Local News

ဘုန္းေတာ္ႀကီးသင္စာသင္ေက်ာင္းကို ရဟတ္ယာဥ္ ၂ စီးႏွင့္ ပစ္ခတ္ရာ

ဒီပဲယင္းက ကေလး ၉ဦး ကို စစ္တပ္က ေရဦး၌သၿဂႋဳဟ္ကာ အေလာင္းေဖ်ာက္

By ဧရာဝတီ 18 September 2022

စစ္ကိုင္းတိုင္း ဒီပဲယင္းၿမိဳ႕နယ္ရွိ လက္ယက္ကုန္း႐ြာကို ေလေၾကာင္းတိုက္ခိုက္မႈတြင္ ေသဆုံးသြားသည့္ ကေလးမ်ား ၏ အေလာင္းကို စစ္ေကာင္စီက ၇မိုင္ေဝးသည့္ ေရဦးၿမိဳ႕နယ္သို႔ သယ္ကာ သၿဂႋဳဟ္၍ အေလာင္းေဖ်ာက္လိုက္ေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၁၆ ရက္ မြန္းလြဲ ၁ နာရီခန္႔က လက္ယက္ကုန္းေက်း႐ြာ ဘုန္းေတာ္ႀကီးသင္ စာသင္ေက်ာင္း ကို တိုက္ခိုက္ေရး ရဟတ္ယာဥ္ Mi 35 ၂ စီးႏွင့္ ပစ္ခတ္ရာ ကေလး ၇ဦး ပြဲခ်င္းၿပီး ေသဆုံးသြားသလို ၁၇ဦး ဒဏ္ရာ ရရွိေၾကာင္း၊ အလားတူ ေျမျပင္စစ္ေၾကာင္းကလည္း ႐ြာအတြင္း ဝင္တိုက္ခိုက္ရာ ေနာက္ထပ္ ကေလး ၂ဦးအပါအဝင္ ၇ ဦးေသဆုံးသြားခဲ့သည္။

ဘုန္းေတာ္ႀကီးသင္စာသင္ေက်ာင္းတိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့ရသည့္ ကေလး ၇ဦး၏ အေလာင္းမ်ားႏွင့္ ဒဏ္ရာ ရသူမ်ားကို စစ္တပ္က ေရဦးၿမိဳ႕နယ္ တိုင္းရင္းေဆး႐ုံသို႔ ညတြင္းခ်င္းသယ္လာၿပီး စက္တင္ဘာ ၁၇ရက္ နံနက္ ၆နာရီ တြင္ ကေလး ၇ဦး၏ အေလာင္းကို ေရဦးသုႆန္တြင္ သၿဂႋဳဟ္လိုက္ေၾကာင္း၊ ထိုေန႔ ညေန ၄ နာရီခန္႔ တြင္ ေနာက္ ထပ္ ကေလး ၂ ဦး၏ အေလာင္းကို ယူလာကာ ထပ္မံသၿဂႋဳဟ္ေၾကာင္း၊ ယင္း ၂ ဦးသည္ ေရဦးတိုင္းရင္းေဆး႐ုံတြင္ ထား သည့္ ဒဏ္ရာရ ကေလးမ်ားထဲက ျဖစ္ႏိုင္ေၾကာင္း ေဒသခံမ်ားက ေကာက္ခ်က္ခ်ၾကသည္။

“ကားေပၚတင္သြားတာ ခါးျပတ္၊ လက္ျပတ္တဲ့ ကေလးေတြ ပါတယ္။ ကေလးတေယာက္က ဆိုရင္ ပါဆယ္ထုပ္ၿပီးကို ျခင္းက်ားထဲကို ထည့္ၿပီး ယူသြား တာ။ ေက်ာင္းထဲမွာ ေသြးစေတြကို ပုံေနတာ။ အသားစေတြက ပန္ကာေတြမွာေရာ၊ နံရံေတြမွာေရာ၊ မ်က္ႏွာၾကက္ မွာေရာ ကပ္ေနတာ။ ေက်ာင္းဝင္းအတြင္းထဲမွာေတာ့ အသားစေတြက ေနရာအႏွံ႔ကို ျပန္႔က်ဲေနတာ” ဟု ဘုန္ႀကီးေက်ာင္းဝင္းအတြင္း သြားေရာက္ၾကည့္ရႈခဲ့သည့္ မ်က္ျမင္ ေဒသခံတဦးက ေျပာသည္။

ေသဆုံးကေလးမ်ား၏ ႐ုပ္အေလာင္းမ်ား ျပန္မရသည့္အတြက္ မိဘမ်ားအေနျဖင့္ နာေရး ျပဳလုပ္ႏိုင္ျခင္း မရွိေသး ေၾကာင္းလည္း သိရသည္။

လက္ယက္ကုန္း႐ြာခံ တဦးက “ေက်ာင္းသား မိဘ ၂ ေယာက္ သူတို႔ကေလးေတြ ေပ်ာက္လို႔ဆိုၿပီး လာရွာတာ။ အက်ႌစနဲ႔ ေဘာင္းဘီစ အစုတ္ကေလးေတြပဲ ေတြ႕ေတာ့ အဲဒါေလးေတြနဲ႔ လိပ္ျပာ ေခၚမလို႔ ဆိုၿပီး ျပန္ယူသြားတယ္။ က်ေနာ္တို႔မွာ ယူႀကဳံးမရ ျဖစ္ေနရတာ။ အပိုင္းအစပဲ က်န္တာကိုေတာင္ ေခြးေတြက မထားခဲ့ဘူး။ မိဘေတြကို သၿဂိဳဟ္ခြင့္ မေပးဘူး။ အကုန္သယ္ သြားတာ” ဟု ဆိုသည္။

ေရဦးၿမိဳ႕နယ္ မီးသၿဂႋဳဟ္စက္တြင္ စက္တင္ဘာ ၁၇ ရက္ နံနက္ ၆ နာရီခန္႔က ေယာက္်ားေလး ၄ ေယာက္ ၊ မိန္း ကေလး ၂ ေယာက္အျပင္ က်ား/မ မခြဲျခားႏိုင္ေတာ့သည့္ ကိုယ္အဂၤါ အစိတ္အပိုင္းမ်ားကို ပီနံအိတ္ျဖင့္ ထည့္သူ ၁ ဦး ကို မီးသၿဂႋဳဟ္ခဲ့ၿပီး ညေန ၄ နာရီခန္႔တြင္ ေယာက္်ားေလး ၂ ေယာက္ကို ထပ္မံ သၿဂႋဳဟ္ခဲ့ေၾကာင္း ေရဦးၿမိဳ႕နယ္ ျပည္ သူ႔ ကာကြယ္ေရး အဖြဲ႕ထံမွ သိရသည္။

ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့သည့္ စက္တင္ဘာ ၁၆ ရက္ ညေနပိုင္းကတည္းက စစ္ေကာင္စီတပ္သည္ လက္ယက္ကုန္း ႐ြာမွ ကားႏွင့္ ႐ြာခံကို အဓမၼေစခိုင္းၿပီး ေသဆုံးကေလးမ်ားႏွင့္ ဒဏ္ရာရထားသူ ဆရာ၊ ဆရာမ ၃ ဦးအျပင္ ကေလး ၁၄ ဦးကို ေဆးကုသမည္ ဟုဆိုကာ ေရဦးသို႔ ေမာင္းႏွင္ရန္ ေခၚေဆာင္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

အဆိုပါ ျဖစ္စဥ္ကို ၾကားသိရေသာ ေရဦးေဒသခံ တဦးက “႐ြာကေန ဖမ္းလာတဲ့ ကား ၁ စီးေပၚမွာ ေသသြားတဲ့ ကေလးေတြေရာ မေသေသးတဲ့ ကေလးေတြေရာ ကားနဲ႔ စုၿပဳံတင္လာၿပီးေတာ့ စစ္ေၾကာင္းက ေရဦးကို ျပန္ဝင္တာ။ ညတြင္းခ်င္း မီးသၿဂႋဳဟ္ဖို႔ကို လုပ္တာ။ ကားသမားကလည္း စစ္သား အေလာင္းေတြကိုပဲ သယ္ခိုင္းတယ္ထင္လို႔ အိတ္ေတြကို ဖြင့္ၾကည့္ေတာ့ ကေလးေတြ ျဖစ္ေနတယ္။ လာပို႔တဲ့လူ ကိုယ္တိုင္က ေရွာ့ခ္ရသြားတာ” ဟု ေျပာသည္။

ထို႔ျပင္ ဒဏ္ရာရထားသည့္ ကေလးမ်ားအပါ ၁၇ ဦးကို ေရဦးၿမိဳ႕ေပၚရွိ စစ္ေကာင္စီ တပ္စြဲထားသည့္ တိုင္းရင္းေဆး႐ုံ အတြင္း၌ထားရွိ ထားၿပီး ကေလးအခ်ိဳ႕သည္ ကိုယ္လက္အဂၤါ မစုံေတာ့သည္အထိ ဒဏ္ရာျပင္းထန္စြာ ရရွိထား ေၾကာင္း ေရဦးေဒသခံမ်ားထံမွ စုံစမ္းသိရွိရသည္။

ထိုကဲ့သည့္ ျပစ္မႈကို က်ဴးလြန္ခဲ့သည့္ စစ္ေကာင္စီတပ္မွာ မည္သည့္ တပ္မ၊ တပ္ရင္း ဆိုသည္ကို မသိရေသးေသာ္ လည္း ေဒသကာကြယ္ေရးတပ္မ်ားကမူ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ လက္ေအာက္ခံ ေမွာ္ဘီ အေျခ စိုက္ ခမရ ၇၀၁ ႏွင့္ စစ္ကိုင္းတိုင္း စစ္ကိုင္းၿမိဳ႕တြင္ အေျခစိုက္သည့္ တပ္မ ၃၃ တို႔က တပ္ဖြဲ႕ဝင္မ်ား ျဖစ္သည္ဟု ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားက ယူဆထားၾကသည္။

ကေလးမ်ားအျပင္ ေဒသခံ ၇ ဦးျဖစ္သည့္ ဦးေက်ာ္ထြန္း (၄၉ ႏွစ္)၊ ဦးေအာင္ေစာေထြး (၃၄ ႏွစ္)၊ မယု (၃၇ ႏွစ္)၊ ဦးတင္စိုးခိုင္ (၃၁ ႏွစ္)၊ ေမာင္ေအာင္ခ်စ္မိုး (၂၂ ႏွစ္)၊ ေမာင္ေအာင္ေအာင္ဦး (၁၆ ႏွစ္) ႏွင့္ ေမာင္ေစာမင္းဦး (၁၃ ႏွစ္) တို႔ကိုလည္း စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္သည္ လက္ယက္ကုန္း႐ြာက ဘုန္းႀကီးေက်ာင္းတြင္ ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ား ရွိသည္ဆိုေသာ သတင္းျဖင့္ ေလေၾကာင္းတိုက္ခိုက္ျခင္းကို ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ေရဦးၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္ တဦးက “သတင္းအမွားေတြကိုပဲ ယုံၿပီးေတာ့ ေလေၾကာင္းကေန ပစ္ ခတ္ၿပီး ႐ြာခံေတြနဲ႔ ကေလးေတြကိုပဲ သတ္ျဖတ္ေနတဲ့ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြပဲ ဆက္တိုက္ က်ဴးလြန္ေနတာ။ အျပစ္မဲ့ ကေလးေတြမွန္း သိပါလ်က္နဲ႔ ေလသူရဲေတြ ပစ္ႏိုင္တာကိုလည္း က်ေနာ္တို႔ ေတာ္ေတာ္ေလး ေအာ့ႏွလုံး နာတယ္။ စစ္ေရးကို ေယာက္်ား စစ္သားပီပီ ေျမျပင္ကေန စစ္ခ်ီ စမ္းပါ။ သူတို႔ ေဝဟင္ကေနပဲ လုပ္တတ္ေတာ့တာ” ဟု ေျပာသည္။

စစ္ေကာင္စီ၏ ျမဝတီ႐ုပ္သံကမူ လက္ယက္ကုန္း႐ြာမွတဆင့္ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ (KIA) ႏွင့္ PDF တို႔က လက္နက္ခဲယမ္းမ်ား သယ္ယူပို႔ေဆာင္မည္ ျဖစ္ေၾကာင္းႏွင့္ ႐ြာဘုန္းႀကီးေက်ာင္းတြင္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီ ေထာက္ခံသူမ်ား၊ PDF မ်ား ခိုေအာင္းေနထိုင္လ်က္ ရွိၿပီး ေဒသခံမ်ားႏွင့္ ခရီးသြား ျပည္သူမ်ားကို အဓမၼဆက္ေၾကး ေတာင္းခံျခင္းမ်ား ျပဳလုပ္ေနေၾကာင္း သတင္းေပး တိုင္ၾကားခ်က္ေၾကာင့္ ဝင္ေရာက္ စစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း စက္တင္ဘာ ၁၇ ရက္ညပိုင္း သတင္းတြင္ ေၾကညာခဲ့သည္။

ထိုသို႔ စစ္ေဆးစဥ္ ျပည္သူမ်ားကို လူသားဒိုင္းအေနျဖင့္ အကာအကြယ္ယူၿပီး KIA ႏွင့္ PDF တို႔က တိုက္ခိုက္ခဲ့သည့္ အတြက္ အျပန္အလွန္ ထိေတြ႕မႈ ျဖစ္ပြားျခင္းေၾကာင့္ ေဒသခံမ်ား ေသဆုံးမႈ ရွိခဲ့ေၾကာင္း သတင္းတြင္ ေၾကညာခဲ့ ေသာ္လည္း ေျမျပင္တြင္ ထိေတြ႕တိုက္ပြဲမ်ိဳး ျဖစ္ပြားျခင္း မဟုတ္ဘဲ စစ္တပ္ကသာ အၾကမ္းဖက္ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ ေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။

အာဏာသိမ္း စစ္တပ္၏ သတ္ျဖတ္မႈေၾကာင့္ ကေလးငယ္မ်ား ေသဆုံးသည့္ အလားတူျဖစ္စဥ္မ်ား စက္တင္ဘာ ၁၅ ႏွင့္ ၁၇ ရက္တြင္ ထပ္မံ ျဖစ္ပြားခဲ့သည္။

စက္တင္ဘာ ၁၅ ရက္ ညပိုင္းက ရွမ္း- ကယား နယ္စပ္ရွိ မိုးၿဗဲၿမိဳ႕ကို စစ္ေကာင္စီတပ္က ပစ္ခတ္ခဲ့သည့္ လက္နက္ႀကီး ေမြေတာ္ဘုရားဘုန္းႀကီးေက်ာင္းတြင္ က်ေရာက္ ေပါက္ကြဲရာ စစ္ေရွာင္မ်ားထဲမွ အသက္ ၇ ႏွစ္ႏွင့္ ၁၂ ႏွစ္အ႐ြယ္ ညီအစ္မႏွစ္ဦး ေသဆုံးခဲ့ၿပီး၊ စက္တင္ဘာ ၁၇ ရက္က စစ္ကိုင္းတိုင္း၊ ကန္႔ဘလူၿမိဳ႕နယ္၊ ခ်ပ္ကုန္း႐ြာမွ စစ္ေကာင္စီ တပ္က ပစ္ခတ္မႈေၾကာင့္ မိႆလင္ကုန္းေက်း႐ြာေန အသက္ ၅ ႏွစ္ အ႐ြယ္ ေယာက္်ားေလး ၁ ဦး ရင္အုံထိမွန္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ဒီပဲယင်းက ကလေး ၉ဦး ကို စစ်တပ်က ရေဦး၌သင်္ဂြိုဟ်ကာ အလောင်းဖျောက်

By ဧရာဝတီ 18 September 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ လက်ယက်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားသည့် ကလေးများ ၏ အလောင်းကို စစ်ကောင်စီက ၇မိုင်ဝေးသည့် ရေဦးမြို့နယ်သို့ သယ်ကာ သင်္ဂြိုဟ်၍ အလောင်းဖျောက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ကို တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ၂ စီးနှင့် ပစ်ခတ်ရာ ကလေး ၇ဦး ပွဲချင်းပြီး သေဆုံးသွားသလို ၁၇ဦး ဒဏ်ရာ ရရှိကြောင်း၊ အလားတူ မြေပြင်စစ်ကြောင်းကလည်း ရွာအတွင်း ဝင်တိုက်ခိုက်ရာ နောက်ထပ် ကလေး ၂ဦးအပါအဝင် ၇ ဦးသေဆုံးသွားခဲ့သည်။

ဘုန်းတော်ကြီးသင်စာသင်ကျောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည့် ကလေး ၇ဦး၏ အလောင်းများနှင့် ဒဏ်ရာ ရသူများကို စစ်တပ်က ရေဦးမြို့နယ် တိုင်းရင်းဆေးရုံသို့ ညတွင်းချင်းသယ်လာပြီး စက်တင်ဘာ ၁၇ရက် နံနက် ၆နာရီ တွင် ကလေး ၇ဦး၏ အလောင်းကို ရေဦးသုဿန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီခန့် တွင် နောက် ထပ် ကလေး ၂ ဦး၏ အလောင်းကို ယူလာကာ ထပ်မံသင်္ဂြိုဟ်ကြောင်း၊ ယင်း ၂ ဦးသည် ရေဦးတိုင်းရင်းဆေးရုံတွင် ထား သည့် ဒဏ်ရာရ ကလေးများထဲက ဖြစ်နိုင်ကြောင်း ဒေသခံများက ကောက်ချက်ချကြသည်။

“ကားပေါ်တင်သွားတာ ခါးပြတ်၊ လက်ပြတ်တဲ့ ကလေးတွေ ပါတယ်။ ကလေးတယောက်က ဆိုရင် ပါဆယ်ထုပ်ပြီးကို ခြင်းကျားထဲကို ထည့်ပြီး ယူသွား တာ။ ကျောင်းထဲမှာ သွေးစတွေကို ပုံနေတာ။ အသားစတွေက ပန်ကာတွေမှာရော၊ နံရံတွေမှာရော၊ မျက်နှာကြက် မှာရော ကပ်နေတာ။ ကျောင်းဝင်းအတွင်းထဲမှာတော့ အသားစတွေက နေရာအနှံ့ကို ပြန့်ကျဲနေတာ” ဟု ဘုန်ကြီးကျောင်းဝင်းအတွင်း သွားရောက်ကြည့်ရှုခဲ့သည့် မျက်မြင် ဒေသခံတဦးက ပြောသည်။

သေဆုံးကလေးများ၏ ရုပ်အလောင်းများ ပြန်မရသည့်အတွက် မိဘများအနေဖြင့် နာရေး ပြုလုပ်နိုင်ခြင်း မရှိသေး ကြောင်းလည်း သိရသည်။

လက်ယက်ကုန်းရွာခံ တဦးက “ကျောင်းသား မိဘ ၂ ယောက် သူတို့ကလေးတွေ ပျောက်လို့ဆိုပြီး လာရှာတာ။ အင်္ကျီစနဲ့ ဘောင်းဘီစ အစုတ်ကလေးတွေပဲ တွေ့တော့ အဲဒါလေးတွေနဲ့ လိပ်ပြာ ခေါ်မလို့ ဆိုပြီး ပြန်ယူသွားတယ်။ ကျနော်တို့မှာ ယူကြုံးမရ ဖြစ်နေရတာ။ အပိုင်းအစပဲ ကျန်တာကိုတောင် ခွေးတွေက မထားခဲ့ဘူး။ မိဘတွေကို သဂြိုဟ်ခွင့် မပေးဘူး။ အကုန်သယ် သွားတာ” ဟု ဆိုသည်။

ရေဦးမြို့နယ် မီးသင်္ဂြိုဟ်စက်တွင် စက်တင်ဘာ ၁၇ ရက် နံနက် ၆ နာရီခန့်က ယောက်ျားလေး ၄ ယောက် ၊ မိန်း ကလေး ၂ ယောက်အပြင် ကျား/မ မခွဲခြားနိုင်တော့သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပီနံအိတ်ဖြင့် ထည့်သူ ၁ ဦး ကို မီးသင်္ဂြိုဟ်ခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ယောက်ျားလေး ၂ ယောက်ကို ထပ်မံ သင်္ဂြိုဟ်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည် သူ့ ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းကတည်းက စစ်ကောင်စီတပ်သည် လက်ယက်ကုန်း ရွာမှ ကားနှင့် ရွာခံကို အဓမ္မစေခိုင်းပြီး သေဆုံးကလေးများနှင့် ဒဏ်ရာရထားသူ ဆရာ၊ ဆရာမ ၃ ဦးအပြင် ကလေး ၁၄ ဦးကို ဆေးကုသမည် ဟုဆိုကာ ရေဦးသို့ မောင်းနှင်ရန် ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်ကို ကြားသိရသော ရေဦးဒေသခံ တဦးက “ရွာကနေ ဖမ်းလာတဲ့ ကား ၁ စီးပေါ်မှာ သေသွားတဲ့ ကလေးတွေရော မသေသေးတဲ့ ကလေးတွေရော ကားနဲ့ စုပြုံတင်လာပြီးတော့ စစ်ကြောင်းက ရေဦးကို ပြန်ဝင်တာ။ ညတွင်းချင်း မီးသင်္ဂြိုဟ်ဖို့ကို လုပ်တာ။ ကားသမားကလည်း စစ်သား အလောင်းတွေကိုပဲ သယ်ခိုင်းတယ်ထင်လို့ အိတ်တွေကို ဖွင့်ကြည့်တော့ ကလေးတွေ ဖြစ်နေတယ်။ လာပို့တဲ့လူ ကိုယ်တိုင်က ရှော့ခ်ရသွားတာ” ဟု ပြောသည်။

ထို့ပြင် ဒဏ်ရာရထားသည့် ကလေးများအပါ ၁၇ ဦးကို ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် တိုင်းရင်းဆေးရုံ အတွင်း၌ထားရှိ ထားပြီး ကလေးအချို့သည် ကိုယ်လက်အင်္ဂါ မစုံတော့သည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိထား ကြောင်း ရေဦးဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ထိုကဲ့သည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့် စစ်ကောင်စီတပ်မှာ မည်သည့် တပ်မ၊ တပ်ရင်း ဆိုသည်ကို မသိရသေးသော် လည်း ဒေသကာကွယ်ရေးတပ်များကမူ ရန်ကုန်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ မှော်ဘီ အခြေ စိုက် ခမရ ၇၀၁ နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် အခြေစိုက်သည့် တပ်မ ၃၃ တို့က တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ယူဆထားကြသည်။

ကလေးများအပြင် ဒေသခံ ၇ ဦးဖြစ်သည့် ဦးကျော်ထွန်း (၄၉ နှစ်)၊ ဦးအောင်စောထွေး (၃၄ နှစ်)၊ မယု (၃၇ နှစ်)၊ ဦးတင်စိုးခိုင် (၃၁ နှစ်)၊ မောင်အောင်ချစ်မိုး (၂၂ နှစ်)၊ မောင်အောင်အောင်ဦး (၁၆ နှစ်) နှင့် မောင်စောမင်းဦး (၁၃ နှစ်) တို့ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လက်ယက်ကုန်းရွာက ဘုန်းကြီးကျောင်းတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ရှိသည်ဆိုသော သတင်းဖြင့် လေကြောင်းတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက “သတင်းအမှားတွေကိုပဲ ယုံပြီးတော့ လေကြောင်းကနေ ပစ် ခတ်ပြီး ရွာခံတွေနဲ့ ကလေးတွေကိုပဲ သတ်ဖြတ်နေတဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေပဲ ဆက်တိုက် ကျူးလွန်နေတာ။ အပြစ်မဲ့ ကလေးတွေမှန်း သိပါလျက်နဲ့ လေသူရဲတွေ ပစ်နိုင်တာကိုလည်း ကျနော်တို့ တော်တော်လေး အော့နှလုံး နာတယ်။ စစ်ရေးကို ယောက်ျား စစ်သားပီပီ မြေပြင်ကနေ စစ်ချီ စမ်းပါ။ သူတို့ ဝေဟင်ကနေပဲ လုပ်တတ်တော့တာ” ဟု ပြောသည်။

စစ်ကောင်စီ၏ မြဝတီရုပ်သံကမူ လက်ယက်ကုန်းရွာမှတဆင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် PDF တို့က လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်မည် ဖြစ်ကြောင်းနှင့် ရွာဘုန်းကြီးကျောင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူများ၊ PDF များ ခိုအောင်းနေထိုင်လျက် ရှိပြီး ဒေသခံများနှင့် ခရီးသွား ပြည်သူများကို အဓမ္မဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းပေး တိုင်ကြားချက်ကြောင့် ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်ညပိုင်း သတင်းတွင် ကြေညာခဲ့သည်။

ထိုသို့ စစ်ဆေးစဉ် ပြည်သူများကို လူသားဒိုင်းအနေဖြင့် အကာအကွယ်ယူပြီး KIA နှင့် PDF တို့က တိုက်ခိုက်ခဲ့သည့် အတွက် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားခြင်းကြောင့် ဒေသခံများ သေဆုံးမှု ရှိခဲ့ကြောင်း သတင်းတွင် ကြေညာခဲ့ သော်လည်း မြေပြင်တွင် ထိတွေ့တိုက်ပွဲမျိုး ဖြစ်ပွားခြင်း မဟုတ်ဘဲ စစ်တပ်ကသာ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံများက ဆိုထားသည်။

အာဏာသိမ်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကလေးငယ်များ သေဆုံးသည့် အလားတူဖြစ်စဉ်များ စက်တင်ဘာ ၁၅ နှင့် ၁၇ ရက်တွင် ထပ်မံ ဖြစ်ပွားခဲ့သည်။

စက်တင်ဘာ ၁၅ ရက် ညပိုင်းက ရှမ်း- ကယား နယ်စပ်ရှိ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီး မွေတော်ဘုရားဘုန်းကြီးကျောင်းတွင် ကျရောက် ပေါက်ကွဲရာ စစ်ရှောင်များထဲမှ အသက် ၇ နှစ်နှင့် ၁၂ နှစ်အရွယ် ညီအစ်မနှစ်ဦး သေဆုံးခဲ့ပြီး၊ စက်တင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကုန်းရွာမှ စစ်ကောင်စီ တပ်က ပစ်ခတ်မှုကြောင့် မိဿလင်ကုန်းကျေးရွာနေ အသက် ၅ နှစ် အရွယ် ယောက်ျားလေး ၁ ဦး ရင်အုံထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။