“ဒီလိုလုပ္လို႔ ႏိုင္ငံေရးရပ္တည္ခ်က္က ပိုၿပီးေတာ့ေတာင္ ခိုင္မာသြားေသးတယ္” (႐ုပ္/သံ)
ဧရာ၀တီ၊ စက္တင္ဘာ ၂၂၊ ၂၀၂၁
“Miss Grand International 2020” အလွမယ္တဦး ျဖစ္တဲ့ အလွမယ္ ဟန္ေလးကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၊ သုဝဏၰဘူမိေလဆိပ္မွာ စက္တင္ဘာလ ၂၁ ရက္က ထိန္းသိမ္းခံလိုက္ရပါတယ္။
အလွမယ္ ဟန္ေလးမွာ စက္တင္ဘာလ ၁၈ ရက္က ဗီဇာကိစၥအတြက္ ဗီယက္နမ္ႏိုင္ငံကို သြားေရာက္ခဲ့တာျဖစ္ၿပီး စက္တင္ဘာ ၂၁ ရက္မွာ သုဝဏၰဘူမိေလဆိပ္ကို ျပန္လည္ ေရာက္ရွိလာခ်ိန္မွာပဲ ထိန္းသိမ္းခံလိုက္ရတာ ျဖစ္ တယ္လို႔ သိရပါတယ္။
ျမန္မာ့အလွမယ္ ဟန္ေလး က ၂၀၂၁ ခုႏွစ္ မတ္လ ၂၇ ရက္က ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ “Miss Grand International 2020” ၿပိဳင္ပြဲစင္ျမင့္ ထက္ကေန “Stop the War & Violence” ေခါင္းစဥ္နဲ႔
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္က စစ္အာဏာရွင္မ်ားရဲ႕ အၾကမ္းဖက္မႈ အေျခအေနေတြကို ကမာၻကသိေအာင္ ထုတ္ေဖာ္ ေျပာဆိုခဲ့သူ တဦးလည္း ျဖစ္ပါတယ္။
ဒါ့ျပင္ လက္ရွိ ထိုင္းႏိုင္ငံမွာ ေနထိုင္ၿပီး ျမန္မာ့အေရးကိစၥရပ္မ်ားနဲ႔ပတ္သက္လို႔ ထုတ္ေဖာ္ေျပာဆိုေပးေနတဲ့ အလွမယ္ တဦးလည္း ျဖစ္ပါတယ္။
လက္ရွိ ထိုင္းေလဆိပ္မွာ အလွမယ္ ဟန္ေလး ထိန္းသိမ္းခံထားရတဲ့ အေျခအေနမ်ားနဲ႔ ပတ္သက္လို႔ အေသးစိတ္ သိရွိႏိုင္ေစဖို႔အတြက္ ဧရာဝတီ သတင္းဌာနက ဆက္သြယ္ ေမးျမန္းထားပါတယ္။
“ဒီလိုလုပ်လို့ နိုင်ငံရေးရပ်တည်ချက်က ပိုပြီးတော့တောင် ခိုင်မာသွားသေးတယ်” (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၂၂၊ ၂၀၂၁
“Miss Grand International 2020” အလှမယ်တဦး ဖြစ်တဲ့ အလှမယ် ဟန်လေးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်မှာ စက်တင်ဘာလ ၂၁ ရက်က ထိန်းသိမ်းခံလိုက်ရပါတယ်။
အလှမယ် ဟန်လေးမှာ စက်တင်ဘာလ ၁၈ ရက်က ဗီဇာကိစ္စအတွက် ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှာ သုဝဏ္ဏဘူမိလေဆိပ်ကို ပြန်လည် ရောက်ရှိလာချိန်မှာပဲ ထိန်းသိမ်းခံလိုက်ရတာ ဖြစ် တယ်လို့ သိရပါတယ်။
မြန်မာ့အလှမယ် ဟန်လေး က ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲစင်မြင့် ထက်ကနေ “Stop the War & Violence” ခေါင်းစဉ်နဲ့
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်က စစ်အာဏာရှင်များရဲ့ အကြမ်းဖက်မှု အခြေအနေတွေကို ကမ္ဘာကသိအောင် ထုတ်ဖော် ပြောဆိုခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
ဒါ့ပြင် လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်ပြီး မြန်မာ့အရေးကိစ္စရပ်များနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုပေးနေတဲ့ အလှမယ် တဦးလည်း ဖြစ်ပါတယ်။
လက်ရှိ ထိုင်းလေဆိပ်မှာ အလှမယ် ဟန်လေး ထိန်းသိမ်းခံထားရတဲ့ အခြေအနေများနဲ့ ပတ်သက်လို့ အသေးစိတ် သိရှိနိုင်စေဖို့အတွက် ဧရာဝတီ သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါတယ်။