News

စဉ့်ကူးတွင် တန်ပိုဂိတ်များအားလုံးအောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်ရန် PDF သတိပေး

စဉ့်ကူးတွင် တန်ပိုဂိတ်များအားလုံးအောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်ရန် PDF သတိပေး

စန္ဒီ/People’s Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီအား စီစီတီဗွီမှတ်တမ်းများပေးနေသည့် တန်ပိုဂိတ်များအားလုံး အောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်သိမ်းရန် စဉ့်ကူးအခြေစိုက် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ တန်ပိုစစ်​ဆေးရေးတိုးဂိတ်များအနေဖြင့် တော်လှန်ရေးသမားများအားဖမ်းဆီးနိုင်ရေး စီစီတီဗွီ သတင်းအချက်အလက်များအား စစ်ကောင်စီတပ်နှင့်ရဲများထံရောက်ရှိစေရန် ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရကြောင်း စဥ့်ကူးအခြေစိုက် သမန်းကျားပြောက် ကျားတပ်ဖွဲ့က ယမန်နေ့စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသိပေးသည်။

ထို့ကြောင့် စဥ့်ကူးမြို့နယ်ရှိ တန်ပိုဂိတ်များ အောက်တိုဘာ ၅ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းရန် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

“ဝန်ထမ်းများ တခြားအလုပ်ပြောင်းလုပ်ကြပါရန်တောင်းပန်အပ်ပါသည်။ ဆန္ဒပြစဥ်က လက်သုံးချောင်းထောင်ပြထားခြင်းအတွက် သက်ညှာပါသည်။ ဝန်ထမ်းများတခြားအလုပ် ရှာကြပါ။”ဟု သမန်းကျားပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းသည်။

ကြေညာချက်ကိုမလိုက်နာဘဲ ကန့်သတ်ရက် ကျော်လွန်ပါက တာဝန်မယူကြောင်း သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

မိုးကုတ်-မန္တလေးလမ်းပိုင်း၌ တွေ့ရသော တန်ပိုစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj

စဥ့္ကူးတြင္ တန္ပိုဂိတ္မ်ားအားလုံးေအာက္တိုဘာ ၅ ရက္ေနာက္ဆုံးထားပိတ္ရန္ PDF သတိေပး

စႏၵီ/People’s Spring

မႏၲေလးတိုင္း၊ စဥ့္ကူးၿမိဳ႕နယ္အတြင္း စစ္ေကာင္စီအား စီစီတီဗြီမွတ္တမ္းမ်ားေပးေနသည့္ တန္ပိုဂိတ္မ်ားအားလုံး ေအာက္တိုဘာ ၅ ရက္ေနာက္ဆုံးထားပိတ္သိမ္းရန္ စဥ့္ကူးအေျခစိုက္ သမန္းက်ားေျပာက္က်ားတပ္ဖြဲ႕က သတိေပးလိုက္သည္။

စဥ့္ကူးၿမိဳ႕နယ္အတြင္းရွိ တန္ပိုစစ္​ေဆးေရးတိုးဂိတ္မ်ားအေနျဖင့္ ေတာ္လွန္ေရးသမားမ်ားအားဖမ္းဆီးႏိုင္ေရး စီစီတီဗြီ သတင္းအခ်က္အလက္မ်ားအား စစ္ေကာင္စီတပ္ႏွင့္ရဲမ်ားထံေရာက္ရွိေစရန္ ပူးေပါင္းလုပ္ေဆာင္ေနသည္ဟု သိရေၾကာင္း စဥ့္ကူးအေျခစိုက္ သမန္းက်ားေျပာက္ က်ားတပ္ဖြဲ႕က ယမန္ေန႔စက္တင္ဘာလ ၁၆ ရက္ေန႔တြင္ အသိေပးသည္။

ထို႔ေၾကာင့္ စဥ့္ကူးၿမိဳ႕နယ္ရွိ တန္ပိုဂိတ္မ်ား ေအာက္တိုဘာ ၅ ရက္ ေနာက္ဆုံးထားၿပီး ဖ်က္သိမ္းရန္ သမန္းက်ားေျပာက္က်ားတပ္ဖြဲ႕က သတိေပးသည္။

“ဝန္ထမ္းမ်ား တျခားအလုပ္ေျပာင္းလုပ္ၾကပါရန္ေတာင္းပန္အပ္ပါသည္။ ဆႏၵျပစဥ္က လက္သုံးေခ်ာင္းေထာင္ျပထားျခင္းအတြက္ သက္ညႇာပါသည္။ ဝန္ထမ္းမ်ားတျခားအလုပ္ ရွာၾကပါ။”ဟု သမန္းက်ားေျပာက္က်ားတပ္ဖြဲ႕က တိုက္တြန္းသည္။

ေၾကညာခ်က္ကိုမလိုက္နာဘဲ ကန္႔သတ္ရက္ ေက်ာ္လြန္ပါက တာဝန္မယူေၾကာင္း သမန္းက်ားေျပာက္က်ားတပ္ဖြဲ႕က သတိေပးထားသည္။

စဥ့္ကူးၿမိဳ႕နယ္သည္ မိုးကုတ္-မႏၲေလးလမ္းပိုင္းေပၚ၌ တည္ရွိၿပီး ရွမ္းျပည္နယ္ႏွင့္စစ္ကိုင္းတိုင္းသို႔သြားေသာ စစ္ေကာင္စီယာဥ္မ်ား ျဖတ္သန္းသြားေလ့ရွိသည္။

မိုးကုတ္-မႏၲေလးလမ္းပိုင္း၌ ေတြ႕ရေသာ တန္ပိုစစ္ေဆးေရးဂိတ္တစ္ခုအား ေတြ႕ရစဥ္၊ဓာတ္ပုံ-Cj