Local News

ရဲကင္းစခန္းကို ဝင္ေရာက္စီးနင္းခံရၿပီး ရဲ ၄ ဦး ႏွင့္စခန္းမႉးသား ျဖစ္သူ စုစုေပါင္း ၅ ဦး

ကေလး၀ၿမိဳ႕နယ္၊ မစိန္စံျပေက်း႐ြာ ရဲကင္းစခန္းကို ဝင္ေရာက္စီးနင္းခံရၿပီး ရဲ ၄ ဦး ႏွင့္စခန္းမႉးသား ျဖစ္သူ စုစုေပါင္း ၅ ဦးေသဆုံး၊ လက္နက္မ်ားယူေဆာင္သြားၿပီး စခန္းကိုပါ မီးရႈိ႕သြား

ရန္ကုန္၊ စက္တင္ဘာ ၁၈

စစ္ကိုင္းတိုင္း၊ ကေလး၀ၿမိဳ႕နယ္၊ မစိန္စံျပေက်း႐ြာရွိ ရဲကင္းစခန္းကို ယေန႔ နံနက္ ၅ နာရီအခ်ိန္တြင္ အမည္မသိ လက္နက္ကိုင္အဖြဲ႕တစ္ခုက ဝင္ေရာက္စီးနင္းၿပီး ရဲ ၄ ဦး၊ စခန္းမႉး သားျဖစ္သူ စုစုေပါင္း ၅ ဦးေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

စက္တင္ဘာလ ၁၈ ရက္ေန႔ နံနက္ ၅ နာရီအခ်ိန္တြင္ ကေလး၀ၿမိဳ႕နယ္၊ မစိန္စံျပေက်း႐ြာ ရဲကင္းစခန္းကို ဝင္ေရာက္ စီးနင္းျခင္းျဖစ္ၿပီး ရဲ ၄ ဦး၊ စခန္းမႉးသားျဖစ္သူ ေသဆုံးသြားေၾကာင္း၊ စခန္းကိုပါ မီးရႈိ႕ဖ်က္ဆီးသြားၿပီး လက္နက္မ်ား ယူေဆာင္သြားေၾကာင္း၊ လက္ရွိတြင္ စစ္တပ္ႏွင့္ရဲမ်ား အလုံးအရင္းႏွင့္ေရာက္ရွိလာေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

“ကေလး၀ၿမိဳ႕နယ္ မစိန္စံျပေက်း႐ြာ ရဲကင္းကို ဝင္စီးတာပါ။ ရဲကင္းစခန္းကလည္း ေတာင္ေျခနားမွာ တည္ထားတာ။ ေတာင္ေပၚကေန လက္နက္ေတြနဲ႔ပစ္ၿပီး ဆင္းခ်လာတာ။ ရဲ ၄ ဦးေသပါတယ္။ စခန္းမႉး သားလည္းေသတယ္။

အဲဒီစခန္းက အင္အား ၄၀ ေလာက္ခ်ထားတာ။ ဓားထိုးမႈျဖစ္လို႔ အမႈလိုက္သြားတဲ့သူေတြနဲ႔ အင္အားနည္းေနတဲ့အခ်ိန္မွာ ဝင္အပစ္ခံရတာ။စခန္းကို မီးရႈိ႕ၿပီး လက္နက္ေတြလည္းယူသြားတယ္။

ျဖစ္တာက မနက္ ၅ နာရီကေန မနက္ ၈ ေလာက္အထိ တိုက္ပြဲျဖစ္တယ္။ မနက္ ၉ နာရီခြဲေလာက္က်ေတာ့ စစ္တပ္ေတြ ေရာက္လာတယ္။ အခုေတာ့ အားလုံးပိတ္ဆို႔ စစ္ေဆးေနၾကတယ္။ ေဒသခံေတြလည္း မေနရဲၾကလို႔ နီးစပ္ရာ ေျပးေနၾကၿပီ။ အခုမွ ပထမဆုံး စျဖစ္တာ။ ကေလး၀ၿမိဳ႕နယ္က ေမာ္လိုက္နဲ႔လည္း နီးတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။

စစ္ကိုင္းတိုင္း၊ ကေလး၀ၿမိဳ႕နယ္သည္လည္း အင္တာနက္ျဖတ္ေတာက္ခံထားရသျဖင့္ ရဲကင္းစခန္း စီးနင္းခံရသည့္ သတင္းအျပင္မထြက္ဘဲ ၿငိမ္သက္ေနေၾကာင္း၊ လက္ရွိတြင္ ေတာင္သူ ေဒသခံမ်ား စိုးရိမ္ထိတ္လန႔္ေနၾကၿပီး စစ္တပ္ကလည္း အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္လာေနေၾကာင္း သိရွိရသည္။

ရဲကင္းစခန္းကို ဝင္ေရာက္စီးနင္းသြားေသာ အဖြဲ႕မွာ မည္သည့္လက္နက္ ကိုင္အဖြဲ႕ဆိုသည္ကို မသိရွိရေသးေပ။

ကလေးဝမြို့နယ်၊ မစိန်စံပြကျေးရွာ ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းခံရပြီး ရဲ ၄ ဦး နှင့်စခန်းမှူးသား ဖြစ်သူ စုစုပေါင်း ၅ ဦးသေဆုံး၊ လက်နက်များယူဆောင်သွားပြီး စခန်းကိုပါ မီးရှို့သွား

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ မစိန်စံပြကျေးရွာရှိ ရဲကင်းစခန်းကို ယနေ့ နံနက် ၅ နာရီအချိန်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းပြီး ရဲ ၄ ဦး၊ စခန်းမှူး သားဖြစ်သူ စုစုပေါင်း ၅ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ကလေးဝမြို့နယ်၊ မစိန်စံပြကျေးရွာ ရဲကင်းစခန်းကို ဝင်ရောက် စီးနင်းခြင်းဖြစ်ပြီး ရဲ ၄ ဦး၊ စခန်းမှူးသားဖြစ်သူ သေဆုံးသွားကြောင်း၊ စခန်းကိုပါ မီးရှို့ဖျက်ဆီးသွားပြီး လက်နက်များ ယူဆောင်သွားကြောင်း၊ လက်ရှိတွင် စစ်တပ်နှင့်ရဲများ အလုံးအရင်းနှင့်ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ကလေးဝမြို့နယ် မစိန်စံပြကျေးရွာ ရဲကင်းကို ဝင်စီးတာပါ။ ရဲကင်းစခန်းကလည်း တောင်ခြေနားမှာ တည်ထားတာ။ တောင်ပေါ်ကနေ လက်နက်တွေနဲ့ပစ်ပြီး ဆင်းချလာတာ။ ရဲ ၄ ဦးသေပါတယ်။ စခန်းမှူး သားလည်းသေတယ်။

အဲဒီစခန်းက အင်အား ၄၀ လောက်ချထားတာ။ ဓားထိုးမှုဖြစ်လို့ အမှုလိုက်သွားတဲ့သူတွေနဲ့ အင်အားနည်းနေတဲ့အချိန်မှာ ဝင်အပစ်ခံရတာ။စခန်းကို မီးရှို့ပြီး လက်နက်တွေလည်းယူသွားတယ်။

ဖြစ်တာက မနက် ၅ နာရီကနေ မနက် ၈ လောက်အထိ တိုက်ပွဲဖြစ်တယ်။ မနက် ၉ နာရီခွဲလောက်ကျတော့ စစ်တပ်တွေ ရောက်လာတယ်။ အခုတော့ အားလုံးပိတ်ဆို့ စစ်ဆေးနေကြတယ်။ ဒေသခံတွေလည်း မနေရဲကြလို့ နီးစပ်ရာ ပြေးနေကြပြီ။ အခုမှ ပထမဆုံး စဖြစ်တာ။ ကလေးဝမြို့နယ်က မော်လိုက်နဲ့လည်း နီးတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်သည်လည်း အင်တာနက်ဖြတ်တောက်ခံထားရသဖြင့် ရဲကင်းစခန်း စီးနင်းခံရသည့် သတင်းအပြင်မထွက်ဘဲ ငြိမ်သက်နေကြောင်း၊ လက်ရှိတွင် တောင်သူ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြပြီး စစ်တပ်ကလည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေကြောင်း သိရှိရသည်။

ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းသွားသော အဖွဲ့မှာ မည်သည့်လက်နက် ကိုင်အဖွဲ့ဆိုသည်ကို မသိရှိရသေးပေ။