Local News

လူမႈကြန္ယက္ ​ေပၚ ျပန္႔ႏွံ႔လာတာနဲ႔ပတ္သက္ၿပီး ေဇာ္မင္းထြန္းျငင္းဆို

Mtube မွာ ညစ္ညမ္းဗီဒီယိုေတြ ျပသထားတယ္ဆိုတဲ့သတင္း မဟုတ္မွန္ဘူးလို႔ ေဇာ္မင္းထြန္းျငင္းဆို

ဧရာဝတီတိုင္းမ္

စက္တင္ဘာလ ၁၆ ရက္

စစ္ေကာင္စီကတီထြင္ေနတဲ့ Mtube လူမႈကြန္ယက္မွာ ညစ္ညမ္းဗီဒီယိုေတြျပသထားတယ္ဆိုတဲ့သတင္းဟာ မဟုတ္မွန္ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရ ေဇာ္မင္းထြန္းကေျပာဆိုလိုက္ပါတယ္။

ဒီကေန႔ စက္တင္ဘာ ၁၆ ရက္ မနက္ပိုင္းမွာ စစ္ေကာင္စီကအသုံးျပဳမယ္ဆိုတဲ့ You Tube အစား ထိုး Mtube လူမႈကြန္ယက္မွာ ညစ္ညမ္းဗီဒီယိုေတြျပသထားတယ္ဆိုတဲ့သတင္းေတြ လူမႈကြန္ယက္ ​ေပၚ ျပန္႔ႏွံ႔လာတာနဲ႔ပတ္သက္လို႔ Mtube ကစမ္းသပ္ေနတုန္းဘဲရွိေသးလို႔ မဟုတ္မွန္ဘူးလို႔ စစ္ေကာင္စီေျပာခြင့္ရက အခုလိုျငင္းဆိုလိုက္တာပါ။

Mtube platform အား စမ္းသပ္လုပ္ေဆာင္ဆဲအဆင့္တြင္သာ ရွိေနေသးၿပီး Mtubeမွာ ညစ္ညစ္းဗီဒီယိုေတြတင္ထားတဲ့သတင္းဟာမဟုတ္မွန္ဘဲ အမွန္တကယ္ အသုံးျပဳထုတ္လႊင့္မည့္အခ်ိန္ကို ဆက္လက္အသိေပးထုတ္ျပန္မယ္ လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက စစ္ေကာင္စီနဲ႔နီးစပ္တဲ့မီဒီယာေတြကိုေျပာဆိုခဲ့ပါတယ္။

စစ္ေကာင္စီဟာ ၄င္းတို႔ထုတ္ျပန္တဲ့သတင္းေတြ ႐ုပ္သံဖိုင္ေတြကို လူမႈကြန္ယက္မွာတင္တဲ့အေပၚ မၾကာခနျဖဳတ္ခ်ခံရၿပီး ၄င္းတို႔ဝါဒျဖန္႔ သတင္းမီဒီယာ Apk ေတြျဖဳတ္ခ်ခံေနရတာနဲ႔ပတ္သက္လို႔ နည္းပညာအႏိုင္က်င့္ခံေနရတယ္ဆိုၿပီး အခုလဆန္းပိုင္းကစလို႔ You Tube အစားထိုး Mtube Platform ကို တီထြင္အသုံးျပဳမယ္လို႔ ေျပာဆိုလာတာျဖစ္ပါတယ္။

ဒီကေန႔မနက္ပိုင္းမွာေတာ့ စစ္ေကာင္စီကအသုံးျပဳမယ္ဆိုတဲ့ Mtubeမွာ ညစ္ညမ္းဗီဒီယိုေတြတင္ထားတယ္ဆိုၿပီး စကရင္ေရွာ့ဓာတ္ပုံေတြနဲ႔ သတင္းေတြျပန္႔ႏွံ႔လာတာျဖစ္ပါတယ္။

AyeyarwaddyTimes

Mtube မှာ ညစ်ညမ်းဗီဒီယိုတွေ ပြသထားတယ်ဆိုတဲ့သတင်း မဟုတ်မှန်ဘူးလို့ ဇော်မင်းထွန်းငြင်းဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၆ ရက်

စစ်ကောင်စီကတီထွင်နေတဲ့ Mtube လူမှုကွန်ယက်မှာ ညစ်ညမ်းဗီဒီယိုတွေပြသထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကပြောဆိုလိုက်ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီကအသုံးပြုမယ်ဆိုတဲ့ You Tube အစား ထိုး Mtube လူမှုကွန်ယက်မှာ ညစ်ညမ်းဗီဒီယိုတွေပြသထားတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ယက် ပေါ် ပြန့်နှံ့လာတာနဲ့ပတ်သက်လို့ Mtube ကစမ်းသပ်နေတုန်းဘဲရှိသေးလို့ မဟုတ်မှန်ဘူးလို့ စစ်ကောင်စီပြောခွင့်ရက အခုလိုငြင်းဆိုလိုက်တာပါ။

Mtube platform အား စမ်းသပ်လုပ်ဆောင်ဆဲအဆင့်တွင်သာ ရှိနေသေးပြီး Mtubeမှာ ညစ်ညစ်းဗီဒီယိုတွေတင်ထားတဲ့သတင်းဟာမဟုတ်မှန်ဘဲ အမှန်တကယ် အသုံးပြုထုတ်လွှင့်မည့်အချိန်ကို ဆက်လက်အသိပေးထုတ်ပြန်မယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီနဲ့နီးစပ်တဲ့မီဒီယာတွေကိုပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ထုတ်ပြန်တဲ့သတင်းတွေ ရုပ်သံဖိုင်တွေကို လူမှုကွန်ယက်မှာတင်တဲ့အပေါ် မကြာခနဖြုတ်ချခံရပြီး ၎င်းတို့ဝါဒဖြန့် သတင်းမီဒီယာ Apk တွေဖြုတ်ချခံနေရတာနဲ့ပတ်သက်လို့ နည်းပညာအနိုင်ကျင့်ခံနေရတယ်ဆိုပြီး အခုလဆန်းပိုင်းကစလို့ You Tube အစားထိုး Mtube Platform ကို တီထွင်အသုံးပြုမယ်လို့ ပြောဆိုလာတာဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီကအသုံးပြုမယ်ဆိုတဲ့ Mtubeမှာ ညစ်ညမ်းဗီဒီယိုတွေတင်ထားတယ်ဆိုပြီး စကရင်ရှော့ဓာတ်ပုံတွေနဲ့ သတင်းတွေပြန့်နှံ့လာတာဖြစ်ပါတယ်။

AyeyarwaddyTimes