ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးသြားေသာ ေရဦးခ႐ိုင္မႉး ဒုရဲမႉးႀကီး ဝင္းႏိုင္၏ အေလာင္း ယေန႔ အသုဘခ်သြားစဥ္ မိုင္းကြဲမႈ ျဖစ္၊ စကားမ်ား ရန္ျဖစ္ၿပီး စစ္ တပ္က ဒုရဲမႉးႀကီးဝင္းႏိုင္ကို ပစ္သတ္ဟုဆို
ရန္ကုန္၊ စက္တင္ဘာ ၁၆
စစ္ကိုင္းတိုင္း၊ ေရဦးၿမိဳ႕တြင္ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးသြားေသာ ေရဦးခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီး ဝင္းႏိုင္ကို ယေန႔ ညေနပိုင္း ေရဦးသုႆန္တြင္ အသု ဘခ် သၿဂိဳလ္ရန္ သြားစဥ္ မိုင္းကြဲမႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရွိသည္။
ေရဦးခ႐ိုင္ ရဲတပ္ဖြဲ႕မႉး ဒုရဲမႉးႀကီးဝင္းႏိုင္သည္ စက္တင္ဘာလ ၁၅ ရက္ေန႔ ညေနပိုင္းတြင္ ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးသြားၿပီး မိမိကိုယ္ကို သတ္ေသသည္ဟုလည္းေကာင္း၊ ပစ္ခတ္မႈျဖစ္ပြား၍ ေသဆုံးသည္ဟုလည္းေကာင္း သတင္းမ်ား အမ်ိဳးမ်ိဳး ထြက္ေပၚေနေၾကာင္း၊ ယေန႔ ညေန ၃ နာရီ ၂၀ မိနစ္အခ်ိန္ ေရဦးသုႆန္တြင္ သၿဂိဳလ္ရန္ အသုဘ ခ်သည့္လမ္းတြင္ မိုင္းကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
“ဒီေန႔ ညေန ၃နာရီ ၂၀မိနစ္ေလာက္ ေရဦးသုႆန္မွာ သၿဂိဳလ္တယ္။ နာေရး သုသာန္သြားတဲ့လမ္းမွာ မိုင္းကြဲတယ္။ အထိုအခိုက္ရွိမရွိ ေသခ်ာ မသိရေသးဘူးဗ်။ မိုင္းကြဲအၿပီး ေသနတ္ေတြနဲ႔ ရမ္းပစ္တာရွိတယ္။ စစ္တပ္က ရမ္းပစ္လို႔ ပုန္းေနရတယ္” ဟု ေရဦးဆုံမွတ္အဖြဲ႕မွ ျပန္ၾကားေရး တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဒုရဲမႉးႀကီး ဝင္းႏိုင္ေသဆုံးမႈကို သတ္ေသသည္ဟု သတင္းအမ်ားစုက ေဖာ္ျပေနၾကေသာ္လည္း ေဒသသတင္းရင္းျမစ္ႏွင့္ အျခားသတင္းရင္းျမစ္တခ်ိဳ႕က စကားမ်ား ရန္ျဖစ္ရာမွ ေသဆုံးျခင္းျဖစ္သည္ဟု ေျပာဆိုေနၾကသည္။
“က်ေနာ္တို႔ သတင္းအရင္ ၾကားတာက စကားမ်ားၿပီး ပစ္ခတ္လို႔ ေသတာလို႔ သိရတယ္” ဟု ေရဦးဆုံမွတ္အဖြဲ႕က ဆိုသည္။ အျခား ေရဦး ေဒသ သတင္း ရင္းျမစ္တစ္ခုကမူ ေရဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ စစ္တပ္ဘက္မွ ဗိုလ္မႉးက အရက္မူး စကားမ်ား ရန္ျဖစ္ၿပီး ေရဦး ခ႐ိုင္မႉး ဒုရဲမႉးႀကီး ဝင္းႏိုင္ကို ႐ုံးခန္းအတြင္း ဝင္ေရာက္ ပစ္ခတ္သျဖင့္ ေသဆုံးသြားသည္ဟုလည္း ဆိုသည္။
ရန္ကုန္ေခတ္သစ္အေနျဖင့္ ဒုရဲမႉးႀကီး ဝင္းႏိုင္ေသဆုံးသည့္ အေၾကာင္းအရာကို ဆက္လက္စုံစမ္းဆဲျဖစ္ၿပီး ေသနတ္ဒဏ္ရာျဖင့္ ေသဆုံးသည္ကိုသာ အ တည္ ျပဳႏိုင္ေသးသည္။
ယေန႔ ေန႔လယ္ပိုင္းတြင္ ေရဦးၿမိဳ႕ေပၚ စည္ပင္႐ုံးတြင္လည္း မိုင္းေပါက္ကြဲခဲ့ၿပီး စည္ပင္႐ုံး အုတ္တံတိုင္းမ်ား ၿပိဳက်သြားေၾကာင္း သိရွိရသည္။
သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ရေဦးခရိုင်မှူး ဒုရဲမှူးကြီး ဝင်းနိုင်၏ အလောင်း ယနေ့ အသုဘချသွားစဉ် မိုင်းကွဲမှု ဖြစ်၊ စကားများ ရန်ဖြစ်ပြီး စစ် တပ်က ဒုရဲမှူးကြီးဝင်းနိုင်ကို ပစ်သတ်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ရေဦးမြို့တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနိုင်ကို ယနေ့ ညနေပိုင်း ရေဦးသုဿန်တွင် အသု ဘချ သဂြိုလ်ရန် သွားစဉ် မိုင်းကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိသည်။
ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝင်းနိုင်သည် စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားပြီး မိမိကိုယ်ကို သတ်သေသည်ဟုလည်းကောင်း၊ ပစ်ခတ်မှုဖြစ်ပွား၍ သေဆုံးသည်ဟုလည်းကောင်း သတင်းများ အမျိုးမျိုး ထွက်ပေါ်နေကြောင်း၊ ယနေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန် ရေဦးသုဿန်တွင် သဂြိုလ်ရန် အသုဘ ချသည့်လမ်းတွင် မိုင်းကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီနေ့ ညနေ ၃နာရီ ၂၀မိနစ်လောက် ရေဦးသုဿန်မှာ သဂြိုလ်တယ်။ နာရေး သုသာန်သွားတဲ့လမ်းမှာ မိုင်းကွဲတယ်။ အထိုအခိုက်ရှိမရှိ သေချာ မသိရသေးဘူးဗျ။ မိုင်းကွဲအပြီး သေနတ်တွေနဲ့ ရမ်းပစ်တာရှိတယ်။ စစ်တပ်က ရမ်းပစ်လို့ ပုန်းနေရတယ်” ဟု ရေဦးဆုံမှတ်အဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒုရဲမှူးကြီး ဝင်းနိုင်သေဆုံးမှုကို သတ်သေသည်ဟု သတင်းအများစုက ဖော်ပြနေကြသော်လည်း ဒေသသတင်းရင်းမြစ်နှင့် အခြားသတင်းရင်းမြစ်တချို့က စကားများ ရန်ဖြစ်ရာမှ သေဆုံးခြင်းဖြစ်သည်ဟု ပြောဆိုနေကြသည်။
“ကျနော်တို့ သတင်းအရင် ကြားတာက စကားများပြီး ပစ်ခတ်လို့ သေတာလို့ သိရတယ်” ဟု ရေဦးဆုံမှတ်အဖွဲ့က ဆိုသည်။ အခြား ရေဦး ဒေသ သတင်း ရင်းမြစ်တစ်ခုကမူ ရေဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင် စစ်တပ်ဘက်မှ ဗိုလ်မှူးက အရက်မူး စကားများ ရန်ဖြစ်ပြီး ရေဦး ခရိုင်မှူး ဒုရဲမှူးကြီး ဝင်းနိုင်ကို ရုံးခန်းအတွင်း ဝင်ရောက် ပစ်ခတ်သဖြင့် သေဆုံးသွားသည်ဟုလည်း ဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် ဒုရဲမှူးကြီး ဝင်းနိုင်သေဆုံးသည့် အကြောင်းအရာကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးသည်ကိုသာ အ တည် ပြုနိုင်သေးသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ရေဦးမြို့ပေါ် စည်ပင်ရုံးတွင်လည်း မိုင်းပေါက်ကွဲခဲ့ပြီး စည်ပင်ရုံး အုတ်တံတိုင်းများ ပြိုကျသွားကြောင်း သိရှိရသည်။