Local News

စကစဗိုလ္ႀကီး အသ-တ္ခံရၿပီးေနာက္ ရဲေတြပါ အဖမ္းခံေနရလို႔ စခန္းမႉး ထြက္ေျပးေနရ၊

စကစဗိုလ္ႀကီး အသတ္ခံရၿပီးေနာက္ ရဲေတြပါ အဖမ္းခံေနရလို႔ စခန္းမႉး ထြက္ေျပးေနရ၊

MFP ၊ စက္တင္ဘာ – ၁၆

မႏၲေလးတိုင္း ျမင္းၿခံနယ္ ဆီမီးခုံၿမိဳ႕မွာ ေလာင္းကစားဝိုင္းက ျပန္လာတဲ့ စကစ သုံးပြင့္ ဗိုလ္ႀကီး ေအာင္ကိုကို ႏွင့္ တပည့္ျဖစ္သူတို႔ အသတ္ခံရၿပီးေနာက္ စစ္အုပ္စုက ေတြ႕သမွ်လူ ဖမ္းဆီးေနၿပီး ေနာက္ဆုံးအဆင့္ ဆီမီးခုံ ရဲစခန္းက ရဲတခ်ိဳ႕ကိုပါ ဖမ္းဆီး ညႇဥ္းပန္း ေငြညႇစ္ေနလို႔ ဆီမီးခုံစခန္းမႉး ထြက္ေျပးေနတယ္လို႔ ျမင္းၿခံ လူထုလႈပ္ရွားမႈ ေကာ္မတီက သတင္း ထုတ္ျပန္ပါတယ္။

စက္တင္ဘာ(၁၀) ရက္ ညေနပိုင္းက ဆီမီးခုံၿမိဳ႕ ေလာင္းကစားဝိုင္းက ျပန္လာတဲ့ စကစဗိုလ္ႀကီး ေအာင္ကိုကိုနဲ႔ တပည့္ျဖစ္သူတို႔ကို ဆီမီးခုံႏွင့္ ၾကည္႐ြာၾကားမွာ ေဒသကာကြယ္ေရးတပ္ေတြက သု-တ္-သင္ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီေန႔ ေန႔လယ္ပိုင္းမွာလည္း ဆီမီးခုံနယ္ ဆုံ႐ြာက ပ်ဴသုံးေယာက္ကိုလည္း ေဒသကာကြယ္ေရး တပ္ေတြက သု-တ္-သင္ ရွင္းလင္းခဲ့ပါတယ္။

အဲ့ဒီလို စကစ ဗိုလ္ႀကီးႏွင့္ ပ်ဴေတြ သု-တ္-သင္ ခံရၿပီးေနာက္ စစ္အုပ္စုက ဆီမီးခုံၿမိဳ႕ကို ညမထြက္ရ အမိန႔္ထုတ္ကာ ဆီမီးခုံၿမိဳ႕ေပၚႏွင့္ အနီးအနား ႐ြာေတြက ေဒသခံျပည္သူေတြကို ထင္တိုင္းက်ဲ ဖမ္းဆီးတာ၊ ညႇဥ္းပန္းႏွိပ္စက္တာ၊ ေငြညႇစ္တာေတြ က်ဴးလြန္ခဲ့ရာမွာ စက္တင္ဘာ(၁၀)ရက္ တစ္ညတည္းနဲ႔ပင္ ဆီမီးခုံၿမိဳ႕က လုပ္ငန္းရွင္ေတြႏွင့္ ဖက္ပင္အိုင္႐ြာ၊ ဂင္ဂဲ႐ြာတို႔က ျပည္သူေတြ စုစုေပါင္း လူ(၂၀) ထက္မနည္း ဖမ္းဆီးခံခဲ့ရတယ္လို႔ ဆိုပါတယ္။

“ရဲကေတာ့ ေလးငါးေယာက္ေလာက္ အဖမ္းခံထားရတယ္လို႔ ၾကားရတယ္၊ စခန္းမႉးဆိုလည္း အဲဒီေနာက္ေန႔ ကတည္းက ထြက္ေျပးေနတာ၊ သူတို႔ စစ္ေခြးေတြ အသတ္ခံရတာကို သတင္းေပးတယ္ဆိုၿပီး လိုက္ဖမ္းေနတယ္လို႔ သိရတယ္ “ လို႔ ျမင္းၿခံေဒသခံတစ္ဦးက ေျပာပါတယ္။

စစ္အုပ္စုက ေဒသခံျပည္သူေတြကို ဖမ္းဆီးေငြညႇစ္ၿပီးခ်ိန္မွာ ဆီမီးခုံရဲစခန္းက စစ္ေကာင္စီ သစၥာခံ ရဲေတြဘက္ လွည့္လာၿပီး ရဲတခ်ိဳ႕ကို ဖမ္းကာ ညႇဥ္းပန္းေနလို႔ စခန္းမႉး ထြက္ေျပးေနရတာလို႔ ဆိုပါတယ္။

ေလာင္းကစားဝိုင္းကေန ဆိုင္ကယ္နဲ႔ ျပန္လာတဲ့ စကစဗိုလ္ႀကီး ေအာင္ကိုကိုနဲ႔ ေနာက္လိုက္တစ္ေယာက္ကို ေဒသကာကြယ္ေရး တပ္ေတြျဖစ္တဲ့ ေနာင္႐ိုး အထူးေျပာက္က်ားတပ္-NYSGF၊ MGN Tiger၊ Scorpion၊ ဇာမဏီေျပာက္က်ားတပ္ဖြဲ႕နဲ႔

Bagan Nyaung Oo PDF တို႔ ပူးေပါင္းၿပီး သု-တ္-သင္ ရွင္းလင္းခဲ့ရာမွာ MA5 MK2 ပစၥတို ေသနတ္ တစ္လက္၊ က်ည္ ခုႏွစ္ေတာင့္၊ ေငြသုံးသိန္းနဲ႔ ဖုန္းႏွစ္လုံး သိမ္းဆည္း ရရွိခဲ့တယ္လို႔ ေနာင္႐ိုး တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

စကစဗိုလ်ကြီး အသတ်ခံရပြီးနောက် စကစရဲတွေပါ အဖမ်းခံနေရလို့ စခန်းမှူး ထွက်ပြေးနေရ၊

MFP ၊ စက်တင်ဘာ – ၁၆

မန္တလေးတိုင်း မြင်းခြံနယ် ဆီမီးခုံမြို့မှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ စကစ သုံးပွင့် ဗိုလ်ကြီး အောင်ကိုကို နှင့် တပည့်ဖြစ်သူတို့ အသတ်ခံရပြီးနောက် စစ်အုပ်စုက တွေ့သမျှလူ ဖမ်းဆီးနေပြီး နောက်ဆုံးအဆင့် ဆီမီးခုံ ရဲစခန်းက ရဲတချို့ကိုပါ ဖမ်းဆီး ညှဉ်းပန်း ငွေညှစ်နေလို့ ဆီမီးခုံစခန်းမှူး ထွက်ပြေးနေတယ်လို့ မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၀) ရက် ညနေပိုင်းက ဆီမီးခုံမြို့ လောင်းကစားဝိုင်းက ပြန်လာတဲ့ စကစဗိုလ်ကြီး အောင်ကိုကိုနဲ့ တပည့်ဖြစ်သူတို့ကို ဆီမီးခုံနှင့် ကြည်ရွာကြားမှာ ဒေသကာကွယ်ရေးတပ်တွေက သု-တ်-သင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း ဆီမီးခုံနယ် ဆုံရွာက ပျူသုံးယောက်ကိုလည်း ဒေသကာကွယ်ရေး တပ်တွေက သု-တ်-သင် ရှင်းလင်းခဲ့ပါတယ်။

အဲ့ဒီလို စကစ ဗိုလ်ကြီးနှင့် ပျူတွေ သု-တ်-သင် ခံရပြီးနောက် စစ်အုပ်စုက ဆီမီးခုံမြို့ကို ညမထွက်ရ အမိန့်ထုတ်ကာ ဆီမီးခုံမြို့ပေါ်နှင့် အနီးအနား ရွာတွေက ဒေသခံပြည်သူတွေကို ထင်တိုင်းကျဲ ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ ငွေညှစ်တာတွေ ကျူးလွန်ခဲ့ရာမှာ စက်တင်ဘာ(၁၀)ရက် တစ်ညတည်းနဲ့ပင် ဆီမီးခုံမြို့က လုပ်ငန်းရှင်တွေနှင့် ဖက်ပင်အိုင်ရွာ၊ ဂင်ဂဲရွာတို့က ပြည်သူတွေ စုစုပေါင်း လူ(၂၀) ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ရဲကတော့ လေးငါးယောက်လောက် အဖမ်းခံထားရတယ်လို့ ကြားရတယ်၊ စခန်းမှူးဆိုလည်း အဲဒီနောက်နေ့ ကတည်းက ထွက်ပြေးနေတာ၊ သူတို့ စစ်ခွေးတွေ အသတ်ခံရတာကို သတင်းပေးတယ်ဆိုပြီး လိုက်ဖမ်းနေတယ်လို့ သိရတယ် “ လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်ပြီးချိန်မှာ ဆီမီးခုံရဲစခန်းက စစ်ကောင်စီ သစ္စာခံ ရဲတွေဘက် လှည့်လာပြီး ရဲတချို့ကို ဖမ်းကာ ညှဉ်းပန်းနေလို့ စခန်းမှူး ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ စကစဗိုလ်ကြီး အောင်ကိုကိုနဲ့ နောက်လိုက်တစ်ယောက်ကို ဒေသကာကွယ်ရေး တပ်တွေဖြစ်တဲ့ နောင်ရိုး အထူးပြောက်ကျားတပ်-NYSGF၊ MGN Tiger၊ Scorpion၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့နဲ့

Bagan Nyaung Oo PDF တို့ ပူးပေါင်းပြီး သု-တ်-သင် ရှင်းလင်းခဲ့ရာမှာ MA5 MK2 ပစ္စတို သေနတ် တစ်လက်၊ ကျည် ခုနှစ်တောင့်၊ ငွေသုံးသိန်းနဲ့ ဖုန်းနှစ်လုံး သိမ်းဆည်း ရရှိခဲ့တယ်လို့ နောင်ရိုး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။