Cele

ေမာ္ဒယ္သ႐ုပ္ ေဆာင္ ဟန္ေလး UNHCR ၏ ကာကြယ္မႈ အျပည့္အ၀ရရွိၿပီး ျမန္မာျပည္ ျပန္ပို႔ရန္ မရွိဟု ထိုင္းဘက္ကေျပာ

ဘန္ေကာက္ေလဆိပ္တြင္ ေခတၱ ထိန္းသိမ္းခံထားရေသာ ေမာ္ဒယ္သ႐ုပ္ ေဆာင္ ဟန္ေလး UNHCR ၏ ကာကြယ္မႈ အျပည့္အ၀ရရွိၿပီး ျမန္မာျပည္ ျပန္ပို႔ရန္ မရွိဟု ထိုင္းဘက္ကေျပာ

ရန္ကုန္၊ စက္တင္ဘာ ၂၂

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ေလဆိပ္တြင္ ေခတၱ ထိန္းသိမ္းခံထားရေသာ ေမာ္ဒယ္သ႐ုပ္ေဆာင္ဟန္ေလးသည္ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာေအဂ်င္စီ (UNHCR) ႏွင့္ အဆက္အသြယ္ရရွိၿပီျဖစ္ၿပီး ထိုင္းအာဏာပိုင္မ်ားဘက္ကလည္း ျမန္မာျပည္သို႔ ျပန္မပို႔ရန္ ကတိ ကဝတ္ ရရွိၿပီးျဖစ္ေၾကာင္း သ႐ုပ္ ေဆာင္ ဟန္ေလး က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ေျပာဆိုသည္။

“မေန႔ညကေတာ့ ညီမကို ေလဆိပ္ ထိန္းသိမ္းေရးအေဆာင္ Detention Center မွာထားတယ္။ ဗီယက္နမ္ကို ျပန္သြားခိုင္းတယ္။ အခုေတာ့ UNHCR ရဲ႕ ကာကြယ္မႈေအာက္မွာ အျပည့္အ၀ ရွိေနပါတယ္။ ထိုင္းဘက္က ျမန္မာျပည္ကို ျပန္မပို႔ပါဘူး ဆိုတဲ့ ကတိကဝတ္ရပါၿပီ။ ၁၀၀ ရာခိုင္ႏႈန္း အာမခံခ်က္ရွိတယ္။

အခုမနက္မွာက Departure မွာ ေနလို႔ရတယ္။ လြတ္လြတ္လပ္လပ္သြားလို႔ရတယ္။ အခုက အျခားႏိုင္ငံတစ္ခုကို သြားရမလား၊ ထိုင္းထဲပဲ ျပန္ဝင္ခြင့္ေပးမလားမသိရေသးဘူး။ အကုန္အဆင္ေျပပါတယ္။ စိတ္ပူေနသူေတြ စိတ္မပူၾကပါနဲ႔။ အခုထက္ထိလည္း စိတ္ဓာတ္ ခိုင္ခိုင္မာမာရွိပါတယ္” ဟု ေမာ္ဒယ္ဟန္ေလး က ေျပာသည္။

အၾကမ္းဖက္စစ္ေကာင္စီက ေမာ္ဒယ္ဟန္ေလးကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ၁၂၄ ျဖင့္ အမႈဖြင့္ထားၿပီး ေမာ္ဒယ္သ႐ုပ္ေဆာင္ဟန္ေလးသည္ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားတြင္ ဦးေဆာင္ပါဝင္ခဲ့သူလည္းျဖစ္သည္။

“ညီမကို ၁၂၄ နဲ႔ အမႈဖြင့္ထားတယ္။ ျမန္မာႏိုင္ငံျပန္လို႔လည္းမရဘူး။ ထိုင္းမွာလည္း ျပစ္မႈက်ဴးလြန္ထားတာလည္းမရွိဘူး ဆိုေတာ့ အခုက အဆင္ေျပပါတယ္” ဟု ေမာ္ဒယ္သ႐ုပ္ေဆာင္ဟန္ေလးက ဆိုသည္။

ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံထားရသော မော်ဒယ်သရုပ် ဆောင် ဟန်လေး UNHCR ၏ ကာကွယ်မှု အပြည့်အဝရရှိပြီး မြန်မာပြည် ပြန်ပို့ရန် မရှိဟု ထိုင်းဘက်ကပြော

ရန်ကုန်၊ စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံထားရသော မော်ဒယ်သရုပ်ဆောင်ဟန်လေးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် အဆက်အသွယ်ရရှိပြီဖြစ်ပြီး ထိုင်းအာဏာပိုင်များဘက်ကလည်း မြန်မာပြည်သို့ ပြန်မပို့ရန် ကတိ ကဝတ် ရရှိပြီးဖြစ်ကြောင်း သရုပ် ဆောင် ဟန်လေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

“မနေ့ညကတော့ ညီမကို လေဆိပ် ထိန်းသိမ်းရေးအဆောင် Detention Center မှာထားတယ်။ ဗီယက်နမ်ကို ပြန်သွားခိုင်းတယ်။ အခုတော့ UNHCR ရဲ့ ကာကွယ်မှုအောက်မှာ အပြည့်အ၀ ရှိနေပါတယ်။ ထိုင်းဘက်က မြန်မာပြည်ကို ပြန်မပို့ပါဘူး ဆိုတဲ့ ကတိကဝတ်ရပါပြီ။ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိတယ်။

အခုမနက်မှာက Departure မှာ နေလို့ရတယ်။ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ အခုက အခြားနိုင်ငံတစ်ခုကို သွားရမလား၊ ထိုင်းထဲပဲ ပြန်ဝင်ခွင့်ပေးမလားမသိရသေးဘူး။ အကုန်အဆင်ပြေပါတယ်။ စိတ်ပူနေသူတွေ စိတ်မပူကြပါနဲ့။ အခုထက်ထိလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာရှိပါတယ်” ဟု မော်ဒယ်ဟန်လေး က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မော်ဒယ်ဟန်လေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄ ဖြင့် အမှုဖွင့်ထားပြီး မော်ဒယ်သရုပ်ဆောင်ဟန်လေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်သည်။

“ညီမကို ၁၂၄ နဲ့ အမှုဖွင့်ထားတယ်။ မြန်မာနိုင်ငံပြန်လို့လည်းမရဘူး။ ထိုင်းမှာလည်း ပြစ်မှုကျူးလွန်ထားတာလည်းမရှိဘူး ဆိုတော့ အခုက အဆင်ပြေပါတယ်” ဟု မော်ဒယ်သရုပ်ဆောင်ဟန်လေးက ဆိုသည်။