Local News

စစ္ေကာင္စီသေဘၤာ

စစ္ေကာင္စီသေဘၤာ လက္နက္ႀကီးျဖင့္ပစ္ခံရၿပီးေနာက္ ရဲသတင္းေပး ၂ ဦးအပါ ၄ ဦးကို စစ္ေကာင္စီဖမ္းဆီး

ေျမလတ္အသံ၊ စက္တင္ဘာ ၁၈၊ ၂၀၂၂။

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕၊ သေဘၤာဆိပ္တြင္ စစ္ေကာင္စီ၏ေထာက္ပို႔သေဘၤာတစီးကို ရကၡိဳင့္ တပ္ေတာ္(AA)က လက္နက္ႀကီးျဖင့္ပစ္ခတ္ခဲ့ၿပီးေနာက္ ရဲသတင္းေပး ၂ ဦးအပါ ၄ ဦးကို စစ္ေကာင္စီကဖမ္းဆီးထားသည္ဟု သိရသည္။

ဖမ္းဆီးခံရသူမ်ားမွာ ေခ်ာင္းေကာက္ရပ္ကြက္မွ ဦးထြန္းခ်စ္ ၅၈ ႏွစ္၊ ဂူတာရပ္ကြက္မွ ရႈေထာင့္သတင္းစုံဂ်ာနယ္တြင္ လုပ္ကိုင္ေနသည့္ ရဲသတင္းေပး ကိုဦး ႏွင့္ စိုးဝင္းေခ်၊ မႈိဟင္းေတာ‌ေက်း႐ြာ မွ ဦးေက်ာ္ေသာင္းတို႔ ျဖစ္ၾကသည္။

ဦးထြန္းခ်စ္ကို လာေရာက္ဖမ္းဆီးခ်ိန္ဟာ စက္တင္ဘာလ ၁၈ ရက္ယေန႔နံနက္ ၂ နာရီအခ်ိန္ျဖစ္ၿပီး၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္းမ်ား၊ အုပ္ခ်ဳပ္ေရးမႉး၊ ရာအိမ္မႉးတို႔က ေနအိမ္ေပၚတက္ကာ အေၾကာင္းျပခ်က္မေပးဘဲ ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု ဇနီးျဖစ္သူေဒၚမခင္ဝင္းက ေျပာသည္။

“က်မေယာက်ၤားက အိပ္ေနတာ။ အဲအခ်ိန္စစ္သား ၆ ေယာက္အိမ္ေပၚတက္လာၿပီးေတာ့ ဖမ္းေခၚသြားတယ္။ ဘာတခုမွမေျပာဘဲဖမ္းသြားတာ။ အိမ္ပတ္ပတ္လည္မွာလည္း စစ္သားေတြ ေနရာယူခဲ့တယ္။ ‌အိမ္ကေခြေလးကေဟာင္လို႔ စစ္သားတေယာက္က ေခြးကိုေသနတ္ဒင္နဲ႔ထု႐ိုက္ခဲ့ေသးတယ္”ဟု ဆိုသည္။

ဦးထြန္းခ်စ္မွာ လက္သမားအလုပ္လုပ္ကိုင္သူျဖစ္ၿပီး၊ ၎မွာ ေသြးတိုးႏွင့္ႀကီးေပါင္းေရာဂါျဖစ္၍ အနားယူထားသူလည္းျဖစ္သည္ဟု သိရသည္။

ထို႔ေနာက္ ယေန႔နံနက္ ၁၀ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ေတာင္ကုတ္ၿမိဳ႕၊ ေအးရိပ္ၿငိမ္ကားဝန္းေနာက္ ၄ လမ္း၊ ဂူတာရပ္ကြက္မွ ရဲသတင္းေပး ကိုဦးႏွင့္ စိုးဝင္းေခ်တို႔ကို စစ္ေကာင္စီတပ္သားေတြက ထပ္မံဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

အလားတူ ေတာင္ကုတ္ၿမိဳ႕၊ သေဘၤာဆိပ္ႏွင့္ ၂ မိုင္ေက်ာ္ေဝးသည့္ ဝက္ႀကိဳတ္အုပ္စု၊ မႈိဟင္းေတာေက်း႐ြာမွ ဦးေက်ာ္ေသာင္းကိုလည္း ယမန္ေန႔ စက္တင္ဘာ ၁၇ ရက္တြင္ စစ္ေကာင္စီကဖမ္းဆီးသြားခဲ့သည္ဟု ေဒသခံတဦးက ေျပာသည္။

“ေတာင္ကုတ္တပ္ထဲမွာ ဖမ္းထားတာေတာ္ေတာ္ရွိတယ္ ေျပာတယ္။ စစ္ေဆးမႈေတြလုပ္ေနတယ္တဲ့။ ထပ္ဖမ္းဖို႔လဲရွိေသးတယ္လို႔ သတင္းေတြထြက္ေနတယ္” ဟုဆိုသည္။

အဆိုပါဖမ္းဆီးခံရသူ ၄ ဦးကို ေတာင္ကုတ္ၿမိဳ႕အေျခစိုက္ ခမရ ၅၄၄ နဲ႔ ၃၄၆ တပ္ရင္းမ်ားသို႔ ေခၚေဆာင္သြားသည္ဟု သတင္းမ်ားထြက္ေပၚေနေပမယ့္ ေျမလတ္အသံက သီးျခားအတည္ျပဳႏိုင္ျခင္းမရွိေသးေပ။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၆ ရက္ေန႔လည္ ၁ နာရီေက်ာ္အခ်ိန္ခန႔္တြင္ ေတာင္ကုတ္ၿမိဳ႕ႏွင့္ ၃မိုင္ခန႔္ေဝးသည့္ ေတာင္ကုတ္သေဘၤာဆိပ္အနီးတြင္ စစ္ေကာင္စီ၏သေဘၤာတစီးကို ရကၡိဳင့္တပ္ေတာ္ (AA)က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့၍ ေသဆုံသူမ်ားရွိႏိုင္ၿပီး၊ သေဘၤာလည္းပ်က္စီးသြားခဲ့သည္ဟု ေဒသခံမ်ားကေျပာသည္။

ေျမလတ္အသံ

စစ်ကောင်စီသင်္ဘော လက်နက်ကြီးဖြင့်ပစ်ခံရပြီးနောက် ရဲသတင်းပေး ၂ ဦးအပါ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

မြေလတ်အသံ၊ စက်တင်ဘာ ၁၈၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ သင်္ဘောဆိပ်တွင် စစ်ကောင်စီ၏ထောက်ပို့သင်္ဘောတစီးကို ရက္ခိုင့် တပ်တော်(AA)က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီးနောက် ရဲသတင်းပေး ၂ ဦးအပါ ၄ ဦးကို စစ်ကောင်စီကဖမ်းဆီးထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ချောင်းကောက်ရပ်ကွက်မှ ဦးထွန်းချစ် ၅၈ နှစ်၊ ဂူတာရပ်ကွက်မှ ရှုထောင့်သတင်းစုံဂျာနယ်တွင် လုပ်ကိုင်နေသည့် ရဲသတင်းပေး ကိုဦး နှင့် စိုးဝင်းချေ၊ မှိုဟင်းတော‌ကျေးရွာ မှ ဦးကျော်သောင်းတို့ ဖြစ်ကြသည်။

ဦးထွန်းချစ်ကို လာရောက်ဖမ်းဆီးချိန်ဟာ စက်တင်ဘာလ ၁၈ ရက်ယနေ့နံနက် ၂ နာရီအချိန်ဖြစ်ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်းများ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့က နေအိမ်ပေါ်တက်ကာ အကြောင်းပြချက်မပေးဘဲ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူဒေါ်မခင်ဝင်းက ပြောသည်။

“ကျမယောင်္ကျားက အိပ်နေတာ။ အဲအချိန်စစ်သား ၆ ယောက်အိမ်ပေါ်တက်လာပြီးတော့ ဖမ်းခေါ်သွားတယ်။ ဘာတခုမှမပြောဘဲဖမ်းသွားတာ။ အိမ်ပတ်ပတ်လည်မှာလည်း စစ်သားတွေ နေရာယူခဲ့တယ်။ ‌အိမ်ကခွေလေးကဟောင်လို့ စစ်သားတယောက်က ခွေးကိုသေနတ်ဒင်နဲ့ထုရိုက်ခဲ့သေးတယ်”ဟု ဆိုသည်။

ဦးထွန်းချစ်မှာ လက်သမားအလုပ်လုပ်ကိုင်သူဖြစ်ပြီး၊ ၎င်းမှာ သွေးတိုးနှင့်ကြီးပေါင်းရောဂါဖြစ်၍ အနားယူထားသူလည်းဖြစ်သည်ဟု သိရသည်။

ထို့နောက် ယနေ့နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် တောင်ကုတ်မြို့၊ အေးရိပ်ငြိမ်ကားဝန်းနောက် ၄ လမ်း၊ ဂူတာရပ်ကွက်မှ ရဲသတင်းပေး ကိုဦးနှင့် စိုးဝင်းချေတို့ကို စစ်ကောင်စီတပ်သားတွေက ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အလားတူ တောင်ကုတ်မြို့၊ သင်္ဘောဆိပ်နှင့် ၂ မိုင်ကျော်ဝေးသည့် ဝက်ကြိုတ်အုပ်စု၊ မှိုဟင်းတောကျေးရွာမှ ဦးကျော်သောင်းကိုလည်း ယမန်နေ့ စက်တင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီကဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။

“တောင်ကုတ်တပ်ထဲမှာ ဖမ်းထားတာတော်တော်ရှိတယ် ပြောတယ်။ စစ်ဆေးမှုတွေလုပ်နေတယ်တဲ့။ ထပ်ဖမ်းဖို့လဲရှိသေးတယ်လို့ သတင်းတွေထွက်နေတယ်” ဟုဆိုသည်။

အဆိုပါဖမ်းဆီးခံရသူ ၄ ဦးကို တောင်ကုတ်မြို့အခြေစိုက် ခမရ ၅၄၄ နဲ့ ၃၄၆ တပ်ရင်းများသို့ ခေါ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ်နေပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့လည် ၁ နာရီကျော်အချိန်ခန့်တွင် တောင်ကုတ်မြို့နှင့် ၃မိုင်ခန့်ဝေးသည့် တောင်ကုတ်သင်္ဘောဆိပ်အနီးတွင် စစ်ကောင်စီ၏သင်္ဘောတစီးကို ရက္ခိုင့်တပ်တော် (AA)က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ သေဆုံသူများရှိနိုင်ပြီး၊ သင်္ဘောလည်းပျက်စီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

မြေလတ်အသံ