News

ဒီပဲယင်းမှာ ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ရဟတ်ယာဉ် သုံးစီးနဲ့ ခေါင်းစိုက်ထိုးပြီး ပစ်ခတ်၊ကလေးငယ် ငါးဦးနှင့် ပြည်သူ လေးဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရတဲ့ ဒီပဲယင်း လက်ယက်ကုန်းရွာ ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်ခံရမှု ဖြစ်စဉ် မေးမြန်းချက်၊

ဒီပဲယင်းမှာ ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ရဟတ်ယာဉ် သုံးစီးနဲ့ ခေါင်းစိုက်ထိုးပြီး ပစ်ခတ်၊

ရဟတ်ယာဉ်နှစ်စီးက လူချပေးပြီး အဲ့ဒီ စကစတွေကလည်း တရွာလုံးကို တရစပ် ပစ်ခတ်၊

ဒီပဲယင်း လက်ယက်ကုန်းရွာကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီးနဲ့ စီးနင်းပစ်ခတ်မှု ကလေးငယ်တွေ အပါအဝင် ကိုးဦး သေဆုံး၊

ကလေးငယ် ငါးဦးနှင့် ပြည်သူ လေးဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရတဲ့ ဒီပဲယင်း လက်ယက်ကုန်းရွာ ရဟတ်ယာဉ် ငါးစီးနဲ့ ပစ်ခတ်ခံရမှု ဖြစ်စဉ် မေးမြန်းချက်၊

MFP ၊ ဩဂုတ် – ၁၇

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းထဲ စာသင်နေတဲ့ ကလေးတွေကို စစ်အုပ်စုက ရဟတ်ယာဉ် သုံးစီးနဲ့ ခေါင်းတည်ပြီး ပစ်ခတ်သ-တ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး အဖွဲ့ တာဝန်ရှီသူတစ်ဦးကို MFP က ဆက်သွယ် မေးမြန်းထားပါတယ်။

စက်တင်ဘာ(၁၆)ရက် နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်အုပ်စုက ရဟတ်ယာဉ် ငါးစီးနဲ့ လာရောက် စီးနင်းပြီး ကလေးငယ်တွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်းကို ရဟတ်ယာဉ်သုံးစီးနဲ့ နာရီဝက်ကျော်ကြာ ခေါင်းစိုက်ထိုးပြီး ပစ်ခတ်ရာ အသက်ငါးနှစ်ကျော်အရွယ် ကလေးငယ် လေးဦး သေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒါ့အပြင် ရဟတ်ယာဉ် နှစ်စီးက စကစတွေကို ချထားပေးပြီး အဲ့ဒီ စကစတွေကလည်း လက်ယက်ကုန်းရွာထဲ တရစပ် ဝင်ရောက် ပစ်ခတ်ရာ အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ငါးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ မနေ့က စက်တင်ဘာ(၁၆)ရက် နေ့လည်(၁)နာရီကျော်က စတင်ပြီး ဒီပဲယင်းမြိုကနယ် အရှေ့ခြမ်းက လက်ယက်ကုန်းရွာကို ရဟတ်ယာဉ် ငါးစီးနဲ့ ထင်တိုင်းကျဲ စီးနင်း ပစ်ခတ်ခဲ့ရာ စာသင်နေတဲ့ ကလေးငယ်တွေ အပါအဝင် ကလေးငယ် ငါးဦးနှင့် လူကြီး လေးဦး၊ စုစုပေါင်း ကိုးဦး သေဆုံးပြီး (၂၂)ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြည်သူတွေ ထွက်ပြေးနေရပြီး စစ်အုပ်စုက ဒဏ်ရာရတဲ့ ကလေးငယ်တွေနှင့် ဆရာ၊ဆရာမတွေ အပါအဝင် ဒေသခံ အများအပြားကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

“ရဟတ်ယာဉ်တွေကို ခေါင်းစိုက်ပြီး ရှယ်ကို ပစ်တာဗျာ။ ပြည်သူတွေ၊ ကလေးတွေ ထိခိုက်သေဆုံးမှု ရှိပါတယ်။ စစ်ခွေးတွေက ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးမယ်ဆိုပြီး ကား‌တွေနဲ့ ခေါ်သွားပါတယ်။

ကလေးတွေ သေတာ ငါးယောက်မကပါဘူး။ သေတဲ့အထဲ လူကြီးတွေလည်း ပါပါတယ်။ ရွာကလူတွေ အိမ်ပြန်နိုင်မှ သေဆုံးစာရင်း သိရမယ်ထင်တယ်ဗျ။ အခုတော့ ဘယ်သူမှလည်း ရွာထဲပြန်မသွားရဲကြဘူး။ တိမ်းရှောင်နေကြပါတယ်။

ဆရာဆရာမတွေလည်း အဖမ်းခံရပါတယ်။ လေယာဉ် သုံးစီးနဲ့ ခေါင်းစိုက်ပစ်ပြီး လေယာဉ်နှစ်စီးက စစ်ခွေး အင်အား ချပါတယ်။ စစ်ခွေးတွေ မြေပြင်ရောက်တာနဲ့ တစ်ရွာလုံး ပတ်ပစ်ပါတယ်။ ကျတော်လည်း လုံခြုံရာ ပုန်းနေရပါတယ်။ ပစ်တာ တစ်နာရီကျော်ကြာပါတယ်” လို့ ကိုယ်တိုင်ကြုံရတဲ့ လက်ယက်ကုန်းရွာ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ကလေးတွေ စာသင်နေတဲ့ လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းကို PDF တွေ ရှိတယ်လို့ ယူဆပြီး ရဟတ်ယာဉ်နဲ့ တရစပ် ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိစာရင်းအရ စစ်အုပ်စုဟာ လက်ယက်ကုန်းရွာက ဆရာ၊ ဆရာမ သုံးဦးနဲ့ ရွာသားတွေ အပါအဝင် ဒေသခံ (၂၀)ခန့်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး စကစတွေဟာ မနေ့ ညနေကတည်းက ရေဦးဘက် ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုရန်ကြောင့် လက်ယက်ကုန်းရွာ အပါအဝင် ဒီပဲယင်းနယ် အရှေ့ခြမ်းနှင့် ရေဦးနယ်ထဲက ထောင်သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။

ဒီပဲယင္းမွာ ကေလးေတြ စာသင္ေနတဲ့ ဘုန္းႀကီးေက်ာင္းကို စစ္အုပ္စုက ရဟတ္ယာဥ္ သုံးစီးနဲ႔ ေခါင္းစိုက္ထိုးၿပီး ပစ္ခတ္၊

ရဟတ္ယာဥ္ႏွစ္စီးက လူခ်ေပးၿပီး အဲ့ဒီ စကစေတြကလည္း တ႐ြာလုံးကို တရစပ္ ပစ္ခတ္၊

ဒီပဲယင္း လက္ယက္ကုန္း႐ြာကို စစ္အုပ္စုက ရဟတ္ယာဥ္ ငါးစီးနဲ႔ စီးနင္းပစ္ခတ္မႈ ကေလးငယ္ေတြ အပါအဝင္ ကိုးဦး ေသဆုံး၊

ကေလးငယ္ ငါးဦးႏွင့္ ျပည္သူ ေလးဦး ေသဆုံးၿပီး (၂၀)ေက်ာ္ ဒဏ္ရာရတဲ့ ဒီပဲယင္း လက္ယက္ကုန္း႐ြာ ရဟတ္ယာဥ္ ငါးစီးနဲ႔ ပစ္ခတ္ခံရမႈ ျဖစ္စဥ္ ေမးျမန္းခ်က္၊

MFP ၊ ဩဂုတ္ – ၁၇

ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္း႐ြာ ဘုန္းႀကီးေက်ာင္းထဲ စာသင္ေနတဲ့ ကေလးေတြကို စစ္အုပ္စုက ရဟတ္ယာဥ္ သုံးစီးနဲ႔ ေခါင္းတည္ၿပီး ပစ္ခတ္သ-တ္ျဖတ္ခဲ့တဲ့ ျဖစ္စဥ္အေပၚ ဒီပဲယင္းၿမိဳ႕နယ္ စစ္ေရွာင္ ေထာက္ပံ့ေရး အဖြဲ႕ တာဝန္ရွီသူတစ္ဦးကို MFP က ဆက္သြယ္ ေမးျမန္းထားပါတယ္။

စက္တင္ဘာ(၁၆)ရက္ ေန႔လည္ပိုင္းက စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္း႐ြာကို စစ္အုပ္စုက ရဟတ္ယာဥ္ ငါးစီးနဲ႔ လာေရာက္ စီးနင္းၿပီး ကေလးငယ္ေတြ စာသင္ေနတဲ့ ဘုန္းႀကီးေက်ာင္းကို ရဟတ္ယာဥ္သုံးစီးနဲ႔ နာရီဝက္ေက်ာ္ၾကာ ေခါင္းစိုက္ထိုးၿပီး ပစ္ခတ္ရာ အသက္ငါးႏွစ္ေက်ာ္အ႐ြယ္ ကေလးငယ္ ေလးဦး ေသဆုံးၿပီး (၂၀)ေက်ာ္ ဒဏ္ရာရတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

ဒါ့အျပင္ ရဟတ္ယာဥ္ ႏွစ္စီးက စကစေတြကို ခ်ထားေပးၿပီး အဲ့ဒီ စကစေတြကလည္း လက္ယက္ကုန္း႐ြာထဲ တရစပ္ ဝင္ေရာက္ ပစ္ခတ္ရာ အသက္(၁၁)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး အပါအဝင္ ျပည္သူ ငါးဦး ေသဆုံးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္အုပ္စုဟာ မေန႔က စက္တင္ဘာ(၁၆)ရက္ ေန႔လည္(၁)နာရီေက်ာ္က စတင္ၿပီး ဒီပဲယင္းၿမိဳကနယ္ အေရွ႕ျခမ္းက လက္ယက္ကုန္း႐ြာကို ရဟတ္ယာဥ္ ငါးစီးနဲ႔ ထင္တိုင္းက်ဲ စီးနင္း ပစ္ခတ္ခဲ့ရာ စာသင္ေနတဲ့ ကေလးငယ္ေတြ အပါအဝင္ ကေလးငယ္ ငါးဦးႏွင့္ လူႀကီး ေလးဦး၊ စုစုေပါင္း ကိုးဦး ေသဆုံးၿပီး (၂၂)ဦး ဒဏ္ရာရတယ္လို႔ ဆိုပါတယ္။

လက္ရွိမွာ ျပည္သူေတြ ထြက္ေျပးေနရၿပီး စစ္အုပ္စုက ဒဏ္ရာရတဲ့ ကေလးငယ္ေတြႏွင့္ ဆရာ၊ဆရာမေတြ အပါအဝင္ ေဒသခံ အမ်ားအျပားကိုလည္း ဓားစာခံ လူသားဒိုင္းအျဖစ္ ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြက MFP ကို ေျပာပါတယ္။

“ရဟတ္ယာဥ္ေတြကို ေခါင္းစိုက္ၿပီး ရွယ္ကို ပစ္တာဗ်ာ။ ျပည္သူေတြ၊ ကေလးေတြ ထိခိုက္ေသဆုံးမႈ ရွိပါတယ္။ စစ္ေခြးေတြက ထိခိုက္ဒဏ္ရာရတဲ့သူေတြကို ေဆးကုေပးမယ္ဆိုၿပီး ကား‌ေတြနဲ႔ ေခၚသြားပါတယ္။

ကေလးေတြ ေသတာ ငါးေယာက္မကပါဘူး။ ေသတဲ့အထဲ လူႀကီးေတြလည္း ပါပါတယ္။ ႐ြာကလူေတြ အိမ္ျပန္ႏိုင္မွ ေသဆုံးစာရင္း သိရမယ္ထင္တယ္ဗ်။ အခုေတာ့ ဘယ္သူမွလည္း ႐ြာထဲျပန္မသြားရဲၾကဘူး။ တိမ္းေရွာင္ေနၾကပါတယ္။

ဆရာဆရာမေတြလည္း အဖမ္းခံရပါတယ္။ ေလယာဥ္ သုံးစီးနဲ႔ ေခါင္းစိုက္ပစ္ၿပီး ေလယာဥ္ႏွစ္စီးက စစ္ေခြး အင္အား ခ်ပါတယ္။ စစ္ေခြးေတြ ေျမျပင္ေရာက္တာနဲ႔ တစ္႐ြာလုံး ပတ္ပစ္ပါတယ္။ က်ေတာ္လည္း လုံၿခဳံရာ ပုန္းေနရပါတယ္။ ပစ္တာ တစ္နာရီေက်ာ္ၾကာပါတယ္” လို႔ ကိုယ္တိုင္ႀကဳံရတဲ့ လက္ယက္ကုန္း႐ြာ ေဒသခံ တစ္ဦးက MFP ကို ေျပာပါတယ္။

စစ္အုပ္စုဟာ ကေလးေတြ စာသင္ေနတဲ့ လက္ယက္ကုန္း႐ြာ ဘုန္းႀကီးေက်ာင္းကို PDF ေတြ ရွိတယ္လို႔ ယူဆၿပီး ရဟတ္ယာဥ္နဲ႔ တရစပ္ ပစ္ခတ္သြားတာလို႔ ေဒသခံေတြက ေျပာပါတယ္။

လက္ရွိစာရင္းအရ စစ္အုပ္စုဟာ လက္ယက္ကုန္း႐ြာက ဆရာ၊ ဆရာမ သုံးဦးနဲ႔ ႐ြာသားေတြ အပါအဝင္ ေဒသခံ (၂၀)ခန႔္ကို ဓားစာခံ လူသားဒိုင္းအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားၿပီး စကစေတြဟာ မေန႔ ညေနကတည္းက ေရဦးဘက္ ျပန္ထြက္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္အုပ္စုရန္ေၾကာင့္ လက္ယက္ကုန္း႐ြာ အပါအဝင္ ဒီပဲယင္းနယ္ အေရွ႕ျခမ္းႏွင့္ ေရဦးနယ္ထဲက ေထာင္ေသာင္းခ်ီတဲ့ ျပည္သူေတြ ထြက္ေျပးေနရပါတယ္။