Local News

အသက္ ၁၂ ႏွစ္အ႐ြယ္ ကေလးအပါအဝင္

အသက္ ၁၂ ႏွစ္အ႐ြယ္ ကေလးအပါအဝင္ ၅ ေလ-ာင္းၿပိဳင္လူသ–တ္မႈျဖစ္ပြား

စက္တင္ဘာ ၁၈-၂၀၂၂

VOM (GG)

ျပင္ဦးလြင္ၿမိဳ႕နယ္ ၊စည္းကား႐ြာကၾကက္ေမြးျမဴေရးၿခံတခုမွာ ဒီေန႔ စက္တင္ဘာလ ၁၈ ရက္ေန႔မွာ ၅ ေလာင္းၿပိဳင္လူသတ္မႈ ျဖစ္ပြားခဲ့တယ္လို႔သိရပါတယ္။

အသတ္ခံရသူေတြက မိန္းကေလး ၃ ေယာက္နဲ႔ ေယာက်္ားေလး ၂ ေယာက္ျဖစ္ၿပီး ၾကက္ၿခံထဲမွာ အသတ္ခံထားရတာျဖစ္ေၾကာင္း၊ အသတ္ခံရသူေတြထဲမွာ အသက္ ၁၂ ႏွစ္အ႐ြယ္ကေလးလည္းပါဝင္တယ္လို႔ ကူညီကယ္ဆယ္ေရးလုပ္ခဲ့တဲ့ ျပင္ဦးလြင္ နာေရးကူညီမႈအသင္းကေန သိရပါတယ္။

“၁၁ နာရီေလာက္သိရတယ္၊ၾကက္ၿခံထဲမွာျဖစ္တာပါ။အသတ္ခံရတာက မိသားစုေတြလို႔ေတာ့ေျပာတယ္။ တေယာက္က အသက္ရွိေသးတယ္ ေဆး႐ုံေရာက္မွဆုံးတာ။အသတ္ခံထားရတာက ဒီေန႔ မနက္အေစာႀကီးတို႔၊ ညပိုင္းတို႔ လူမရွိခ်ိန္အသတ္ခံရတယ္လို႔ထင္တယ္။ “လို႔ ျပင္ဦးလြင္ နာေရးကူညီမႈအသင္းအဖြဲ႕ဝင္တဦးကေျပာပါတယ္။

အသတ္ခံရ သူ၅ေယာက္လုံးဟာ ၾကက္ၿခံမွာအလုပ္လုပ္ကိုင္ေနသူေတြျဖစ္​ၿပီး အားလုံးမွာ ဓားခုတ္ဒဏ္ရာေတြ ေတြ႕ရွိရတယ္လို႔သိရပါတယ္။

လက္ရွိမွာ ေသဆုံးသူ႐ုပ္အေလာင္း ၅ ေလာင္းကို ျပင္ဦးလြင္ ျပည္သူ႔ေဆး႐ုံကိုပို႔ေဆာင္ထား​ၿပီး သက္ဆိုင္ရာ ရဲတပ္ဖြဲ႕ကေတာ့ ေလာေလာဆယ္မွာ တရားခံကိုဖမ္းဆီးရမိေရး အမႈဖြင့္ေဆာင္႐ြက္ေနတယ္လို္႔သိရပါတယ္။

အသက် ၁၂ နှစ်အရွယ် ကလေးအပါအဝင် ၅ လေ-ာင်းပြိုင်လူသ–တ်မှုဖြစ်ပွား

စက်တင်ဘာ ၁၈-၂၀၂၂

VOM (GG)

ပြင်ဦးလွင်မြို့နယ် ၊စည်းကားရွာကကြက်မွေးမြူရေးခြံတခုမှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ၅ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အသတ်ခံရသူတွေက မိန်းကလေး ၃ ယောက်နဲ့ ယောကျ်ားလေး ၂ ယောက်ဖြစ်ပြီး ကြက်ခြံထဲမှာ အသတ်ခံထားရတာဖြစ်ကြောင်း၊ အသတ်ခံရသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ်ကလေးလည်းပါဝင်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

“၁၁ နာရီလောက်သိရတယ်၊ကြက်ခြံထဲမှာဖြစ်တာပါ။အသတ်ခံရတာက မိသားစုတွေလို့တော့ပြောတယ်။ တယောက်က အသက်ရှိသေးတယ် ဆေးရုံရောက်မှဆုံးတာ။အသတ်ခံထားရတာက ဒီနေ့ မနက်အစောကြီးတို့၊ ညပိုင်းတို့ လူမရှိချိန်အသတ်ခံရတယ်လို့ထင်တယ်။ “လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းအဖွဲ့ဝင်တဦးကပြောပါတယ်။

အသတ်ခံရ သူ၅ယောက်လုံးဟာ ကြက်ခြံမှာအလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး အားလုံးမှာ ဓားခုတ်ဒဏ်ရာတွေ တွေ့ရှိရတယ်လို့သိရပါတယ်။

လက်ရှိမှာ သေဆုံးသူရုပ်အလောင်း ၅ လောင်းကို ပြင်ဦးလွင် ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ လောလောဆယ်မှာ တရားခံကိုဖမ်းဆီးရမိရေး အမှုဖွင့်ဆောင်ရွက်နေတယ်လို့်သိရပါတယ်။