News

ကျောက်ဆည်မြို့ပေါ်က စကစ ကင်းဂိတ်ကို ဗုံ း ထု တို က် ခို က်၊

ကျောက်ဆည်မြို့ပေါ်က စကစ ကင်းဂိတ်ကို ဗုံ း ထု တို က် ခို က်၊

MFP ၊ စက်တင်ဘာ – ၁၇

မန္တလေးတိုင်း ကျောက်ဆည်မြို့ တံစိုးဂိတ်ရပ်မှာရှိတဲ့ ဇီဝနည်းပညာသုတေသနဌာန(DBR-Kyaukse) ဝန်းထဲမှ ာတပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ ကင်းဂိတ်ကို ဒီနေ့ မွန်းလွဲ (၂) နာရီက ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့(KDDF)က သတင်းထုတ်ပြန်ပါတယ်။

မစ်ရှင်ပြုလုပ်ပြီး ချက်ချင်းပြန်လာတာ ဖြစ်တဲ့အတွက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ KDDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၅) ရက်ကလည်း ကူမဲမြို့ တလိုင်းကုန်းရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သန့်ဇင် ဆိုသူဟာ လောင်းကစားဝိုင်းတွေ လုပ်တာ၊ ကျည်ကာဝတ်ပြီး ခါးကြားမှာ သေနတ်ထိုးကာ အလှူမင်္ဂလာဆောင်ပါမကျန် ခြိမ်းခြောက်ငွေတောင်းခံတာတွေ လုပ်တာ၊ စစ်အုပ်စုကို သတင်းပေးတာတွေ လုပ်နေတဲ့အတွက် KDDF နဲ့ Urben Guerilla Force – Kure တို့ ပူပေါင်း ရှင်းလင်းခဲ့ပါသေးတယ်။


MFP ၊ စက်တင်ဘာ – ၁၇


