Local News

အဆုံးသတ္တိုက္ပြဲခ်ိန္ေရာက္ၿပီဟု

အဆုံးသတ္တိုက္ပြဲခ်ိန္ေရာက္ၿပီဟု AA ဒုစစ္ဦးစီးခ်ဳပ္ေျပာလာ

Western News – စက္တင္ဘာ၊ ၁၇ ရက္

လက္ရွိ ရခိုင္ေဒသတြင္းျဖစ္ပြားေနသည့္ တိုက္ပြဲအေျခေနမ်ားႏွင့္ပတ္သက္၍ AA ၏ ဒုစစ္ဦးစီးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္က အဆုံးသတ္ႏွင့္ အဆုံးအျဖတ္ေပးမည့္ တိုက္ပြဲအခ်ိန္ေရာက္ေနၿပီျဖစ္သည္ဟု သူ၏လူမႈကြန္ယက္စာမ်က္ႏွာမွ တစ္ဆင့္ေျပာဆိုလာသည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ စက္တင္ဘာ ၁၆ ရက္ေန႔တြင္ ဒုဦးစီးခ်ဳပ္၏ တြယ္စ္တာအေကာင့္စာမ်က္ႏွာ၌” အဆုံးသတ္နဲ႔ အဆုံးအျဖတ္တိုက္ပြဲက်တဲ့အခါ က်ေနာ္၊ က်မတို႔ကို ေျပာပါလို႔ ေျပာထားဖူးတဲ့ ညီေလး၊ ညမေလးတို႔ကို တိုးတိုးေလးေျပာလိုက္ပါ့မယ္။ အခုအဲ့အခ်ိန္ေရာက္ၿပီ ” ဟုေရးသားေဖာ္ျပခဲ့ျခင္းျဖစ္သည္။

ရခိုင္ေဒသတြင္ ရကၡိဳင္တပ္ေတာ္ႏွင့္ စစ္ေကာင္စီတပ္တို႔ လတ္တေလာတိုက္ပြဲျဖစ္ပြားမႈႏႈန္းမ်ားမွာလည္း အရွိန္ျမင့္လ်က္ရွိေနၿပီး စစ္ေကာင္စီဖက္မွလည္း တပ္စခန္း ၃ ခုထက္မနည္း လက္လႊတ္ဆုံးရႈံးထားရကာ ထိခိုက္ေသဆုံးမႈမ်ားႏွင့္ လက္နက္ခဲယမ္းဆုံးရႈံးမႈတို႔လည္းရွိေနသည္။

စစ္ေကာင္စီဖက္မွ လက္လႊတ္ဆုံးရႈံးထားရသည့္ တပ္စခန္းမ်ားမွာ ေမာင္ေတာေျမာက္ပိုင္း မိုင္တိုင္ ၄၀ အနီးတပ္စခန္းတစ္ခု၊ ခမရ ၃၅၂ တပ္ရင္းမ်ားျဖစ္ေၾကာင္း ရကၡိဳင့္တပ္ေတာ္ဖက္မွ တရားဝင္္ထုတ္ျပန္ထားသည္။

ယင္းအျပင္ စက္တင္ဘာ ၁၅ ရက္ေန႔ ညေနပိုင္းတြင္လည္း ေမာင္ေတာၿမိဳ႕နယ္ မီးတိုက္႐ြာႏွင့္ မိုင္တိုင္ ၃၅ ၾကားရွိ လက္နက္ႀကီးအထိုင္ခ်စခန္းတစ္ခုကို ရကၡိဳင့္တပ္ေတာ္မွ သိမ္းပိုက္ရရွိမႈရွိခဲ့ေၾကာင္း ၎ေဒသမွ သတင္းရင္းျမစ္မ်ားကေျပာသည္။

စစ္ေရးအရွိန္ျမင့္လ်က္ရွိေနသည့္ ရခိုင္ေဒသတြင္ စစ္ေကာင္စီဖက္မွ စစ္ေရးလႈပ္ရွားမႈမ်ားအတြက္ အရပ္သားေရယာဥ္မ်ားကို အသုံးျပဳကာ ေရေၾကာင္းကိုအဓိအသုံးျပဳ လႈပ္ရွားလာေနၾကသည္။

အဆိုပါအေျခေနမ်ားေၾကာင့္ ရကၡိဳင့္တပ္ေတာ္ဖက္မွ ေရေၾကာင္းသြားလာသည့္ယာဥ္မ်ားအား ၎တို႔ဖက္မွ စစ္ေဆးမႈျပဳလုပ္သြားမည္ျဖစ္သည္ဟု ထုတ္ျပန္္ထားသည္။

၎ေနာက္ စက္တင္ဘာ ၁၆ ရက္ ေန႔လည္ပိုင္းခန္႔တြင္ ေတာင္ကုတ္ၿမိဳ႕ ေ႐ႊလင္းယုန္ဆိပ္ကမ္းတြင္ ရိကၡာတင္ေနသည့္ စစ္ေကာင္စီေရယာဥ္တစ္စီးအား ရကၡိဳင့္တပ္ေတာ္ဖက္မွ လက္နက္ႀကီးျဖင့္ပစ္ခတ္တိုက္ခိုက္မႈျပဳလုပ္ခဲ့သည္။

ထိုသို႔ေသာအေျခေနမ်ားၾကားတြင္ စစ္ေကာင္စီတပ္ဖက္မွ တိုက္ပြဲဧရိယာတစ္ဝိုက္တြင္ ေလေၾကာင္းအသုံးျပဳတိုက္ခိုက္ျခင္း၊လက္နက္ႀကီးအဆက္မျပတ္ပစ္ခတ္ျခင္း၊ သြားလားေရးလမ္းေၾကာင္းမ်ားအား ကန္႔သတ္ထားျခင္း၊ ၿမိဳ႕နယ္အႏွံ႔တြင္ ၿမိဳ႕တြင္းလုံၿခဳံေရးတိုးခ်ဲ႕ခ်ျခင္း၊ ေဒသခံမ်ားအား တင္းက်ပ္စြာစစ္ေဆးမႈတို႔ျပဳလုပ္ကာ ဖမ္းဆီးအေရးယူျခင္းတို႔ဆက္တိုက္လုပ္ေဆာင္လ်က္ရွိေနသည္။

Western News-WN

အဆုံးသတ်တိုက်ပွဲချိန်ရောက်ပြီဟု AA ဒုစစ်ဦးစီးချုပ်ပြောလာ

Western News – စက်တင်ဘာ၊ ၁၇ ရက်

လက်ရှိ ရခိုင်ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲအခြေနေများနှင့်ပတ်သက်၍ AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က အဆုံးသတ်နှင့် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲအချိန်ရောက်နေပြီဖြစ်သည်ဟု သူ၏လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်ပြောဆိုလာသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ စက်တင်ဘာ ၁၆ ရက်နေ့တွင် ဒုဦးစီးချုပ်၏ တွယ်စ်တာအကောင့်စာမျက်နှာ၌” အဆုံးသတ်နဲ့ အဆုံးအဖြတ်တိုက်ပွဲကျတဲ့အခါ ကျနော်၊ ကျမတို့ကို ပြောပါလို့ ပြောထားဖူးတဲ့ ညီလေး၊ ညမလေးတို့ကို တိုးတိုးလေးပြောလိုက်ပါ့မယ်။ အခုအဲ့အချိန်ရောက်ပြီ ” ဟုရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသတွင် ရက္ခိုင်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ လတ်တလောတိုက်ပွဲဖြစ်ပွားမှုနှုန်းများမှာလည်း အရှိန်မြင့်လျက်ရှိနေပြီး စစ်ကောင်စီဖက်မှလည်း တပ်စခန်း ၃ ခုထက်မနည်း လက်လွှတ်ဆုံးရှုံးထားရကာ ထိခိုက်သေဆုံးမှုများနှင့် လက်နက်ခဲယမ်းဆုံးရှုံးမှုတို့လည်းရှိနေသည်။

စစ်ကောင်စီဖက်မှ လက်လွှတ်ဆုံးရှုံးထားရသည့် တပ်စခန်းများမှာ မောင်တောမြောက်ပိုင်း မိုင်တိုင် ၄၀ အနီးတပ်စခန်းတစ်ခု၊ ခမရ ၃၅၂ တပ်ရင်းများဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ဖက်မှ တရားဝင်ထုတ်ပြန်ထားသည်။

ယင်းအပြင် စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင်လည်း မောင်တောမြို့နယ် မီးတိုက်ရွာနှင့် မိုင်တိုင် ၃၅ ကြားရှိ လက်နက်ကြီးအထိုင်ချစခန်းတစ်ခုကို ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိမှုရှိခဲ့ကြောင်း ၎င်းဒေသမှ သတင်းရင်းမြစ်များကပြောသည်။

စစ်ရေးအရှိန်မြင့်လျက်ရှိနေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီဖက်မှ စစ်ရေးလှုပ်ရှားမှုများအတွက် အရပ်သားရေယာဉ်များကို အသုံးပြုကာ ရေကြောင်းကိုအဓိအသုံးပြု လှုပ်ရှားလာနေကြသည်။

အဆိုပါအခြေနေများကြောင့် ရက္ခိုင့်တပ်တော်ဖက်မှ ရေကြောင်းသွားလာသည့်ယာဉ်များအား ၎င်းတို့ဖက်မှ စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

၎င်းနောက် စက်တင်ဘာ ၁၆ ရက် နေ့လည်ပိုင်းခန့်တွင် တောင်ကုတ်မြို့ ရွှေလင်းယုန်ဆိပ်ကမ်းတွင် ရိက္ခာတင်နေသည့် စစ်ကောင်စီရေယာဉ်တစ်စီးအား ရက္ခိုင့်တပ်တော်ဖက်မှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

ထိုသို့သောအခြေနေများကြားတွင် စစ်ကောင်စီတပ်ဖက်မှ တိုက်ပွဲဧရိယာတစ်ဝိုက်တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်း၊လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်ခြင်း၊ သွားလားရေးလမ်းကြောင်းများအား ကန့်သတ်ထားခြင်း၊ မြို့နယ်အနှံ့တွင် မြို့တွင်းလုံခြုံရေးတိုးချဲ့ချခြင်း၊ ဒေသခံများအား တင်းကျပ်စွာစစ်ဆေးမှုတို့ပြုလုပ်ကာ ဖမ်းဆီးအရေးယူခြင်းတို့ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်။

Western News-WN