ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မယ္ဖလာေက်း႐ြာေက်ာင္းကို ဆရာတစ္ဦးတည္းျဖင့္ ဖြင့္လွစ္သင္ၾကားေပးေန
ေကအိုင္စီ
ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ မယ္ဖလာ(ကိုယ္ဒူခြဲ) ေက်း႐ြာအေျခခံပညာမူလတန္းေက်ာင္းကို ယခုႏွစ္ပညာသင္ႏွစ္တြင္ ကိုယ္ထူကိုယ္ထေက်ာင္းအျဖစ္ ေစတနာ့ဝန္ထမ္း ေက်ာင္းဆရာတစ္ဦးက စတင္ဖြင့္လွစ္သင္ၾကားေပးေနသည္ဟု ေက်ာင္းတာဝန္ရွိသူမ်ားထံမွ သိရသည္။
ကိုဗစ္ကပ္ေရာဂါကူးစက္ျပန႔္ပြားမႈႏွင့္ ႏိုင္ငံေရးအေျခအေနေၾကာင့္ ၂ ႏွစ္ေက်ာ္ၾကာ စာသင္ေက်ာင္းမ်ား ပိတ္ထားခဲ့ရ၍ ေက်း႐ြာအသီးသီးမွ ေက်ာင္းေနအ႐ြယ္ကေလးမ်ား ပညာသင္ယူခြင့္ ေနာက္က်က်န္ ေနသည့္အတြက္
ဌာေနကေလးမ်ားအားလုံး စာသင္ယူတတ္ေျမာက္ႏိုင္ေအာင္ ယခုလို ကိုယ္ထူကိုယ္ထအစီအစဥ္ ျဖင့္ ဖြင့္လွစ္သင္ၾကားေပးရျခင္းျဖစ္သည္ဟု ေက်ာင္းတာဝန္ရွိသူတစ္ဦးက ေကအိုင္စီ သို႔ေျပာသည္။
“ သူငယ္တန္းကေန ေလးတန္းအထိ ကေလး ၂၉ ေယာက္ရွိတယ္။ အတန္းခြဲအားလုံးကို ဆရာတစ္ ေယာက္ထဲကပဲ သင္ၾကားေပးေန တယ္ေပါ့ေနာ္။ တိုင္းရင္းသားစာေပအတြက္ကေတာ့ ဆရာမတစ္ေယာက္က လာသင္ေပးတယ္။ သင္ေထာက္ ကူပစၥည္းေတြ စာေရးခုံေတြ လိုအပ္တယ္။
ေက်ာင္းေဆာင္ကလည္း က်ဥ္းၾကပ္ေနေတာ့ အခက္ခဲရွိတယ္။ ခုေတာ့ ရွိတဲ့အင္အားနဲ႔ပဲ ကေလးေတြစာတတ္ေျမာက္ေအာင္ ႀကိဳးစားလုပ္ေပးေနတယ္”ဟု အမည္မေဖာ္လိုသူ ေက်ာင္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိ စစ္ေရးႏွင့္ ႏိုင္ငံေရးအေျခေနေၾကာင့္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ရွိ ေက်း႐ြာအသီးသီးမွ စာသင္ေက်ာင္းအမ်ားစုမွာ ပုံမွန္ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္းမရွိေသးဘဲ ဖြင့္လွစ္ႏိုင္သည့္ ေက်း႐ြာစာသင္ ေက်ာင္းအခ်ိဳ႕လည္း ကိုယ္ထူကိုယ္ထသင္ၾကားေရးအစီအစဥ္ျဖင့္သာ ဖြင့္လွစ္ႏိုင္ၾကသည္ဟု သိရသည္။ KIC
ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာကျေးရွာကျောင်းကို ဆရာတစ်ဦးတည်းဖြင့် ဖွင့်လှစ်သင်ကြားပေးနေ
ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် မယ်ဖလာ(ကိုယ်ဒူခွဲ) ကျေးရွာအခြေခံပညာမူလတန်းကျောင်းကို ယခုနှစ်ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းအဖြစ် စေတနာ့ဝန်ထမ်း ကျောင်းဆရာတစ်ဦးက စတင်ဖွင့်လှစ်သင်ကြားပေးနေသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် နိုင်ငံရေးအခြေအနေကြောင့် ၂ နှစ်ကျော်ကြာ စာသင်ကျောင်းများ ပိတ်ထားခဲ့ရ၍ ကျေးရွာအသီးသီးမှ ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူခွင့် နောက်ကျကျန် နေသည့်အတွက်
ဌာနေကလေးများအားလုံး စာသင်ယူတတ်မြောက်နိုင်အောင် ယခုလို ကိုယ်ထူကိုယ်ထအစီအစဉ် ဖြင့် ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်သည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။
“ သူငယ်တန်းကနေ လေးတန်းအထိ ကလေး ၂၉ ယောက်ရှိတယ်။ အတန်းခွဲအားလုံးကို ဆရာတစ် ယောက်ထဲကပဲ သင်ကြားပေးနေ တယ်ပေါ့နော်။ တိုင်းရင်းသားစာပေအတွက်ကတော့ ဆရာမတစ်ယောက်က လာသင်ပေးတယ်။ သင်ထောက် ကူပစ္စည်းတွေ စာရေးခုံတွေ လိုအပ်တယ်။
ကျောင်းဆောင်ကလည်း ကျဉ်းကြပ်နေတော့ အခက်ခဲရှိတယ်။ ခုတော့ ရှိတဲ့အင်အားနဲ့ပဲ ကလေးတွေစာတတ်မြောက်အောင် ကြိုးစားလုပ်ပေးနေတယ်”ဟု အမည်မဖော်လိုသူ ကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ စစ်ရေးနှင့် နိုင်ငံရေးအခြေနေကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာအသီးသီးမှ စာသင်ကျောင်းအများစုမှာ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ ဖွင့်လှစ်နိုင်သည့် ကျေးရွာစာသင် ကျောင်းအချို့လည်း ကိုယ်ထူကိုယ်ထသင်ကြားရေးအစီအစဉ်ဖြင့်သာ ဖွင့်လှစ်နိုင်ကြသည်ဟု သိရသည်။ KIC