Local News

ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ရွစ္ၿမိဳ႕နယ္လုံးကို စစ္အုပ္စုက ညမထြက္ရ ပုဒ္မ(၁၄၄)အမိန႔္ ထုတ္၊

ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ရွစ္ၿမိဳ႕နယ္လုံးကို စစ္အုပ္စုက ညမထြက္ရ ပုဒ္မ(၁၄၄)အမိန႔္ ထုတ္၊

လူတခ်ိဳက အမ်ားျပည္သူ လုံၿခဳံေရး ထိခိုက္ေအာင္ လုပ္ေန၍ဟု အေၾကာင္းျပ၊

MFP၊ စက္တင္ဘာ – ၁၈

စစ္အုပ္စုႏွင့္ အစိုးရဌာနေတြ ႐ုံးစိုက္ရာ ေနျပည္ေတာ္ ေကာင္စီနယ္ေျမက ၿမိဳနယ္ေတြ အားလုံးကို စက္တင္ဘာ(၁၇)ရက္က စတင္ၿပီး စစ္အုပ္စုက ညမထြက္ရအမိန႔္ ပုဒ္မ (၁၄၄) ထုတ္ျပန္လိုက္ပါတယ္။

ဥတၱရသီရီ၊ ပုဗၺသီရိစတဲ့ သီရိငါးၿမိဳနယ္ အပါအဝင္ လယ္ေဝး၊ တပ္ကုန္းႏွင့္ ပ်ဥ္းမနား စတဲ့ ေနျပည္ေတာ္ ေကာင္စီနယ္ေျမအျဖစ္ သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္လုံးကို ည(၁၂)နာရီကေန မနက္(၄)နာရီအတြင္း ညမထြက္ရအမိန႔္ႏွင့္ လူငါးဦးထက္ ပိုမို မစုေဝးဖို႔ တားျမစ္တဲ့ ပုဒ္မ (၁၄၄) အမိန႔္ ထုတ္ျပန္ေၾကာင္း စစ္အုပ္စုက ထုတ္ျပန္လိုက္တာပါ။

လူတခ်ိဳက အမ်ားျပည္သူ လုံၿခဳံေရးႏွင့္ တရားဥပေဒ စိုးမိုးေရး ပ်က္ျပားေအာင္ လုပ္ေဆာင္ေနၿပီး ရပ္႐ြာ ေအးခ်မ္း သာယာေရးကို ထိခိုက္ေစမယ့္ ႐ုန္းရင္းဆန္ခတ္မႈေတြ ျဖစ္ေပၚလာႏိုင္တယ္လို ယူဆတာေၾကာင့္ ပုဒ္မ (၁၄၄) ထုတ္ျပန္တာလို႔ စစ္အုပ္စုက ဆိုပါတယ္။

ေနျပည္ေတာ္ ေကာင္စီနယ္ေျမအတြင္း လမ္းမႀကီးမ်ား၊ အမ်ားျပည္သူ သြားလာရာ လမ္း၊ လမ္းၾကား၊ လမ္းသြယ္၊ ဥယဥ္ႏွင့္ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ေနရာေတြမွာ လူငါးဦး ဒါမွမဟုတ္ ငါးဦးထက္ပိုၿပီး စုေဝးျခင္း မျပဳဖို႔ႏွင့္

ေန႔စဥ္ ည(၁၂)နာရီမွ မနက္(၄)နာရီအတြင္း ညမထြက္ရအမိန႔္ ထုတ္ျပန္လိုက္တယ္လို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္အလိုက္ စစ္ေကာင္စီ ၿမိဳနယ္အုပ္ခ်ဳပ္ေရးမႉးေတြ လက္မွတ္ ေရးထိုးထားတဲ့ ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပပါတယ္။

ေနျပည္ေတာ္ ေကာင္စိနယ္ေျမအတြင္း ပုဒ္မ (၁၄၄) ထုတ္ျပန္ထားတဲ့ အမိန႔္ဟာ စက္တင္ဘာ(၁၇)ရက္က စတင္ၿပီး ေနာက္ထပ္အမိန႔္ တစုံတရာ မထုတ္ျပန္မခ်င္း အတည္ျဖစ္တယ္လို႔လည္း ပါရွိပါတယ္။

၂၀၀၈ အေျခခံ ဥပေဒအရ သမၼတရဲ႕ တိုက္႐ိုက္ ကြပ္ကဲ အုပ္ခ်ဳပ္မႈေအာက္မွာ ရွိတဲ့ ေနျပည္ေတာ္ ေကာင္စီနယ္ေျမကို ခ႐ိုင္ႏွစ္ခုနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္ၿပီး ဒကၡိဏခ႐ိုင္မွာ ဇမၺဴသီရီ၊ ဒကၡိဏသီရိ၊ ပ်ဥ္းမနားႏွင့္ လယ္ေဝး ေလးၿမိဳ႕နယ္ ပါဝင္ၿပီး ဥတၱရခ႐ိုင္မွာ ဥတၱရသီရိ၊ ေဇယ်ာသီရိ၊ ပုဗၺသီရိႏွင့္ တပ္ကုန္း ၿမိဳ႕နယ္ေတြ ပါဝင္ပါတယ္။

နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်လုံးကို စစ်အုပ်စုက ညမထွက်ရ ပုဒ်မ(၁၄၄)အမိန့် ထုတ်၊

လူတချိုက အများပြည်သူ လုံခြုံရေး ထိခိုက်အောင် လုပ်နေ၍ဟု အကြောင်းပြ၊

MFP၊ စက်တင်ဘာ – ၁၈

စစ်အုပ်စုနှင့် အစိုးရဌာနတွေ ရုံးစိုက်ရာ နေပြည်တော် ကောင်စီနယ်မြေက မြိုနယ်တွေ အားလုံးကို စက်တင်ဘာ(၁၇)ရက်က စတင်ပြီး စစ်အုပ်စုက ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်လိုက်ပါတယ်။

ဥတ္တရသီရီ၊ ပုဗ္ဗသီရိစတဲ့ သီရိငါးမြိုနယ် အပါအဝင် လယ်ဝေး၊ တပ်ကုန်းနှင့် ပျဉ်းမနား စတဲ့ နေပြည်တော် ကောင်စီနယ်မြေအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ရှစ်မြို့နယ်လုံးကို ည(၁၂)နာရီကနေ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်နှင့် လူငါးဦးထက် ပိုမို မစုဝေးဖို့ တားမြစ်တဲ့ ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်ကြောင်း စစ်အုပ်စုက ထုတ်ပြန်လိုက်တာပါ။

လူတချိုက အများပြည်သူ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပျက်ပြားအောင် လုပ်ဆောင်နေပြီး ရပ်ရွာ အေးချမ်း သာယာရေးကို ထိခိုက်စေမယ့် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို ယူဆတာကြောင့် ပုဒ်မ (၁၄၄) ထုတ်ပြန်တာလို့ စစ်အုပ်စုက ဆိုပါတယ်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း လမ်းမကြီးများ၊ အများပြည်သူ သွားလာရာ လမ်း၊ လမ်းကြား၊ လမ်းသွယ်၊ ဥယဉ်နှင့် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ လူငါးဦး ဒါမှမဟုတ် ငါးဦးထက်ပိုပြီး စုဝေးခြင်း မပြုဖို့နှင့်

နေ့စဉ် ည(၁၂)နာရီမှ မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ကောင်စီ မြိုနယ်အုပ်ချုပ်ရေးမှူးတွေ လက်မှတ် ရေးထိုးထားတဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။

နေပြည်တော် ကောင်စိနယ်မြေအတွင်း ပုဒ်မ (၁၄၄) ထုတ်ပြန်ထားတဲ့ အမိန့်ဟာ စက်တင်ဘာ(၁၇)ရက်က စတင်ပြီး နောက်ထပ်အမိန့် တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

၂၀၀၈ အခြေခံ ဥပဒေအရ သမ္မတရဲ့ တိုက်ရိုက် ကွပ်ကဲ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ နေပြည်တော် ကောင်စီနယ်မြေကို ခရိုင်နှစ်ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒက္ခိဏခရိုင်မှာ ဇမ္ဗူသီရီ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနားနှင့် လယ်ဝေး လေးမြို့နယ် ပါဝင်ပြီး ဥတ္တရခရိုင်မှာ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိနှင့် တပ်ကုန်း မြို့နယ်တွေ ပါဝင်ပါတယ်။