Local News



ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် လူ ၁ ဦး သေဆုံးခဲ့မှုနှင့်ပတ် သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ် အောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ပြီး သတိ ပေးခဲ့ပြီး ပြန်အထွက်တွင် မီဒီယာများကို ရင်မဆိုင်ရဲ၍ သံအမတ်အောင်ကျော်မိုးထွက်ပြေးနေပုံများကို ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် အကျယ်တဝင့် သတင်းဖော်ပြကြသည်။



ဘင်္ဂလားဒေ့ရှ်တွင် သတိပေးခံရသော မြန်မာသံအမတ် အောင်ကျော်မိုး မီဒီယာများကို ကြောက်၍ ထွက်ပြေး (ရုပ်/သံ)

ရန်ကုန်၊ စက်တင်ဘာ ၁၉

အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် လူ ၁ ဦး သေဆုံးခဲ့မှုနှင့်ပတ် သက်ပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ မြန်မာ သံအမတ် အောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ပြီး သတိ ပေးခဲ့ပြီး ပြန်အထွက်တွင် မီဒီယာများကို ရင်မဆိုင်ရဲ၍ သံအမတ်အောင်ကျော်မိုးထွက်ပြေးနေပုံများကို ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် အကျယ်တဝင့် သတင်းဖော်ပြကြသည်။

စက်တင်ဘာလ (၁၆) ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း (ဇီးရိုးပွိုင့်) တွင် မြန်မာစစ်တပ်ဘက်က ပစ်ခတ်လိုက်သော မော်တာကျည် ကျရောက်ပြီး အသက် ၁၇ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦး သေဆုံးပြီး၊ ကလေး နှစ်ဦးအပါ အဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါကိစ္စအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက အကြမ်းဖက်စစ်တပ်၏ မြန် မာ သံ အမတ် အောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ရာ ပြန်အထွက်တွင် အသင့်စောင့်ဆိုင်းနေသော မီဒီယာများကို ရင်မဆိုင်ရဲတော့ဘဲ အောင်ကျော်မိုး ထွက်ပြေးနေပုံများကို ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဗီဒီယိုများနှင့်တကွ သတင်းဖော်ပြကြသည်။