥပေဒကို အတည္ျပဳဖို႔ ႀကိဳးစားေနတယ္။ ကြၽန္ေတာ္တို႔ အေရးေတာ္ပုံၿပီးသြားရင္ေတာ့ NUG ရဲ႕ တရားစီရင္မႈအပိုင္းေပါ့ေနာ္။ ကြၽန္ေတာ္တို႔ အပိုင္းကေတာ့ Blacklist လုပ္မယ္။ Blacklist လုပ္ထားတဲ့ လူေတြက ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္နယ္ေျမထဲ လာခြင့္ မရွိဘူး။
သာေရး နာေရးက အစ နယ္ႏွင္ဒဏ္ေပးတာေပါ့။ Blacklist ပါသြားရင္ ကြၽန္ေတာ္တို႔ အေနနဲ႔ သူတို႔ကို ဖမ္းဆီးမယ္။ ဖမ္းဆီးမယ္ဆိုတဲ့အခါမွာ သူတို႔ကို Chance ေတာ့ ေပးထားတယ္။ Blacklist လုပ္ၿပီး ျပန္ဝင္လာရင္ေတာ့ ကြၽန္ေတာ္တို႔မွာ ဥပေဒဌာနရွိတယ္။
ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြနဲ႔ သူတို႔ျပန္ဝင္လာရင္ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္နယ္ေျမထဲ ဝင္လာရင္ ဥပေဒအတိုင္းအေရးယူသြားမယ့္ အပိုင္းရွိတာေပါ့။ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္နယ္ေျမထဲမွာ မပါတဲ့ လူေတြက်ေတာ့ အဲလူေတြကေတာ့ ျပည္ႏွင္ဒဏ္တစ္ခါထဲေပးမယ္ ။ အဲလူေတြက ဘယ္လိုမွ ဝင္လာလို႔ မရဘူး။ ဝင္လာရင္ ကြၽန္ေတာ္တို႔ဘက္က ဥပေဒအရ အေရးယူသြားမယ္” ဟု ၎က ေျပာၾကားသည္။
အၾကမ္းဖက္စစ္ေကာင္စီႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသည့္ ဌာနဆိုင္ရာ အားလုံးကို ေသခ်ာစိစစ္၍ အမည္ပ်က္စာရင္းသြင္းေၾကညာသြားမည္ျဖစ္ၿပီး ေတာ္လွန္ေရးတြင္ ပါဝင္ေဆာင္႐ြက္ခဲ့သူမ်ားႏွင့္ ေတာ္လွန္ေရးတြင္ မပါဝင္ခဲ့သူမ်ားကို တစ္ေျပးညီ ဆက္ဆံသြားမည္မဟုတ္ေၾကာင္းလည္း CDF (မင္းတပ္) ထံမွ သိရွိရသည္။
“ေတာ္လွန္ေရးမွာ ပါဝင္ပတ္သက္တဲ့ လူနဲ႔ ပါဝင္မပတ္သက္တဲ့ လူေတြကို ကြၽန္ေတာ္တို႔က ဘယ္ေတာ့မွ အေရးေတာ္ပုံၿပီးသြားခဲ့ရင္လည္း NUG ရဲ႕ ဥပေဒအတိုင္းလည္း သြားမယ္။ ကြၽန္ေတာ္တို႔ဘက္ကလည္း ရွိမယ္။ ကြၽန္ေတာ္တို႔က ေတာ္လွန္ေရးမွာ ပါဝင္ခဲ့တဲ့ လူနဲ႔ မပါဝင္ခဲ့တဲ့ လူကို ဘယ္ေတာ့မွ တစ္ေျပးညီ မဆက္ဆံႏိုင္ဘူး။
ကြၽန္ေတာ္တို႔က မွားယြင္းမႈေတြ ရွိမွာဆိုးလို႔ ျဖည္းျဖည္းခ်င္းလုပ္ေနတာပါ။ ဌာနဆိုင္ရာ အကုန္လုံးပါတယ္။ ဥပေဒအရ NUG က ဥပေဒထြက္လာရင္လည္း အဲဒီအတိုင္းအေရးယူမယ္ ၊ အေရးေတာ္ပုံၿပီးသြားရင္လည္း ကြၽန္ေတာ္တို႔ ၿမိဳ႕နယ္အေနနဲ႔ ကြၽန္ေတာ္တို႔ လုပ္မယ့္ဟာေတြ အမ်ားႀကီးရွိတယ္” ဟု ဆလိုင္းဟာအြန္းက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။
မင်းတပ်မြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းများ Blacklist စာရင်းသွင်း၊ CDF- မင်းတပ် ထိန်းချုပ်နယ်မြေထဲမှ နယ်နှင်ဒဏ်ပေးမည်
ရန်ကုန်၊ စက်တင်ဘာ ၁၆
မင်းတပ်မြို့နယ်တွင်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးမှ အမည်ပျက်(Blacklist) စာရင်းသွားကြောင်း ကြေညာချက်ကို ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
အမည်ပျက်စာရင်းသွင်း ခံထားရသူများ CDF (မင်းတပ်)၏ ထိန်းချုပ်နယ်မြေထဲ လာခွင့်မရှိဘဲ နယ်နှင်ဒဏ်ပေးခြင်း၊ တရားစီရင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း CDF (မင်းတပ်) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟွာအွမ်းက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“NUG ကလည်း Non-CDM တွေနဲ့ ပတ်သက်တဲ့ တရားဝင်ဥပဒေကို အတည်ပြုဖို့ ကြိုးစားနေတယ်။ ကျွန်တော်တို့ အရေးတော်ပုံပြီးသွားရင်တော့ NUG ရဲ့ တရားစီရင်မှုအပိုင်းပေါ့နော်။ ကျွန်တော်တို့ အပိုင်းကတော့ Blacklist လုပ်မယ်။ Blacklist လုပ်ထားတဲ့ လူတွေက ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲ လာခွင့် မရှိဘူး။
သာရေး နာရေးက အစ နယ်နှင်ဒဏ်ပေးတာပေါ့။ Blacklist ပါသွားရင် ကျွန်တော်တို့ အနေနဲ့ သူတို့ကို ဖမ်းဆီးမယ်။ ဖမ်းဆီးမယ်ဆိုတဲ့အခါမှာ သူတို့ကို Chance တော့ ပေးထားတယ်။ Blacklist လုပ်ပြီး ပြန်ဝင်လာရင်တော့ ကျွန်တော်တို့မှာ ဥပဒေဌာနရှိတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ သူတို့ပြန်ဝင်လာရင် ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲ ဝင်လာရင် ဥပဒေအတိုင်းအရေးယူသွားမယ့် အပိုင်းရှိတာပေါ့။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေထဲမှာ မပါတဲ့ လူတွေကျတော့ အဲလူတွေကတော့ ပြည်နှင်ဒဏ်တစ်ခါထဲပေးမယ် ။ အဲလူတွေက ဘယ်လိုမှ ဝင်လာလို့ မရဘူး။ ဝင်လာရင် ကျွန်တော်တို့ဘက်က ဥပဒေအရ အရေးယူသွားမယ်” ဟု ၎င်းက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာ အားလုံးကို သေချာစိစစ်၍ အမည်ပျက်စာရင်းသွင်းကြေညာသွားမည်ဖြစ်ပြီး တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် တော်လှန်ရေးတွင် မပါဝင်ခဲ့သူများကို တစ်ပြေးညီ ဆက်ဆံသွားမည်မဟုတ်ကြောင်းလည်း CDF (မင်းတပ်) ထံမှ သိရှိရသည်။
“တော်လှန်ရေးမှာ ပါဝင်ပတ်သက်တဲ့ လူနဲ့ ပါဝင်မပတ်သက်တဲ့ လူတွေကို ကျွန်တော်တို့က ဘယ်တော့မှ အရေးတော်ပုံပြီးသွားခဲ့ရင်လည်း NUG ရဲ့ ဥပဒေအတိုင်းလည်း သွားမယ်။ ကျွန်တော်တို့ဘက်ကလည်း ရှိမယ်။ ကျွန်တော်တို့က တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ လူနဲ့ မပါဝင်ခဲ့တဲ့ လူကို ဘယ်တော့မှ တစ်ပြေးညီ မဆက်ဆံနိုင်ဘူး။
ကျွန်တော်တို့က မှားယွင်းမှုတွေ ရှိမှာဆိုးလို့ ဖြည်းဖြည်းချင်းလုပ်နေတာပါ။ ဌာနဆိုင်ရာ အကုန်လုံးပါတယ်။ ဥပဒေအရ NUG က ဥပဒေထွက်လာရင်လည်း အဲဒီအတိုင်းအရေးယူမယ် ၊ အရေးတော်ပုံပြီးသွားရင်လည်း ကျွန်တော်တို့ မြို့နယ်အနေနဲ့ ကျွန်တော်တို့ လုပ်မယ့်ဟာတွေ အများကြီးရှိတယ်” ဟု ဆလိုင်းဟာအွန်းက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။