Local News

လက္ယက္ကုန္းေက်း႐ြာ စာသင္ေက်ာင္းကို စစ္ေကာင္စီတပ္မွ

လက္ယက္ကုန္းေက်း႐ြာ စာသင္ေက်ာင္းကို စစ္ေကာင္စီတပ္မွ ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ၿပီး အၾကမ္းဖက္ဝင္ေရာက္ပစ္ခတ္သည့္အတြက္ ကေလးငယ္ အနည္းဆုံး (၆) ဦးေသကာ

ေက်း႐ြာအတြင္းမွျပည္သူမ်ားႏွင့္႐ြာအျပင္အနီးအနားက ကေလးငယ္တို႔အပါအဝင္ (၁၁) ဦး ေသဆုံးခဲ့သည္မွာ အမွန္ျဖစ္ေသာ္လည္း စစ္ေကာင္စီျပန္ၾကားေရးေဇာ္မင္းထြန္းက လုပ္ႀကံမႈသာျဖစ္သည္ဟု ယေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားသည္။

ယေန႔ စစ္ေကာင္စီကလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ မိုးဟိန္းႏွင့္ ေဇာ္မင္းထြန္းတို႔ ေျပာဆိုမႈသည္ လိမ္လည္ေျပာဆိုေနျခင္းသာျဖစ္ၿပီး စစ္ေကာင္စီတပ္သားမ်ားက ကေလးငယ္မ်ားကို သတ္ခဲ့သည္မွာ ဓာတ္ပုံမ်ားႏွင့္တကြ သတင္းဌာနမ်ားတြင္ တင္ျပထားၿပီးျဖစ္သည္။

ဒီပဲယင္း ေဝဟင္ပစ္ခတ္မႈအၿပီး ေပ်ာက္ဆုံးေနသည့္ကေလးမ်ား အဆက္အသြယ္ျပတ္ေနၿပီး ​မိဘမ်ား စိတ္ပူေန

ဆိုင္းလီ

စက္တင္ဘာ ၂၀၊ ၂၀၂၂ ခုႏွစ္။

ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္းေက်း႐ြာရွိ မဟာဓမၼရံသီဘုန္းႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္းကို စစ္ေကာင္စီတပ္က ေဝဟင္မွ ဝင္ေရာက္ပစ္ခတ္မႈေၾကာင့္ ေက်ာင္းသူ၊ေက်ာင္းသားေပါင္းမ်ားစြာေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူမ်ားကို စစ္ေကာင္စီက ေခၚေဆာင္သြားခဲ့ရာ ယေန႔အထိ အဆက္အသြယ္ျပတ္ေတာက္ေနၿပီး မိဘမ်ားကစိုးရိမ္ေနၾကသည္။

ကေလးမ်ား ပညာသင္ၾကားေနသည့္ မဟာဓမၼရံသီဘုန္းႀကီးေက်ာင္းႏွင့္ စာသင္ေက်ာင္းကိုစက္တင္ဘာလ ၁၆ ရက္ေန႔တြင္ စစ္ေကာင္စီတပ္က Mi 35 ႏွစ္စီးျဖင့္ ၄၅ မိနစ္ၾကာ လာေရာက္ပစ္ခတ္ရာ ကေလး ၆ ဦးႏွင့္ အရပ္သား ၇ ဦး ေသဆုံးခဲ့သည္။ပစ္ခတ္မႈအၿပီး စစ္ေကာင္စီတပ္က ေက်ာင္းဝန္းကို ပိတ္ဆို႔ထားၿပီး ေက်ာင္းတြင္ ပိတ္မိေနသည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ဆရာ၊ဆရာမ ၂၀ ေက်ာ္ကို ေရဦးၿမိဳ႕သို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကသည္။

” ေနာက္ဆုံးအေျခအေနကေတာ့ကေလးေတြ အဆက္အသြယ္မရျဖစ္ေနၿပီး ပ်က္စီးမႈသတင္းေတြသာ ၾကားေနရပါတယ္။အကုန္ေခၚသြားတဲ့အတြက္ ေနာက္ဆက္တြဲအေျခအေနေတြ မသိေသးရေသးဘူးဗ်။ကေလးမိဘေတြဟာ ဒီေန႔အထိ စိုးရိမ္စိတ္နဲ႔ ေနေနၾကရတယ္။အကုန္လုံးေသာကေရာက္ေနလို႔ စကားေတာင္မေျပာႏိုင္ၾကဘူး”ဟု ကေလးမ်ား၏ ေနာက္ဆုံးအေျခအေနကို ေဒသခံတစ္ဦးက ေျပာသည္။

ေသဆုံးခဲ့သည့္ ေက်ာင္းသား ၆ ဦးအနက္ ဘုန္းေတဇ အသက္ (၇)ႏွစ္၊ သုရတီလႈိင္ အသက္(၇)ႏွစ္နဲ႔ ဖိုးသား အသက္ (၁၄) ႏွစ္တို႔၏ အခ်က္အလက္မ်ားသာ သိရေသးၿပီး က်န္ ၃ ဦးအား အတည္ျပဳဆဲျဖစ္သည္။

ဦးေက်ာ္ထြန္း အသက္ (၄၉)ႏွစ္၊ ဦးေအာင္ေစာေထြး အသက္ (၃၄)ႏွစ္၊ ဦးတင္စိုးခိုင္ အသက္(၃၁)ႏွစ္၊ မယု အသက္(၃၇)ႏွစ္၊ ေမာင္ေအာင္ေအာင္ဦး အသက္(၁၆)ႏွစ္၊ ေမာင္ေအာင္ခ်စ္မိုး အသက္(၂၂)ႏွစ္၊ ေမာင္ေစာမင္းဦး (ခ) ေမာင္ေဘာႀကီး အသက္ (၁၃)ႏွစ္တို႔​လည္း စစ္ေကာင္စီ၏ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့သည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG တို႔မွ ရႈတ္ခ်ေၾကာင္းထုတ္ျပန္ထားၿပီး ဖမ္းဆီးထားေသာ ကေလးမ်ားအားလႊတ္ေပးရန္ ေျပာဆိုထားၾကသည္။

စစ္ေကာင္စီက လက္ယက္ကုန္းေက်း႐ြာတြင္ KIAႏွင့္ PDF မ်ား ရွိသည္ဆိုသည့္ သတင္းေၾကာင့္ သြားေရာက္စီးနင္းပစ္ခတ္ရာမွ အရပ္သားထိခိုက္ေသဆုံးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း၊ ဒဏ္ရာရသူမ်ားကိုေဆးကုေပးေနေၾကာင္း ထုတ္ျပန္ထားသည္။ သို႔ရာတြင္ ဖမ္းဆီးေခၚေဆာင္သြားသူမ်ားကို မိသားစုႏွင့္အဆက္အသြယ္မေပးသလို အေၾကာင္းၾကားတာမ်ိဳးပင္မရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး အကြမ်းဖက်ဝင်ရောက်ပစ်ခတ်သည့်အတွက် ကလေးငယ် အနည်းဆုံး (၆) ဦးသေကာ

ကျေးရွာအတွင်းမှပြည်သူများနှင့်ရွာအပြင်အနီးအနားက ကလေးငယ်တို့အပါအဝင် (၁၁) ဦး သေဆုံးခဲ့သည်မှာ အမှန်ဖြစ်သော်လည်း စစ်ကောင်စီပြန်ကြားရေးဇော်မင်းထွန်းက လုပ်ကြံမှုသာဖြစ်သည်ဟု ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားသည်။

ယနေ့ စစ်ကောင်စီကလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိုးဟိန်းနှင့် ဇော်မင်းထွန်းတို့ ပြောဆိုမှုသည် လိမ်လည်ပြောဆိုနေခြင်းသာဖြစ်ပြီး စစ်ကောင်စီတပ်သားများက ကလေးငယ်များကို သတ်ခဲ့သည်မှာ ဓာတ်ပုံများနှင့်တကွ သတင်းဌာနများတွင် တင်ပြထားပြီးဖြစ်သည်။

ဒီပဲယင်း ဝေဟင်ပစ်ခတ်မှုအပြီး ပျောက်ဆုံးနေသည့်ကလေးများ အဆက်အသွယ်ပြတ်နေပြီး မိဘများ စိတ်ပူနေ

ဆိုင်းလီ

စက်တင်ဘာ ၂၀၊ ၂၀၂၂ ခုနှစ်။

ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာရှိ မဟာဓမ္မရံသီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဝေဟင်မှ ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျောင်းသူ၊ကျောင်းသားပေါင်းများစွာသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို စစ်ကောင်စီက ခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေပြီး မိဘများကစိုးရိမ်နေကြသည်။

ကလေးများ ပညာသင်ကြားနေသည့် မဟာဓမ္မရံသီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကိုစက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က Mi 35 နှစ်စီးဖြင့် ၄၅ မိနစ်ကြာ လာရောက်ပစ်ခတ်ရာ ကလေး ၆ ဦးနှင့် အရပ်သား ၇ ဦး သေဆုံးခဲ့သည်။ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က ကျောင်းဝန်းကို ပိတ်ဆို့ထားပြီး ကျောင်းတွင် ပိတ်မိနေသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမ ၂၀ ကျော်ကို ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။

” နောက်ဆုံးအခြေအနေကတော့ကလေးတွေ အဆက်အသွယ်မရဖြစ်နေပြီး ပျက်စီးမှုသတင်းတွေသာ ကြားနေရပါတယ်။အကုန်ခေါ်သွားတဲ့အတွက် နောက်ဆက်တွဲအခြေအနေတွေ မသိသေးရသေးဘူးဗျ။ကလေးမိဘတွေဟာ ဒီနေ့အထိ စိုးရိမ်စိတ်နဲ့ နေနေကြရတယ်။အကုန်လုံးသောကရောက်နေလို့ စကားတောင်မပြောနိုင်ကြဘူး”ဟု ကလေးများ၏ နောက်ဆုံးအခြေအနေကို ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးခဲ့သည့် ကျောင်းသား ၆ ဦးအနက် ဘုန်းတေဇ အသက် (၇)နှစ်၊ သုရတီလှိုင် အသက်(၇)နှစ်နဲ့ ဖိုးသား အသက် (၁၄) နှစ်တို့၏ အချက်အလက်များသာ သိရသေးပြီး ကျန် ၃ ဦးအား အတည်ပြုဆဲဖြစ်သည်။

ဦးကျော်ထွန်း အသက် (၄၉)နှစ်၊ ဦးအောင်စောထွေး အသက် (၃၄)နှစ်၊ ဦးတင်စိုးခိုင် အသက်(၃၁)နှစ်၊ မယု အသက်(၃၇)နှစ်၊ မောင်အောင်အောင်ဦး အသက်(၁၆)နှစ်၊ မောင်အောင်ချစ်မိုး အသက်(၂၂)နှစ်၊ မောင်စောမင်းဦး (ခ) မောင်ဘောကြီး အသက် (၁၃)နှစ်တို့လည်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့မှ ရှုတ်ချကြောင်းထုတ်ပြန်ထားပြီး ဖမ်းဆီးထားသော ကလေးများအားလွှတ်ပေးရန် ပြောဆိုထားကြသည်။

စစ်ကောင်စီက လက်ယက်ကုန်းကျေးရွာတွင် KIAနှင့် PDF များ ရှိသည်ဆိုသည့် သတင်းကြောင့် သွားရောက်စီးနင်းပစ်ခတ်ရာမှ အရပ်သားထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဒဏ်ရာရသူများကိုဆေးကုပေးနေကြောင်း ထုတ်ပြန်ထားသည်။ သို့ရာတွင် ဖမ်းဆီးခေါ်ဆောင်သွားသူများကို မိသားစုနှင့်အဆက်အသွယ်မပေးသလို အကြောင်းကြားတာမျိုးပင်မရှိကြောင်း ဒေသခံများထံမှ သိရသည်။