Local News

မီးရထားစက္႐ုံမွ ႐ုံးအုပ္အမ်ိဳးသမီး

မီးရထားစက္႐ုံမွ ႐ုံးအုပ္အမ်ိဳးသမီး ပ-စ္သ-တ္ခံရ

မႏၲေလး(မဇၥ်ိမ)။ ။ မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္ ျမစ္ငယ္ၿမိဳ႕ မီးရထားစက္႐ုံ၊ အေထြေထြမန္ေနဂ်ာ႐ုံးမွ ႐ုံးအုပ္ႀကီးျဖစ္သူ ယေန႔ညေနပိုင္းတြင္ ေနအိမ္ေရွ႕လမ္းေပၚ၌ ပစ္သတ္ခံလိုက္ရေၾကာင္း သတင္းရရွိသည္။

ယေန႔ စက္တင္ဘာ ၁၆ ရက္၊ ညေန ၅ နာရီေက်ာ္ခန္႔တြင္၊ ၎ခင္ပြန္းျဖစ္သူႏွင့္အတူ ႐ုံးဆင္းအိမ္ျပန္လာစဥ္ အိမ္ေရွ႕အေရာက္ ပစ္သတ္ခံလိုက္ရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားကေျပာသည္။

“ေနာက္ကေနလိုက္လာၿပီး ေသနတ္နဲ႔ပစ္သြားတာပါ၊ ေနရာမွာတင္ေသပါတယ္၊ သူ႔အမ်ိဳးသားလည္း နည္းနည္းထိထား တယ္” ဟု အခင္းျဖစ္ေနရာအနီးေနထိုင္သူက ေျပာသည္။

အသတ္ခံရသူသည္ အမရပူရၿမိဳ႕နယ္ စာတိုးစက္ေကြ႕ရပ္ကြက္ေန၊ ေဒၚၾကဴၾကဴစန္း(အသက္ငါးဆယ္၀န္းက်င္)ျဖစ္ၿပီး၊ ျမစ္ငယ္ၿမိဳ႕ ျမန္မာ့မီးရထားစက္႐ုံ လူစီးတြဲႏွင့္ ကုန္တြဲစက္႐ုံ အေထြေထြမန္ေနဂ်ာ႐ုံးမွ ႐ုံးအုပ္ႀကီးရာထူး တာ၀န္ယူထားသူျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။

၎သည္ ယေန႔ညေနပိုင္းက ခင္ပြန္းျဖစ္သူႏွင့္အတူ စက္႐ုံမွေနအိမ္သို႔ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ျပန္လာခ်ိန္ ေနအိမ္ေရွ႕အေရာက္ဆိုင္ကယ္ေပၚမွဆင္းဟန္ျပင္စဥ္ ေနာက္ကေနလိုက္လာေသာ ဆိုင္ကယ္စီးေသနတ္သမားႏွစ္ဦးက ေနာက္ေစ့ကိုေသနတ္ျဖင့္ပစ္လိုက္ျခင္းျဖစ္ ေၾကာင္းျဖစ္ေၾကာင္းသိရသည္။

မည္သည့္အဖြဲ႕အစည္းက ပစ္သတ္သြားျခင္းျဖစ္ေၾကာင္း မသိရေသးဘဲ၊ စစ္ေကာင္စီလက္ေအာက္ခံ ျမစ္ငယ္မီးရထားစက္႐ုံသည္ CDM မီးရထား၀န္ထမ္းမ်ားအား ဖိႏွိပ္ေနတာေၾကာင့္၊ ပစ္သတ္သြားျခင္းျဖစ္ႏိုင္ေၾကာင္း ေဒသခံမ်ားကသုံးသပ္ေျပာဆို ေနၾကသည္။

စာတည္း – သန္႔ေဇာ္(သန္လ်င္)

mizzima

မီးရထားစက်ရုံမှ ရုံးအုပ်အမျိုးသမီး ပ-စ်သ-တ်ခံရ

မန္တလေး(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ အမရပူရမြို့နယ် မြစ်ငယ်မြို့ မီးရထားစက်ရုံ၊ အထွေထွေမန်နေဂျာရုံးမှ ရုံးအုပ်ကြီးဖြစ်သူ ယနေ့ညနေပိုင်းတွင် နေအိမ်ရှေ့လမ်းပေါ်၌ ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယနေ့ စက်တင်ဘာ ၁၆ ရက်၊ ညနေ ၅ နာရီကျော်ခန့်တွင်၊ ၎င်းခင်ပွန်းဖြစ်သူနှင့်အတူ ရုံးဆင်းအိမ်ပြန်လာစဉ် အိမ်ရှေ့အရောက် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“နောက်ကနေလိုက်လာပြီး သေနတ်နဲ့ပစ်သွားတာပါ၊ နေရာမှာတင်သေပါတယ်၊ သူ့အမျိုးသားလည်း နည်းနည်းထိထား တယ်” ဟု အခင်းဖြစ်နေရာအနီးနေထိုင်သူက ပြောသည်။

အသတ်ခံရသူသည် အမရပူရမြို့နယ် စာတိုးစက်ကွေ့ရပ်ကွက်နေ၊ ဒေါ်ကြူကြူစန်း(အသက်ငါးဆယ်ဝန်းကျင်)ဖြစ်ပြီး၊ မြစ်ငယ်မြို့ မြန်မာ့မီးရထားစက်ရုံ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ အထွေထွေမန်နေဂျာရုံးမှ ရုံးအုပ်ကြီးရာထူး တာဝန်ယူထားသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

၎င်းသည် ယနေ့ညနေပိုင်းက ခင်ပွန်းဖြစ်သူနှင့်အတူ စက်ရုံမှနေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့်ပြန်လာချိန် နေအိမ်ရှေ့အရောက်ဆိုင်ကယ်ပေါ်မှဆင်းဟန်ပြင်စဉ် နောက်ကနေလိုက်လာသော ဆိုင်ကယ်စီးသေနတ်သမားနှစ်ဦးက နောက်စေ့ကိုသေနတ်ဖြင့်ပစ်လိုက်ခြင်းဖြစ် ကြောင်းဖြစ်ကြောင်းသိရသည်။

မည်သည့်အဖွဲ့အစည်းက ပစ်သတ်သွားခြင်းဖြစ်ကြောင်း မသိရသေးဘဲ၊ စစ်ကောင်စီလက်အောက်ခံ မြစ်ငယ်မီးရထားစက်ရုံသည် CDM မီးရထားဝန်ထမ်းများအား ဖိနှိပ်နေတာကြောင့်၊ ပစ်သတ်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆို နေကြသည်။

စာတည်း – သန့်ဇော်(သန်လျင်)

mizzima