Local News

သာယာဝတီက စစ္သားေတြ ေသနတ္အပစ္ျပၿပီး က်ည္ဆံေတြကို ပ်ဴေစာထီးနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြဆီ ေရာင္းစား

သာယာဝတီက စစ္သားေတြ ေသနတ္အပစ္ျပၿပီး က်ည္ဆံေတြကို ပ်ဴေစာထီးနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြဆီ ေရာင္းစား

သာယာဝတီ၊ စက္တင္ဘာ ၁၈၊ ၂၀၂၂။

ပဲခူးတိုင္း(အေနာက္ျခမ္း)၊ သာယာဝတီခ႐ိုင္၊ သာယာဝတီၿမိဳ႕နယ္က စစ္ေကာင္စီတပ္ေတြဟာ က်ည္ဆံေတြကို လက္နက္ကိုင္ေဆာင္ခြင့္ရွိတဲ့ ပ်ဴေစာထီးေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြဆီကို ျပန္လည္ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

သာယာဝတီ၊ သာယာေအး႐ြာ အေျခစိုက္ ခလရ ၃၅ တပ္က ၿမိဳ႕အတြင္းတပ္စြဲထားတဲ့ စစ္ေကာင္စီတပ္သားေတြဟာ ညတိုင္းလိုလို ေသနတ္ပစ္ေဖာက္က်ည္အထြက္ျပၿပီး ျပန္လည္ေရာင္းခ်ေနတာျဖစ္ၿပီး က်ည္ဆံ တေတာင့္ကို ၆ ေထာင္က်ပ္ ကေန ၈၀၀၀ က်ပ္အထိရရွိတယ္လို႔ ဆိုပါတယ္။

သာယာဝတီၿမိဳ႕နယ္အတြင္းမွာ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးေတြ မၾကာခဏဆိုသလို ပစ္သတ္ခံေနရလို႔ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရာအိမ္မႉးေတြဟာ သူတို႔အစီအစဥ္နဲ႔ လက္နက္ကိုင္ေဆာင္ေနရတာေၾကာင့္ က်ည္ဆံဝယ္လိုအားျမင့္တက္ေနတာလို႔ ဆိုပါတယ္။

စစ္ေကာင္စီတပ္သားေတြရဲ႕က်ည္ဆံေတြကိုေတာ့ သာယာေအး႐ြာ၊ မာလကာကုန္း႐ြာက ႀကံ့ခိုင္ေရးပါတီဝင္ပ်ဴေစာထီးေတြကေနတဆင့္ ေက်း႐ြာအလိုက္ လက္နက္ကိုင္ ပ်ဴေစာထီးေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြကို ျပန္လည္ေရာင္းခ်ေနတာလို႔ ေဒသခံတဦးက ေျပာပါတယ္။

“ညဘက္ဆိုအေၾကာင္းမရွိအေၾကာင္းရွာၿပီး ေသနတ္ေတြ ပစ္ေဖာက္တယ္။ ဟိုဟာေတြ႕သလို၊ ဒီဟာေတြ႕သလိုနဲ႔ပစ္တာ၊ အပစ္ျပတာေပါ့။ ၿပီးရင္က်ည္ဘယ္ ေလာက္သုံးလိုက္ပါတယ္ဆိုတာမ်ိဳး စာရင္းတင္တယ္။ အဲ့ကပိုတဲ့က်ည္ဆံေတြကို မာလကာကုန္း႐ြာက ႀကံခိုင္ေရးပါတီက ေဇာ္မင္းထြန္းဆိုတဲ့ေကာင္ပါတယ္။ ေနာက္ႀကံ့ခိုင္ေရးကဘဲ ၂ ေယာက္ရွိေသးတယ္။

သူတို႔က ကပြဲစားလုပ္ၿပီး က်ည္ဆံလိုတဲ့ ပ်ဴနဲ႔အုပ္ႀကီးေတြဆီေရာင္းေနတာ၊ ပုံမွန္ဆို တေတာင့္ကို ၆၀၀၀ – ၈၀၀၀ ေလာက္ရတယ္။ တအားလိုေနတဲ့အခ်ိန္ဆို ၁ ေသာင္းေလာက္ထိေဈးရတယ္လို႔သိရတယ္” လို႔ ခလရ ၃၅ တပ္နဲ႔ နီးစပ္တဲ့သာယာဝတီၿမိဳ႕ခံတဦးက ေျမလတ္အသံကို ေျပာပါတယ္။

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္အတြင္း ေက်း႐ြာအလိုက္ဖြဲ႕ထားတဲ့ ပ်ဴေစာထီးေတြမွာလည္း လက္နက္ကိုင္ေဆာင္ေနတာရွိၿပီး သူတို႔က်ည္ဆံလိုအပ္တဲ့အေပၚ စစ္ေကာင္စီတပ္က အခုလိုေရာင္းခ်ေပးေနတာလို႔ သိရပါတယ္။

ေျမလတ္အသံ

သာယာဝတီက စစ်သားတွေ သေနတ်အပစ်ပြပြီး ကျည်ဆံတွေကို ပျူစောထီးနဲ့ အုပ်ချုပ်ရေးမှူးတွေဆီ ရောင်းစား

သာယာဝတီ၊ စက်တင်ဘာ ၁၈၊ ၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်က စစ်ကောင်စီတပ်တွေဟာ ကျည်ဆံတွေကို လက်နက်ကိုင်ဆောင်ခွင့်ရှိတဲ့ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေဆီကို ပြန်လည်ရောင်းချနေတယ်လို့ သိရပါတယ်။

သာယာဝတီ၊ သာယာအေးရွာ အခြေစိုက် ခလရ ၃၅ တပ်က မြို့အတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ညတိုင်းလိုလို သေနတ်ပစ်ဖောက်ကျည်အထွက်ပြပြီး ပြန်လည်ရောင်းချနေတာဖြစ်ပြီး ကျည်ဆံ တတောင့်ကို ၆ ထောင်ကျပ် ကနေ ၈၀၀၀ ကျပ်အထိရရှိတယ်လို့ ဆိုပါတယ်။

သာယာဝတီမြို့နယ်အတွင်းမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ မကြာခဏဆိုသလို ပစ်သတ်ခံနေရလို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေဟာ သူတို့အစီအစဉ်နဲ့ လက်နက်ကိုင်ဆောင်နေရတာကြောင့် ကျည်ဆံဝယ်လိုအားမြင့်တက်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ကျည်ဆံတွေကိုတော့ သာယာအေးရွာ၊ မာလကာကုန်းရွာက ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးတွေကနေတဆင့် ကျေးရွာအလိုက် လက်နက်ကိုင် ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရောင်းချနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ညဘက်ဆိုအကြောင်းမရှိအကြောင်းရှာပြီး သေနတ်တွေ ပစ်ဖောက်တယ်။ ဟိုဟာတွေ့သလို၊ ဒီဟာတွေ့သလိုနဲ့ပစ်တာ၊ အပစ်ပြတာပေါ့။ ပြီးရင်ကျည်ဘယ် လောက်သုံးလိုက်ပါတယ်ဆိုတာမျိုး စာရင်းတင်တယ်။ အဲ့ကပိုတဲ့ကျည်ဆံတွေကို မာလကာကုန်းရွာက ကြံခိုင်ရေးပါတီက ဇော်မင်းထွန်းဆိုတဲ့ကောင်ပါတယ်။ နောက်ကြံ့ခိုင်ရေးကဘဲ ၂ ယောက်ရှိသေးတယ်။

သူတို့က ကပွဲစားလုပ်ပြီး ကျည်ဆံလိုတဲ့ ပျူနဲ့အုပ်ကြီးတွေဆီရောင်းနေတာ၊ ပုံမှန်ဆို တတောင့်ကို ၆၀၀၀ – ၈၀၀၀ လောက်ရတယ်။ တအားလိုနေတဲ့အချိန်ဆို ၁ သောင်းလောက်ထိဈေးရတယ်လို့သိရတယ်” လို့ ခလရ ၃၅ တပ်နဲ့ နီးစပ်တဲ့သာယာဝတီမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း ကျေးရွာအလိုက်ဖွဲ့ထားတဲ့ ပျူစောထီးတွေမှာလည်း လက်နက်ကိုင်ဆောင်နေတာရှိပြီး သူတို့ကျည်ဆံလိုအပ်တဲ့အပေါ် စစ်ကောင်စီတပ်က အခုလိုရောင်းချပေးနေတာလို့ သိရပါတယ်။

မြေလတ်အသံ