Local News

တိပိဋက ယောဆရာတော်ကြီး၏ “တိပိဋက မေတ္တာဆေးရုံ” ကို စစ်တပ် က ဝင်ရောက်စီးနင်း

တိပိဋက ေယာဆရာေတာ္ႀကီး၏ “တိပိဋက ေမတၱာေဆး႐ုံ” ကို စစ္တပ္ က ဝင္ေရာက္စီးနင္းၿပီး ဆရာေတာ္ဘုရား၏ ညီေတာ္ အရင္း အသက္ ၇၀ အ႐ြယ္ အဘိုးအိုဦးသာဒင္ကို စစ္ တပ္က ႐ိုက္ႏွက္၊ ေဆး႐ုံ ဝန္ထမ္းမ်ားထံမွ ေ႐ႊ၊ေငြမ်ား စစ္တပ္ လုယူ

ရန္ကုန္၊ စက္တင္ဘာ ၁၈

မေကြးတိုင္း၊ ဂန႔္ေဂါၿမိဳ႕နယ္၊ တိပိဋက ေယာဆရာေတာ္ႀကီး၏ ေမြးဖြားရာဇာတိ လက္ပန္႐ြာရွိ ” တိပိဋက ေမတၱာေဆး႐ုံ ” ကို စစ္ေကာင္စီ တပ္က အၾကမ္း ဖက္ ဝင္ေရာက္စီးနင္းရွာေဖြကာ ဆရာဝန္၊သူနာျပဳမ်ားထံမွ ေ႐ႊ၊ေငြ လက္ဝတ္ရတနာမ်ားကို ယူေဆာင္သြားသည္။

စက္တင္ဘာလ ၅ ရက္ေန႔မနက္ ၉ နာရီခြဲခန္႔တြင္ စစ္ေကာင္စီတပ္မွ စစ္သား ၁၅ ေယာက္ခန္႔ ျမင္းဇာ႐ြာမွလမ္းျပ ၂ ေယာက္ႏွင့္အတူ ႐ြာ အဝင္ကတည္းက လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ၿပီး ေဆး႐ုံထဲကို ဝင္လာၾကေၾကာင္း မ်က္ျမင္ေတြ႕သူကဆိုသည္။

ေယာဆရာေတာ္ႀကီး၏ ညီအရင္းျဖစ္သူ ဦးသာဒင္ အသက္ ၇၀ေက်ာ္အဘိုးအိုကိုလည္း ဖမ္းဆီး႐ိုက္ႏွက္ေနရာ ေယာဆရာေတာ္ႀကီး၏ ညီအရင္းျဖစ္ ေၾကာင္း ေျပာျပမွ ျပန္လႊတ္ေပးေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။

ေဆး႐ုံေရာက္ေသာအခါ ဆရာဝန္၊ သူနာျပဳ၊ ဝန္ထမ္းမ်ားကို စုထိုင္ခိုင္းၿပီး ဖုန္းမ်ားကို သိမ္းယူ၍ ေဆးခန္းအတြင္းကို အေသးစိတ္ဝင္ရွာၾကၿပီး ေ႐ႊ၊ ေငြမ်ားကို ယူသြားၾကေၾကာင္း ၊ PDF မ်ားကို ေဆးမကုေပးရဟုဆိုကာ လက္မွတ္ထိုးခိုင္းေၾကာင္း စုံစမ္းသိရွိရသည္။

ျမင္းဇာ႐ြာမွေခၚလာေသာ လမ္းျပ ၂ ေယာက္အနက္မွ လမ္းျပတစ္ေယာက္ ၏ဇနီးက တိပိဋကေမတၱာေဆး႐ုံ၌ မီးဖြားေနသျဖင့္ ေ႐ႊလက္စြပ္တစ္ကြင္းကို ကေလးအတြက္ ခမဲေပးသည္ဆိုကာေပးသြားေၾကာင္း၊ ယင္းလက္စြပ္မွာ တျခား႐ြာမွ လုယူလာေသာ လက္စြပ္ျဖစ္ေၾကာင္း မ်က္ျမင္ေတြ႕သူတစ္ဦးက ထပ္မံေျပာဆိုသည္။

တိပိဋကေယာဆရာေတာ္ႀကီးသည္ တိပိဋကေမတၱာေဆး႐ုံအတြက္ ေငြက်ပ္သိန္းေပါင္း ေလးေသာင္းေက်ာ္ျဖင့္ မတည္လႉဒါန္းထားၿပီး ဆရာဝန္သုံးဦး၊ သူနာျပဳမ်ား၊ ဝန္ထမ္းမ်ားအား စရိတ္ၿငိမ္း ေနထိုင္စားေသာက္ႏိုင္ရန္ စီစဥ္ေပးထားကာ လစာေငြမ်ားေပးသည့္အျပင္ ေလးလတစ္ႀကိမ္ ထိုက္ထိုက္တန္တန္ ဆုမ်ားခ်ီးျမႇင့္ေပးၿပီး ေဒသအတြင္းရွိ ျပည္သူမ်ားအား အခမဲ့ေဆးကုသေနသည္မွာ (၂၀၁၄) ခုႏွစ္မွစ၍ ယေန႔အခ်ိန္အထိ ျဖစ္သည္။

ေယာဆရာေတာ္ႀကီးက ေမတၱာေဆး႐ုံ ဝင္စီးခံရမႈ၊ ညီေတာ္အရင္းျဖစ္သူ ႐ိုက္ႏွက္ခံရမႈ၊ က်န္းမာေရးဝန္ထမ္းမ်ားထံမွ ပစၥည္းမ်ား အလုခံရမႈ သတင္းမ်ားကို ၾကားသျဖင့္ မ်က္ႏွာမေကာင္းျဖစ္ေနၿပီး ေမတၱာပို႔၊ သစၥာဆိုရန္သာ မိန္႔ဆိုေၾကာင္း ဆရာေတာ္အနီးတြင္ ေနသူတစ္ဦးကဆိုသည္။

စစ္တပ္ဝင္လာသျဖင့္ လက္ပန္႐ြာတြင္ ေနထိုင္ေသာ ႐ြာသူ႐ြာသားမ်ားမွာ ေၾကာက္႐ြံၿပီး ေနအိမ္မ်ားကိုစြန္႔ခြာ ထြက္ေျပးၾကေၾကာင္း၊ လူမရွိေသာအိမ္မ်ားမွ ေ႐ႊ၊ ေငြမ်ားႏွင့္ အဖိုးတန္ပစၥည္းမ်ားကို စစ္တပ္က လုယက္ယူေဆာင္သြားၾကေၾကာင္း၊ ေလျဖတ္ေနသျဖင့္ ထြက္မေျပးႏိုင္သည့္ အဘိုးအိုအိမ္ထံမွ ဝက္တစ္ေကာင္ကိုယူၿပီး သတ္စားၾကေၾကာင္း သိရသည္။

“ဦးေဆာင္သူဗိုလ္ႀကီးဆိုသူက သူ႔တပ္ခြဲက ရဲေဘာ္ေတြကိုေတာ့ သူတာဝန္ယူတယ္၊ က်န္တဲ့သူေတြကိုေတာ့ သူတာဝန္ မယူႏိုင္ဘူး၊ မတစ္ေထာင္သားေတြ ျဖစ္ေနလို႔ ဘာမွေျပာလို႔ ရမွာမဟုတ္ဘူး၊ သူတို႔လုပ္ခ်င္တာ လုပ္မွာပဲ ” ဟုေျပာေၾကာင္း ေဒသခံတစ္ဦးကဆိုသည္။

စက္တင္ဘာလ ၆ ရက္ေန႔မနက္ပိုင္းတြင္ လက္ပန္႐ြာမွ ျပန္ထြက္သြားၾကၿပီးေနာက္ ယင္းေန႔ညေန ၄ နာရီခြဲတြင္ ထပ္မံျပန္ေရာက္လာကာ ” ေယာဆရာ ေတာ္ႀကီးရဲ႕ ႐ြာျဖစ္ေနလို႔ မီးမရႈိ႕တာ၊ မဟုတ္ရင္ ျပာပုံျဖစ္သြားမယ္၊ ဆရာေတာ္ႀကီးကို အမဂၤလာသတင္းေတြ မၾကားေစခ်င္လို႔ မလုပ္တာ ” ဟုေျပာၿပီး ႐ြာတြင္ တစ္ညအိပ္သြားေၾကာင္း ေဒသခံမ်ားကဆိုသည္။

စစ္အာဏာမသိမ္းခင္က ေန႔စဥ္ လူနာရာနဲ႔ခ်ီၿပီး အခမဲ့ကုသေပးေနသည့္ ေဆး ႐ုံ ျဖစ္ၿပီး ကေလးၿမိဳ႕၊ တမူးၿမိဳ႕ႏွင့္ ခ်င္ျပည္နယ္မွ ေဒသေနျပည္သူမ်ား အား ကိုးအားထား ျပဳေနရေသာ ေဆး႐ုံျဖစ္သည္။

ဓာတ္ပုံ- ေယာဆရာေတာ္ႀကီး။

တိပိဋက ယောဆရာတော်ကြီး၏ “တိပိဋက မေတ္တာဆေးရုံ” ကို စစ်တပ် က ဝင်ရောက်စီးနင်းပြီး ဆရာတော်ဘုရား၏ ညီတော် အရင်း အသက် ၇၀ အရွယ် အဘိုးအိုဦးသာဒင်ကို စစ် တပ်က ရိုက်နှက်၊ ဆေးရုံ ဝန်ထမ်းများထံမှ ရွှေ၊ငွေများ စစ်တပ် လုယူ

ရန်ကုန်၊ စက်တင်ဘာ ၁၈

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တိပိဋက ယောဆရာတော်ကြီး၏ မွေးဖွားရာဇာတိ လက်ပန်ရွာရှိ ” တိပိဋက မေတ္တာဆေးရုံ ” ကို စစ်ကောင်စီ တပ်က အကြမ်း ဖက် ဝင်ရောက်စီးနင်းရှာဖွေကာ ဆရာဝန်၊သူနာပြုများထံမှ ရွှေ၊ငွေ လက်ဝတ်ရတနာများကို ယူဆောင်သွားသည်။

စက်တင်ဘာလ ၅ ရက်နေ့မနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ စစ်သား ၁၅ ယောက်ခန့် မြင်းဇာရွာမှလမ်းပြ ၂ ယောက်နှင့်အတူ ရွာ အဝင်ကတည်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဆေးရုံထဲကို ဝင်လာကြကြောင်း မျက်မြင်တွေ့သူကဆိုသည်။

ယောဆရာတော်ကြီး၏ ညီအရင်းဖြစ်သူ ဦးသာဒင် အသက် ၇၀ကျော်အဘိုးအိုကိုလည်း ဖမ်းဆီးရိုက်နှက်နေရာ ယောဆရာတော်ကြီး၏ ညီအရင်းဖြစ် ကြောင်း ပြောပြမှ ပြန်လွှတ်ပေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။

ဆေးရုံရောက်သောအခါ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းများကို စုထိုင်ခိုင်းပြီး ဖုန်းများကို သိမ်းယူ၍ ဆေးခန်းအတွင်းကို အသေးစိတ်ဝင်ရှာကြပြီး ရွှေ၊ ငွေများကို ယူသွားကြကြောင်း ၊ PDF များကို ဆေးမကုပေးရဟုဆိုကာ လက်မှတ်ထိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။

မြင်းဇာရွာမှခေါ်လာသော လမ်းပြ ၂ ယောက်အနက်မှ လမ်းပြတစ်ယောက် ၏ဇနီးက တိပိဋကမေတ္တာဆေးရုံ၌ မီးဖွားနေသဖြင့် ရွှေလက်စွပ်တစ်ကွင်းကို ကလေးအတွက် ခမဲပေးသည်ဆိုကာပေးသွားကြောင်း၊ ယင်းလက်စွပ်မှာ တခြားရွာမှ လုယူလာသော လက်စွပ်ဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ထပ်မံပြောဆိုသည်။

တိပိဋကယောဆရာတော်ကြီးသည် တိပိဋကမေတ္တာဆေးရုံအတွက် ငွေကျပ်သိန်းပေါင်း လေးသောင်းကျော်ဖြင့် မတည်လှူဒါန်းထားပြီး ဆရာဝန်သုံးဦး၊ သူနာပြုများ၊ ဝန်ထမ်းများအား စရိတ်ငြိမ်း နေထိုင်စားသောက်နိုင်ရန် စီစဥ်ပေးထားကာ လစာငွေများပေးသည့်အပြင် လေးလတစ်ကြိမ် ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်ပေးပြီး ဒေသအတွင်းရှိ ပြည်သူများအား အခမဲ့ဆေးကုသနေသည်မှာ (၂၀၁၄) ခုနှစ်မှစ၍ ယနေ့အချိန်အထိ ဖြစ်သည်။

ယောဆရာတော်ကြီးက မေတ္တာဆေးရုံ ဝင်စီးခံရမှု၊ ညီတော်အရင်းဖြစ်သူ ရိုက်နှက်ခံရမှု၊ ကျန်းမာရေးဝန်ထမ်းများထံမှ ပစ္စည်းများ အလုခံရမှု သတင်းများကို ကြားသဖြင့် မျက်နှာမကောင်းဖြစ်နေပြီး မေတ္တာပို့၊ သစ္စာဆိုရန်သာ မိန့်ဆိုကြောင်း ဆရာတော်အနီးတွင် နေသူတစ်ဦးကဆိုသည်။

စစ်တပ်ဝင်လာသဖြင့် လက်ပန်ရွာတွင် နေထိုင်သော ရွာသူရွာသားများမှာ ကြောက်ရွံပြီး နေအိမ်များကိုစွန့်ခွာ ထွက်ပြေးကြကြောင်း၊ လူမရှိသောအိမ်များမှ ရွှေ၊ ငွေများနှင့် အဖိုးတန်ပစ္စည်းများကို စစ်တပ်က လုယက်ယူဆောင်သွားကြကြောင်း၊ လေဖြတ်နေသဖြင့် ထွက်မပြေးနိုင်သည့် အဘိုးအိုအိမ်ထံမှ ဝက်တစ်ကောင်ကိုယူပြီး သတ်စားကြကြောင်း သိရသည်။

“ဦးဆောင်သူဗိုလ်ကြီးဆိုသူက သူ့တပ်ခွဲက ရဲဘော်တွေကိုတော့ သူတာဝန်ယူတယ်၊ ကျန်တဲ့သူတွေကိုတော့ သူတာဝန် မယူနိုင်ဘူး၊ မတစ်ထောင်သားတွေ ဖြစ်နေလို့ ဘာမှပြောလို့ ရမှာမဟုတ်ဘူး၊ သူတို့လုပ်ချင်တာ လုပ်မှာပဲ ” ဟုပြောကြောင်း ဒေသခံတစ်ဦးကဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့မနက်ပိုင်းတွင် လက်ပန်ရွာမှ ပြန်ထွက်သွားကြပြီးနောက် ယင်းနေ့ညနေ ၄ နာရီခွဲတွင် ထပ်မံပြန်ရောက်လာကာ ” ယောဆရာ တော်ကြီးရဲ့ ရွာဖြစ်နေလို့ မီးမရှို့တာ၊ မဟုတ်ရင် ပြာပုံဖြစ်သွားမယ်၊ ဆရာတော်ကြီးကို အမင်္ဂလာသတင်းတွေ မကြားစေချင်လို့ မလုပ်တာ ” ဟုပြောပြီး ရွာတွင် တစ်ညအိပ်သွားကြောင်း ဒေသခံများကဆိုသည်။

စစ်အာဏာမသိမ်းခင်က နေ့စဥ် လူနာရာနဲ့ချီပြီး အခမဲ့ကုသပေးနေသည့် ဆေး ရုံ ဖြစ်ပြီး ကလေးမြို့၊ တမူးမြို့နှင့် ချင်ပြည်နယ်မှ ဒေသနေပြည်သူများ အား ကိုးအားထား ပြုနေရသော ဆေးရုံဖြစ်သည်။

ဓာတ်ပုံ- ယောဆရာတော်ကြီး။