Local News

မႏၲေလးေဆး႐ုံႀကီးကို ကိုဗ-စ္လူနာ သြားပို႔တာ လက္မခံလို႔ အိမ္ျပန္ပို႔လိုက္ရ၊

မႏၲေလးေဆး႐ုံႀကီးကို ကိုဗ-စ္လူနာ သြားပို႔တာ လက္မခံလို႔ အိမ္ျပန္ပို႔လိုက္ရ၊

စစ္အုပ္စုက ကိုဗ-စ္ေရာဂါ ဗန္းျပၿပီး ျပည္သူကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနခ်ိန္ ေဆး႐ုံက လူနာ လက္မခံဘဲ ျဖစ္ေန၊

MFP ၊ စက္တင္ဘာ – ၁၈

မႏၲေလးၿမိဳ႕က ကိုဗ-စ္ ေရာဂါ ကူးစက္ခံရတဲ့ အမ်ိဳးသမီးတစ္ဦးကို မႏၲေလးေဆး႐ုံႀကီး သြားပို႔ရာမွာ ေဆး႐ုံက လက္မခံတဲ့အတြက္ အိမ္ျပန္ ပို႔လိုက္ရတယ္လို႔ ျမရည္နႏၵာ လူမႈကယ္ဆယ္ေရး အဖြဲ႕က ေျပာပါတယ္။

ဒီေန႔ စက္တင္ဘာ(၁၈)ရက္ မနက္ပိုင္း မႏၲေလး ေဆး႐ုံႀကီးကို ကိုဗစ္လူနာ သြားပို႔ရာမွာ တာဝန္က် ဆရာက လူနာက အေရးမႀကီးလို႔ အိမ္ျပန္ေခၚသြားဖို႔ ေျပာတာေၾကာင့္ ျပန္ပို႔ေပးလိုက္တယ္လို႔ ဆိုပါတယ္။

“ျပင္ပေဆး႐ုံမွ ဆက္သြယ္လားတဲ့အတြက္ ကိုဗ-စ္ (P) ထြက္ရွိ အမ်ိဳးသၼီးလူနာကို မႏၲေလးေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေသာ္လည္း တာဝန္က် ဆရာဝန္မွ လူနာမွာ အေရးမႀကီးေၾကာင္း ေျပာၿပီး ေနအိမ္ျပန္ေခၚသြား ေျပာတဲ့အတြက္ ေနအိမ္သို႔ ပို႔ေဆာင္ေပးခဲ့ပါတယ္။

မွတ္ခ်က္ – လူနာ O2 (ေအာက္ဆီဂ်င္) ေကာင္းတာနဲ႔ လက္မခံတာ ျဖစ္ေၾကာင္း မႏၲေလးေဆး႐ုံႀကီး တာဝန္က်ဆရာဝန္က‌ ေျပာၿပီး လက္မခံသည့္ အတြက္ ကိုဗ-စ္ ေနာက္ထပ္ လူနာမ်ားကို ဘယ္ပို႔ရမွာလဲ။ ကိုဗ-စ္ အတူ ေနထိုင္းသြားရေတာ့မယ္” လို႔ ျမရည္နႏၵာ လူမႈကယ္ဆယ္ေရး အဖြဲ႕က ေရးသားပါတယ္။

ကိုဗ-စ္ ေရာဂါ ကူးစက္ျဖစ္ပြားမႈေတြႏွင့္ ပတ္သက္ၿပီး ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကုသေရး အပိုင္းေတြမွာ ဘာမွ ထိထိေရာက္ေရာက္ လုပ္ေဆာင္ႏိုင္တာ မရွိေပမယ့္ စစ္အုပ္စုကေတာ့ ကိုဗစ္ေရာဂါ ကူးစက္မႈ ျမင့္တက္ေနတယ္လို႔ သတင္းျဖန႔္ၿပီး ျပည္သူကို ထိန္းခ်ဳပ္ဖို႔၊ စည္း႐ုံးဖို႔ ျပန္လည္ႀကိဳးစားလာေနပါတယ္။

ယခုရက္ပိုင္း မႏၲေလးၿမိဳ႕ေပၚက လူအသြားအလာမ်ားတဲ့ လမ္းမေတြ၊ ေဈးေတြမွာ စစ္အုပ္စုႏွင့္ စစ္အုပ္စု သစၥာခံ ဝန္ထမ္းေတြက Mask (ႏွာေခါင္းစည္း)ေတြ လိုက္ေဝတာ၊ စစ္အုပ္စုက ဖြင့္လွစ္ထားတဲ့ ႐ုံးဌာနေတြမွာ ကိုဗစ္ ကာကြယ္ေဆးထိုးဖို႔ စည္း႐ုံးတာေတြ လုပ္ေနတယ္လို႔ မႏၲေလးၿမိဳ႕ခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ (၁၁) ရက္က မႏၲေလးၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ကန္ေကာက္(အေရွ႕)ရပ္ကြက္ထဲ ႀကိဳးဆြဲခ် ေသဆုံးခဲ့တဲ့ သူနာျပဳ အမ်ိဳးသမီးရဲ႕ အေလာင္းကို စစ္ေဆးရာ ကိုဗစ္ေရာဂါပိုး ေတြ႕တယ္လို႔ စစ္အုပ္စုဘက္က ေျပာၿပီး မႏၲေလးမွာ ကိုဗစ္ ေရာဂါ ကူးစက္မႈ ျပန္လည္ျမင့္တက္ေနတယ္လို႔ စစ္ေလာ္ဘီေတြက သတင္းျဖန႔္ပါတယ္။

Mandalay_Free_Press

မန္တလေးဆေးရုံကြီးကို ကိုဗ-စ်လူနာ သွားပို့တာ လက်မခံလို့ အိမ်ပြန်ပို့လိုက်ရ၊

စစ်အုပ်စုက ကိုဗ-စ်ရောဂါ ဗန်းပြပြီး ပြည်သူကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန် ဆေးရုံက လူနာ လက်မခံဘဲ ဖြစ်နေ၊

MFP ၊ စက်တင်ဘာ – ၁၈

မန္တလေးမြို့က ကိုဗ-စ် ရောဂါ ကူးစက်ခံရတဲ့ အမျိုးသမီးတစ်ဦးကို မန္တလေးဆေးရုံကြီး သွားပို့ရာမှာ ဆေးရုံက လက်မခံတဲ့အတွက် အိမ်ပြန် ပို့လိုက်ရတယ်လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေး အဖွဲ့က ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၁၈)ရက် မနက်ပိုင်း မန္တလေး ဆေးရုံကြီးကို ကိုဗစ်လူနာ သွားပို့ရာမှာ တာဝန်ကျ ဆရာက လူနာက အရေးမကြီးလို့ အိမ်ပြန်ခေါ်သွားဖို့ ပြောတာကြောင့် ပြန်ပို့ပေးလိုက်တယ်လို့ ဆိုပါတယ်။

“ပြင်ပဆေးရုံမှ ဆက်သွယ်လားတဲ့အတွက် ကိုဗ-စ် (P) ထွက်ရှိ အမျိုးသ္မီးလူနာကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်သော်လည်း တာဝန်ကျ ဆရာဝန်မှ လူနာမှာ အရေးမကြီးကြောင်း ပြောပြီး နေအိမ်ပြန်ခေါ်သွား ပြောတဲ့အတွက် နေအိမ်သို့ ပို့ဆောင်ပေးခဲ့ပါတယ်။

မှတ်ချက် – လူနာ O2 (အောက်ဆီဂျင်) ကောင်းတာနဲ့ လက်မခံတာ ဖြစ်ကြောင်း မန္တလေးဆေးရုံကြီး တာဝန်ကျဆရာဝန်က‌ ပြောပြီး လက်မခံသည့် အတွက် ကိုဗ-စ် နောက်ထပ် လူနာများကို ဘယ်ပို့ရမှာလဲ။ ကိုဗ-စ် အတူ နေထိုင်းသွားရတော့မယ်” လို့ မြရည်နန္ဒာ လူမှုကယ်ဆယ်ရေး အဖွဲ့က ရေးသားပါတယ်။

ကိုဗ-စ် ရောဂါ ကူးစက်ဖြစ်ပွားမှုတွေနှင့် ပတ်သက်ပြီး ရောဂါထိန်းချုပ်ရေးနှင့် ကုသရေး အပိုင်းတွေမှာ ဘာမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်တာ မရှိပေမယ့် စစ်အုပ်စုကတော့ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်နေတယ်လို့ သတင်းဖြန့်ပြီး ပြည်သူကို ထိန်းချုပ်ဖို့၊ စည်းရုံးဖို့ ပြန်လည်ကြိုးစားလာနေပါတယ်။

ယခုရက်ပိုင်း မန္တလေးမြို့ပေါ်က လူအသွားအလာများတဲ့ လမ်းမတွေ၊ ဈေးတွေမှာ စစ်အုပ်စုနှင့် စစ်အုပ်စု သစ္စာခံ ဝန်ထမ်းတွေက Mask (နှာခေါင်းစည်း)တွေ လိုက်ဝေတာ၊ စစ်အုပ်စုက ဖွင့်လှစ်ထားတဲ့ ရုံးဌာနတွေမှာ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ စည်းရုံးတာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ (၁၁) ရက်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်(အရှေ့)ရပ်ကွက်ထဲ ကြိုးဆွဲချ သေဆုံးခဲ့တဲ့ သူနာပြု အမျိုးသမီးရဲ့ အလောင်းကို စစ်ဆေးရာ ကိုဗစ်ရောဂါပိုး တွေ့တယ်လို့ စစ်အုပ်စုဘက်က ပြောပြီး မန္တလေးမှာ ကိုဗစ် ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်နေတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

Mandalay_Free_Press