Local News

သမၼတဦးဝင္းျမင့္၊ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ႏိုင္ငံ့ေခါင္းေဆာင္မ်ားအျဖစ္ ကုလသမဂၢ ဆက္လက္အသိအမွတ္ျပဳထား

သမၼတဦးဝင္းျမင့္၊ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ႏိုင္ငံ့ေခါင္းေဆာင္မ်ားအျဖစ္ ကုလသမဂၢ ဆက္လက္အသိအမွတ္ျပဳထား

လီလီယန္/People’s Spring

ကုလသမဂၢသည္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံ့ေခါင္းေဆာင္မ်ားအျဖစ္ ႏိုင္ငံေတာ္သမၼတဦး၀င္းျမင့္၊ ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ၎တို႔၏ အမည္စာရင္းစာအုပ္(Blue Book)၌ ဆက္လက္အသိအမွတ္ျပဳေဖာ္ျပထားေၾကာင္း ျမန္မာသံအမတ္ႀကီးဦးေက်ာ္မိုးထြန္းက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ တရားမ၀င္စစ္အာဏာသိမ္းမႈ ၁၉ လ ေရာက္ရွိလာခ်ိန္အထိ မင္းေအာင္လႈိင္ေခါင္းေဆာင္ေသာ စစ္ေကာင္စီသည္ ကုလသမဂၢႏွင့္ ႏိုင္ငံတကာသံတမန္ဆက္ဆံေရးတြင္ အသိအမွတ္ျပဳမခံရေသးဘဲ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ခံ အရပ္သားအစိုးရကိုသာ ကုလသမဂၢႏွင့္ ႏိုင္ငံတကာက လက္ခံထားျခင္းျဖစ္သည္။

“ကုလသမဂၢမွာ ကြၽန္ေတာ္တို႔ အေခၚ Blue Book ရွိတယ္ေပါ့။ ကုလသမဂၢ Blue Book မွာ သက္ဆိုင္ရာ အဖြဲ႕၀င္ႏိုင္ငံေတြရဲ႕ ႏိုင္ငံ့ေခါင္းေဆာင္ေတြ၊ အစိုးရအဖြဲ႕ေခါင္းေဆာင္ေတြ၊ ႏိုင္ငံျခားေရး၀န္ႀကီးေတြရဲ႕ အမည္ကို အၿမဲတမ္းေဖာ္ျပေလ့ရွိတယ္။ အၿမဲတမ္းကိုယ္စားလွယ္(သံအမတ္ႀကီး)အမည္ပါ အပါ။

အခု ကုလသမဂၢ Blue Book ထဲမွာေတာ့ သမၼတအေနနဲ႔ သမၼတႀကီး ဦးဝင္းျမင့္ရွိတယ္၊ ႏိုင္ငံျခားေရး၀န္ႀကီးအေနနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရွိတယ္။ ဒါေၾကာင့္ ဒီနာမည္ေတြေတာ့ ဆက္ရွိေနတယ္” ဟု ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက People’s Spring ႏွင့္ သီးသန႔္ေမးျမန္းခန္းတြင္ ေျပာသည္။

အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီသည္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ထံ အဆိုပါ ႏိုင္ငံ့ေခါင္းေဆာင္အမည္စာရင္းကို မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ၎၏အစိုးရအဖြဲ႕ အမည္ကို ေျပာင္းလဲရန္ တိုက္႐ိုက္စာပို႔ခဲ့ေသာ္လည္း အတြင္းေရးမႉးခ်ဳပ္က ၎တို႔ကို အသိအမွတ္မျပဳ၍ စစ္ေကာင္စီ၏ေတာင္းဆိုခ်က္ကို အေရးယူေဆာင္႐ြက္ျခင္းမရွိခဲ့ေပ။

“ဘယ္လိုပဲ စကစကေန အေၾကာင္းၾကားသည္ျဖစ္ေစ အတြင္းေရး မႉးခ်ဳပ္ကိုယ္တိုင္လည္း စစ္တပ္အာဏာသိမ္းမႈ ကနဦးပိုင္းမွာ ေျပာထားတာရွိတယ္။ ဒီေခတ္ႀကီးမွာ စစ္အာဏာသိမ္းမႈကို လုံး၀လက္မခံဘူး။ စစ္အာဏာသိမ္းမႈဟာ ဘယ္ေတာ့မွ မေအာင္ျမင္ရဘူးဆိုတာ ေျပာထားတဲ့အတြက္ ဒါေတြဟာ ကြၽန္ေတာ္တို႔အတြက္ အရမ္းအားျဖစ္ေစပါတယ္ဆိုတာကို ျဖည့္စြက္ေျပာၾကားလိုပါတယ္ဗ်” ဟု ဦးေက်ာ္မိုးထြန္းက ဆိုသည္။

ျမန္မာျပည္သူလူထု ေ႐ြးခ်ယ္တင္ေျမႇာက္ထားသည့္ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ေသာ အရပ္သားအစိုးရကို ကုလသမဂၢသာမက အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္ ႏွင့္ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕ကလည္း ဆက္လက္အသိအမွတ္ျပဳထားၿပီး အၾကမ္းဖက္စစ္ေကာင္စီကို အသိအမွတ္မျပဳျခင္း၊ သံတမန္အဆင့္ေလွ်ာ့ခ်ဆက္ဆံျခင္း မ်ား လုပ္ေဆာင္ထားသည္။

လူထုေႏြဦး

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံ့ခေါင်းဆောင်များအဖြစ် ကုလသမဂ္ဂ ဆက်လက်အသိအမှတ်ပြုထား

လီလီယန်/People’s Spring

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်များအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ၎င်းတို့၏ အမည်စာရင်းစာအုပ်(Blue Book)၌ ဆက်လက်အသိအမှတ်ပြုဖော်ပြထားကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ၁၉ လ ရောက်ရှိလာချိန်အထိ မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင် အသိအမှတ်ပြုမခံရသေးဘဲ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အရပ်သားအစိုးရကိုသာ ကုလသမဂ္ဂနှင့် နိုင်ငံတကာက လက်ခံထားခြင်းဖြစ်သည်။

“ကုလသမဂ္ဂမှာ ကျွန်တော်တို့ အခေါ် Blue Book ရှိတယ်ပေါ့။ ကုလသမဂ္ဂ Blue Book မှာ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အမည်ကို အမြဲတမ်းဖော်ပြလေ့ရှိတယ်။ အမြဲတမ်းကိုယ်စားလှယ်(သံအမတ်ကြီး)အမည်ပါ အပါ။

အခု ကုလသမဂ္ဂ Blue Book ထဲမှာတော့ သမ္မတအနေနဲ့ သမ္မတကြီး ဦးဝင်းမြင့်ရှိတယ်၊ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ ဒါကြောင့် ဒီနာမည်တွေတော့ ဆက်ရှိနေတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက People’s Spring နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ အဆိုပါ နိုင်ငံ့ခေါင်းဆောင်အမည်စာရင်းကို မင်းအောင်လှိုင် ဦးဆောင်သော ၎င်း၏အစိုးရအဖွဲ့ အမည်ကို ပြောင်းလဲရန် တိုက်ရိုက်စာပို့ခဲ့သော်လည်း အတွင်းရေးမှူးချုပ်က ၎င်းတို့ကို အသိအမှတ်မပြု၍ စစ်ကောင်စီ၏တောင်းဆိုချက်ကို အရေးယူဆောင်ရွက်ခြင်းမရှိခဲ့ပေ။

“ဘယ်လိုပဲ စကစကနေ အကြောင်းကြားသည်ဖြစ်စေ အတွင်းရေး မှူးချုပ်ကိုယ်တိုင်လည်း စစ်တပ်အာဏာသိမ်းမှု ကနဦးပိုင်းမှာ ပြောထားတာရှိတယ်။ ဒီခေတ်ကြီးမှာ စစ်အာဏာသိမ်းမှုကို လုံးဝလက်မခံဘူး။ စစ်အာဏာသိမ်းမှုဟာ ဘယ်တော့မှ မအောင်မြင်ရဘူးဆိုတာ ပြောထားတဲ့အတွက် ဒါတွေဟာ ကျွန်တော်တို့အတွက် အရမ်းအားဖြစ်စေပါတယ်ဆိုတာကို ဖြည့်စွက်ပြောကြားလိုပါတယ်ဗျ” ဟု ဦးကျော်မိုးထွန်းက ဆိုသည်။

မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရကို ကုလသမဂ္ဂသာမက အမေရိကန်၊ ကနေဒါ၊ ဗြိတိန် နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့ကလည်း ဆက်လက်အသိအမှတ်ပြုထားပြီး အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်မပြုခြင်း၊ သံတမန်အဆင့်လျှော့ချဆက်ဆံခြင်း များ လုပ်ဆောင်ထားသည်။

လူထုနွေဦး