စစ္ေကာင္စီ၏ ေထာက္ပို႔ ေရယာဥ္တစ္စီးကို AA က ပစ္ခတ္
Westen News- စက္တင္ဘာ၊ ၁၆ ရက္
ရခိုင္ျပည္၊ ေတာင္ကုတ္ၿမိဳ႕ ေခ်ာင္းဝသို႔ ဝင္လာသည့္ စစ္ေကာင္စီ၏ ေထာက္ပို႔ေရယာဥ္တစ္စီးကို ရကၡိဳင့္တပ္ေတာ္ AA က လက္နက္ႀကီး လက္နက္ငယ္တို႔ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း အနီးအနား ေနထိုင္သူမ်ားက ေျပာသည္။
ယေန႔ စက္တင္ဘာလ ၁၆ ရက္ ေန႔လယ္ ၁ နာရီခန္႔က ရကၡိဳင့္တပ္ေတာ္ AA ၏ တပ္ဖြဲ႕ဝင္မ်ားက လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းျဖစ္ကာ အေရအတြက္အားျဖင့္ ၁၆ ခ်က္ခန္႔ရွိေၾကာင္း ဆိပ္ကမ္းအနီးဝန္းက်င္မွ ေဒသခံတစ္ဦးကေျပာသည္။
“လက္နက္ႀကီးနဲ႔အပစ္ခံရတာ ပထမ ၂ ခ်က္ပစ္တယ္။ စုစုေပါင္း ၁၆ ခ်က္ေလာက္ရွိမယ္။ သူတို႔ ေရယာဥ္ကေတာ့ ထိသြားတယ္လို႔သိရတယ္။ လက္နက္ငယ္ေတြနဲ႔လည္း တစ္ေလွ်ာက္ပစ္တယ္” ဟုေျပာသည္။
စစ္ေကာင္စီတပ္သားမ်ားမွာ ေတာင္ကုတ္ၿမိဳ႕ရွိ အဆိုပါေ႐ႊလင္းယုန္ဆိပ္ကမ္းတြင္ အသြားအလာအၿမဲရွိၿပီး လက္ရွိတြင္လည္း ရိကၡာမ်ားတင္ေဆာင္ေနၾကျခင္းျဖစ္သည္ဟု ေဒသခံမ်ားကဆိုသည္။
ပစ္ခတ္ခံရသည့္ ေရယာဥ္မွာထိခိုက္မႈရွိသြားၿပီးေနာက္ မိနစ္ ၂၀ ခန္႔ အျပန္အလွန္ပစ္ခတ္မႈမ်ားလည္းရွိခဲ့ၾကသည္ဟု ေဒသခံတစ္ဦးကေျပာသည္။
“ဒီဖက္ဆိပ္ကမ္းက ေရယာဥ္ကို ဟိုဖက္ကေနလွမ္းပစ္တာ။ ေရယာဥ္ေတာ့ထိသြားတယ္။ မိနစ္ ၂၀ ေလာက္ ေသနတ္ေတြနဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြလည္းရွိခဲ့တယ္”ဟုေျပာသည္။
ေတာက္ကုတ္ၿမိဳ႕ ေ႐ႊလင္းယုန္ဆိပ္ကမ္းမွာ ၿမိဳ႕မွသြားလွ်င္ ၁၅ မိနစ္ၾကာခ်ိန္ရွိၿပီး ပစ္ခတ္မႈျဖစ္ပြါးသည္ေနရာသို႔ စစ္ေကာင္စီက စစ္ကား ၅စီးျဖင့္ ထြက္သြားခဲ့ေၾကာင္း အနီးအနားေနထိုင္သည့္ မ်က္ျမင္မ်ားက ေျပာသည္။
အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ ရခိုင္ျပည္နယ္ စစ္ေကာင္စီ၏ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေက်ာ္သူရႏွင့္ ရကၡိဳင့္တပ္ေတာ္ AA ၏ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခအား ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္းမရွိခဲ့ေပ။ ယင္းပစ္ခတ္မႈျဖစ္ပြါးၿပီးေနာက္ပိုင္းတြင္ ေတာင္ကုတ္ၿမိဳ႕မေစ်းက ေစ်းဆိုင္မ်ားအားလုံးကို ပိတ္လိုက္ၿပီး လမ္းမေပၚတြင္လည္း လူသြား လူလာနည္းသြားေၾကာင္း ေဒသခံမ်ားက ေျပာသည္။
လက္ရွိရခိုင္ေဒသအေျခေနမွာ စစ္ေကာင္စီဖက္မွ အရပ္သားေမာ္ေတာ္ယာဥ္မ်ား၊ ေရယာဥ္မ်ားကို အသုံးျပဳ၍ ရိကၡာႏွင့္ စစ္အင္အားတိုးခ်ဲ႕ျခင္းတို႔လုပ္ေဆာင္လ်က္ရွိၿပီး စစ္ေရးလႈပ္ရွားရာတြင္ အဓိကအေနျဖင့္ ေရလမ္းေၾကာင္းကိုသာ အသုံးျပဳမႈပိုမ်ားလာေနျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ စက္တင္ဘာ ၁၄ ရက္ကလည္း ေရေၾကာင္းမွေန၍ ကစၦပနဒီသေဘၤာကိုအသုံးျပဳကာ စစ္လက္နက္ႏွင့္လူအင္အားမ်ားကို စစ္ေတြမွ ေမာင္ေတာကညင္ေခ်ာင္းဖက္သို႔ပို႔ေဆာင္မႈရွိခဲ့သည္။
အဆိုပါအျခင္းအရာမ်ားေနာက္ပိုင္းတြင္ ရကၡိဳင့္တပ္ေတာ္ဖက္မွ ေရေၾကာင္းသြားလာသည့္ ေရယာဥ္မ်ားကို စစ္ေဆးမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္လာခဲ့သည္။ လက္ရွိရခိုင္ေဒသတြင္ စစ္ေကာင္စီတပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔မွာ စစ္ေရးအေျခေနဆက္လက္တင္းမာေနဆဲျဖစ္ၿပီး ႏွစ္ဖက္တိုက္ပြဲမ်ားလည္း ၿမိဳ႕နယ္အႏွံ႔ျဖစ္ပြားျဖစ္ပြားလ်က္ရွိေနသည္။
Western News-WN
စစ်ကောင်စီ၏ ထောက်ပို့ ရေယာဉ်တစ်စီးကို AA က ပစ်ခတ်
Westen News- စက်တင်ဘာ၊ ၁၆ ရက်
ရခိုင်ပြည်၊ တောင်ကုတ်မြို့ ချောင်းဝသို့ ဝင်လာသည့် စစ်ကောင်စီ၏ ထောက်ပို့ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော် AA က လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း အနီးအနား နေထိုင်သူများက ပြောသည်။
ယနေ့ စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၁ နာရီခန့်က ရက္ခိုင့်တပ်တော် AA ၏ တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်ကာ အရေအတွက်အားဖြင့် ၁၆ ချက်ခန့်ရှိကြောင်း ဆိပ်ကမ်းအနီးဝန်းကျင်မှ ဒေသခံတစ်ဦးကပြောသည်။
“လက်နက်ကြီးနဲ့အပစ်ခံရတာ ပထမ ၂ ချက်ပစ်တယ်။ စုစုပေါင်း ၁၆ ချက်လောက်ရှိမယ်။ သူတို့ ရေယာဉ်ကတော့ ထိသွားတယ်လို့သိရတယ်။ လက်နက်ငယ်တွေနဲ့လည်း တစ်လျှောက်ပစ်တယ်” ဟုပြောသည်။
စစ်ကောင်စီတပ်သားများမှာ တောင်ကုတ်မြို့ရှိ အဆိုပါရွှေလင်းယုန်ဆိပ်ကမ်းတွင် အသွားအလာအမြဲရှိပြီး လက်ရှိတွင်လည်း ရိက္ခာများတင်ဆောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။
ပစ်ခတ်ခံရသည့် ရေယာဉ်မှာထိခိုက်မှုရှိသွားပြီးနောက် မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုများလည်းရှိခဲ့ကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ဒီဖက်ဆိပ်ကမ်းက ရေယာဉ်ကို ဟိုဖက်ကနေလှမ်းပစ်တာ။ ရေယာဉ်တော့ထိသွားတယ်။ မိနစ် ၂၀ လောက် သေနတ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်”ဟုပြောသည်။
တောက်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းမှာ မြို့မှသွားလျှင် ၁၅ မိနစ်ကြာချိန်ရှိပြီး ပစ်ခတ်မှုဖြစ်ပွါးသည်နေရာသို့ စစ်ကောင်စီက စစ်ကား ၅စီးဖြင့် ထွက်သွားခဲ့ကြောင်း အနီးအနားနေထိုင်သည့် မျက်မြင်များက ပြောသည်။
အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ ယင်းပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်းတွင် တောင်ကုတ်မြို့မဈေးက ဈေးဆိုင်များအားလုံးကို ပိတ်လိုက်ပြီး လမ်းမပေါ်တွင်လည်း လူသွား လူလာနည်းသွားကြောင်း ဒေသခံများက ပြောသည်။
လက်ရှိရခိုင်ဒေသအခြေနေမှာ စစ်ကောင်စီဖက်မှ အရပ်သားမော်တော်ယာဉ်များ၊ ရေယာဉ်များကို အသုံးပြု၍ ရိက္ခာနှင့် စစ်အင်အားတိုးချဲ့ခြင်းတို့လုပ်ဆောင်လျက်ရှိပြီး စစ်ရေးလှုပ်ရှားရာတွင် အဓိကအနေဖြင့် ရေလမ်းကြောင်းကိုသာ အသုံးပြုမှုပိုများလာနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်ကလည်း ရေကြောင်းမှနေ၍ ကစ္ဆပနဒီသင်္ဘောကိုအသုံးပြုကာ စစ်လက်နက်နှင့်လူအင်အားများကို စစ်တွေမှ မောင်တောကညင်ချောင်းဖက်သို့ပို့ဆောင်မှုရှိခဲ့သည်။
အဆိုပါအခြင်းအရာများနောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်ဖက်မှ ရေကြောင်းသွားလာသည့် ရေယာဉ်များကို စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လာခဲ့သည်။ လက်ရှိရခိုင်ဒေသတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့မှာ စစ်ရေးအခြေနေဆက်လက်တင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများလည်း မြို့နယ်အနှံ့ဖြစ်ပွားဖြစ်ပွားလျက်ရှိနေသည်။
Western News-WN