Local News

အပ်က္အစီးၾကားက ၾကယ္ေလးေပဆပ္မႈ

အပ်က္အစီးၾကားက ၾကယ္ေလးေပဆပ္မႈ

ယေန႔ မိုးၿဗဲၿမိဳ႕နယ္၌ စစ္ေကာင္စီတပ္ႏွင့္တိုက္ပြဲမ်ား ျပင္းထန္ေနၿပီးေတာ္လွန္ေရးရဲေဘာ္ ၂ ဦးက်ဆုံး

ကယား၊ စက္တင္ဘာ ၁၉

လူငယ့္ေခတ္

ရွမ္း ၊ ကယားနယ္စပ္၊ မိုးၿဗဲၿမိဳ႕နယ္တြင္ စက္တင္ဘာလ ၁၉ ရက္က ေဒသတြင္းေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ စစ္ေကာင္စီတပ္အၾကား တိုက္ပြဲျဖစ္ပြားခဲ့ရာ ေတာ္လွန္ ေရးရဲေဘာ္ ၂ ဦး က်ဆုံးခဲ့သည္။

စစ္ေကာင္စီတပ္သည္ လြိဳင္ေကာ္ၿမိဳ႕နယ္မွ မိုးၿဗဲၿမိဳ႕နယ္ဘက္သို႔ ထိုးစစ္ဆင္ခဲ့ျခင္းျဖစ္ၿပီး တင့္ကားမ်ားႏွင့္ လက္နက္ႀကီးမ်ားကို အဆက္မျပတ္အသုံးျပဳကာ ပစ္ခတ္ခဲ့သည္ဟု တပ္ရင္း ၁၀၀၇ မွ ရဲေဘာ္တစ္ဦးကေျပာသည္။

“၁၀၀၇ တပ္ရင္း ၊ မိုးၿဗဲျပည္သူ႔ကာကြယ္ ေရးတပ္ရင္း ၂ က တစ္ေယာက္က်တယ္။ တပ္ရင္း ၁ က တစ္ေယာက္က်တယ္။ ဒဏ္ရာရရဲေဘာ္ ၄ ေယာက္ထက္မနည္းရွိတယ္” ဟု ၎ကေျပာသည္။

ယေန႔တိုက္ပြဲတြင္ စစ္ေကာင္စီဘက္မွ ထိခိုက္ေသဆုံးျခင္းႏွင့္ အရပ္သားျပည္သူမ်ား ထိခိုက္မႈရွိခဲ့ေသာ္လည္း အေရအတြက္ႏွင့္ အေသးစိတ္အခ်က္အလက္ကို ထုတ္ေဖာ္ ေျပာဆိုႏိုင္ျခင္း မရွိေသးေၾကာင္း တပ္ရင္း ၁၀၀၇ မွ ရဲေဘာ္ကေျပာသည္။

“လြိဳင္ေကာ္ကေန အေျမာက္ပစ္ကူေတြေပးတယ္။ အင္အား ၂၀၀ ေက်ာ္ရယ္၊ တင့္ကားရယ္ လက္နက္ႀကီးေတြရယ္ ပိုၿပီးသုံးလာတယ္။ မိုးၿဗဲပြဲကုန္း၂ ၊ ပြဲကုန္း ၃ ဘက္ မွာ စၿပီးထိေတြ႕မႈျဖစ္တာပါ” ဟု စစ္ေကာင္စီဘက္မွ ထိုးစစ္လုပ္ေဆာင္ခဲ့သည့္ အေျခအေနကို ၎ကေျပာသည္။

စစ္ေကာင္စီတပ္သည္ ယေန႔ ‌ေန႔လည္ ၁၁ နာရီခန႔္မွစတင္ကာ တင့္ကားမ်ား၊ လက္နက္ႀကီးမ်ားျဖင့္ အဆက္မျပတ္ပစ္ခတ္ခဲ့ျခင္းျဖစ္ၿပီး ေတာ္လွန္ေရးရဲေဘာ္မ်ားဘက္မွလည္း ယခုညေန အထိ ဆက္လက္ခုခံေနဆဲျဖစ္သည္။

မိုးၿဗဲၿမိဳ႕ကို စက္တင္ဘာလ ၈ ရက္တြင္ ထိုးစစ္ျပဳလုပ္ခဲ့သည့္ စစ္ေကာင္စီတပ္သည္ အက်အဆုံးမ်ားစြာျဖင့္ စက္တင္ဘာ ၁၂ ရက္တြင္ ျပန္လည္ဆုတ္ခြာသြားခဲ့သည္။

“ပထမအႀကိမ္က သူတို႔ (စကစ) ဘက္က အက်အဆုံးမ်ားလို႔ ရႈံးမဲမဲၿပီး ျပန္လာတာလို႔ ထင္တယ္” ဟု ယေန႔တိုက္ပြဲႏွင့္ပတ္သက္၍ တပ္ရင္း ၁၀၀၇ မွ ရဲေဘာ္ကေျပာသည္။

စက္တင္ဘာလအတြင္း ပထမအႀကိမ္ မိုးၿဗဲတိုက္ပြဲတြင္ စစ္ေကာင္စီတပ္က ဂ်က္ေလယာဥ္ႏွင့္ တိုက္ေလယာဥ္မ်ား အသုံးျပဳကာ ၁၅ ႀကိမ္ခန႔္ ေလေၾကာင္းတိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့သည့္အတြက္ ၿမိဳ႕ေပါရွိလူေနရပ္ကြက္တြင္ ပ်က္စီးမႈမ်ား ရွိခဲ့သည္။

ထို႔ျပင္ လြိဳင္ေကာ္ၿမိဳ႕ဆီမွ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက္နက္ႀကီးျဖင့္ အခ်က္ ေရ ၁၅၀ ထက္မနည္း ပစ္ခတ္ခဲ့ျခင္းေၾကာင့္ ေဒသတြင္းရွိ အိမ္ေျခ ၁၅၀ ခန႔္ ပ်က္စီးခဲ့သည္။

ပထမအႀကိမ္တိုက္ပြဲတြင္ ပူးေပါင္းေတာ္ လွန္ေရးအဖြဲ႕မ်ားဘက္မွ ၂ ဦး က်ဆုံးခဲ့ၿပီး ၁၉ ဦး ဒဏ္ရာရရွိခဲ့သည္။ ထို႔ျပင္ စစ္ ေကာင္စီဘက္မွ အနည္းဆုံး တပ္ဖြဲ႕၀င္ ၆၀ ႏွင့္အထက္ ေသဆုံးခဲ့သည္။ အဆိုပါတိုက္ ပြဲတြင္ ကေလးငယ္ ၂ ဦးႏွင့္ အရပ္သားျပည္သူ ၃ ဦးလည္း ကြယ္လြန္ခဲ့သည္။

Lugekhit

အပျက်အစီးကြားက ကြယ်လေးပေဆပ်မှု

ယနေ့ မိုးဗြဲမြို့နယ်၌ စစ်ကောင်စီတပ်နှင့်တိုက်ပွဲများ ပြင်းထန်နေပြီးတော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

ကယား၊ စက်တင်ဘာ ၁၉

လူငယ့်ခေတ်

ရှမ်း ၊ ကယားနယ်စပ်၊ မိုးဗြဲမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်က ဒေသတွင်းတော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန် ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့နယ်မှ မိုးဗြဲမြို့နယ်ဘက်သို့ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး တင့်ကားများနှင့် လက်နက်ကြီးများကို အဆက်မပြတ်အသုံးပြုကာ ပစ်ခတ်ခဲ့သည်ဟု တပ်ရင်း ၁၀၀၇ မှ ရဲဘော်တစ်ဦးကပြောသည်။

“၁၀၀၇ တပ်ရင်း ၊ မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ်ရင်း ၂ က တစ်ယောက်ကျတယ်။ တပ်ရင်း ၁ က တစ်ယောက်ကျတယ်။ ဒဏ်ရာရရဲဘော် ၄ ယောက်ထက်မနည်းရှိတယ်” ဟု ၎င်းကပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးခြင်းနှင့် အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့သော်လည်း အရေအတွက်နှင့် အသေးစိတ်အချက်အလက်ကို ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း တပ်ရင်း ၁၀၀၇ မှ ရဲဘော်ကပြောသည်။

“လွိုင်ကော်ကနေ အမြောက်ပစ်ကူတွေပေးတယ်။ အင်အား ၂၀၀ ကျော်ရယ်၊ တင့်ကားရယ် လက်နက်ကြီးတွေရယ် ပိုပြီးသုံးလာတယ်။ မိုးဗြဲပွဲကုန်း၂ ၊ ပွဲကုန်း ၃ ဘက် မှာ စပြီးထိတွေ့မှုဖြစ်တာပါ” ဟု စစ်ကောင်စီဘက်မှ ထိုးစစ်လုပ်ဆောင်ခဲ့သည့် အခြေအနေကို ၎င်းကပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့ ‌နေ့လည် ၁၁ နာရီခန့်မှစတင်ကာ တင့်ကားများ၊ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှလည်း ယခုညနေ အထိ ဆက်လက်ခုခံနေဆဲဖြစ်သည်။

မိုးဗြဲမြို့ကို စက်တင်ဘာလ ၈ ရက်တွင် ထိုးစစ်ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်သည် အကျအဆုံးများစွာဖြင့် စက်တင်ဘာ ၁၂ ရက်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

“ပထမအကြိမ်က သူတို့ (စကစ) ဘက်က အကျအဆုံးများလို့ ရှုံးမဲမဲပြီး ပြန်လာတာလို့ ထင်တယ်” ဟု ယနေ့တိုက်ပွဲနှင့်ပတ်သက်၍ တပ်ရင်း ၁၀၀၇ မှ ရဲဘော်ကပြောသည်။

စက်တင်ဘာလအတွင်း ပထမအကြိမ် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှင့် တိုက်လေယာဉ်များ အသုံးပြုကာ ၁၅ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့်အတွက် မြို့ပေါရှိလူနေရပ်ကွက်တွင် ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ပြင် လွိုင်ကော်မြို့ဆီမှ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးဖြင့် အချက် ရေ ၁၅၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသတွင်းရှိ အိမ်ခြေ ၁၅၀ ခန့် ပျက်စီးခဲ့သည်။

ပထမအကြိမ်တိုက်ပွဲတွင် ပူးပေါင်းတော် လှန်ရေးအဖွဲ့များဘက်မှ ၂ ဦး ကျဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် စစ် ကောင်စီဘက်မှ အနည်းဆုံး တပ်ဖွဲ့ဝင် ၆၀ နှင့်အထက် သေဆုံးခဲ့သည်။ အဆိုပါတိုက် ပွဲတွင် ကလေးငယ် ၂ ဦးနှင့် အရပ်သားပြည်သူ ၃ ဦးလည်း ကွယ်လွန်ခဲ့သည်။

Lugekhit