Local News












Via HA

မန္တလေးမြို့ကသမိုင်းနဲ့ချီပြီးရိုင်းခဲ့ပါပြီ

တော်လှန်ရေးအစမှာထောင်ခဲ့တဲ့လက်တွေကဖျင်ထဲပြန်ထိုးထည့်ထားလိုက်

ကိုယ်တိုင်တော်လှန်ဖို့မပြောနဲ့ငွေအားတောင်မထောက်ပံ့ရဲကြဘူး

ထောက်ပံ့နေတဲ့သူကလဲမြို့နေလူထုရဲ့၁၀%တောင်မရှိ

ပြည်သူခက်ခဲနေတယ်လာမပြောနဲ့ ဇွဲထက်၊ဝိန့်စိန်၊မောင်ကိန်း၊အောင်သမာဓိစတဲ့ရွှေဆိုင်တွေမှာသွားကြည့်တိုးမရအောင်ပစ္စည်းတွေရွေးနေကြတာ(ဒီဘက်ထွက်မလာခင်အမေရဲ့အမွေဆွဲကြိုးလေးရောင်းခဲ့လို့ကိုယ်တွေ့သိတယ်)

KTV/BARနဲ့ဘီယာဆိုင်တွေမှာလဲဆိုင်ဖွင့်ကနေအပိတ်ထိလူကအပြည့်

ဒီကြားထဲဖုန်းဆိုင်တွေမှာလဲတစ်မျိုးထွက်လာတိုင်းလုဝယ်ကြဒီမရောက်သေးတာတောင်Preအော်ဒါတင်ကြနဲ့ရှက်ဖို့ကောင်းလိုက်တာဗျာ

ရတဲ့ငွေကိုရသလိုစုပိုရင်တော်လှန်ရေးအတွက်နီးရာUGတွေPDFတွေကိုလှူ မယ်လို့မတွေးကြဘူး

မိသားစုအတွက်စုတယ်လိုလဲဝယ်မလိုလဲဝယ်ပိုရင်အကုန်သုံးကြတယ်

ကိုင်ထားတဲ့၉/မှက်ပုံတင်ကိုကြည့်ပြီးရှက်လာလို့အိပ်ထဲအသာပြန်ထည့်စိတ်ထဲမှာအတွေးတစ်စနဲ့မျက်ရည်ဝဲရင်းတိုးတိုးလေးပြောမိတယ်ငါ…မန္တလေးသားမဟုတ်တော့ဘူး

Via HA