Local News

မည္သည့္ အေျခအေနမ်ိဳးမွ ကုလ၏ အသိအမွတ္ျပဳျခင္း ခံရေတာ့မည္ မဟုတ္

မည္သည့္ အေျခအေနမ်ိဳးမွ ကုလ၏ အသိအမွတ္ျပဳျခင္း ခံရေတာ့မည္ မဟုတ္

ျမန္မာ စစ္အာဏာသိမ္း အဖြဲ႕ အား စိတ္ဓါတ္ေရးရာ ထိုးစစ္ ဆင္ပြဲႀကီးက နယူးေယာက္တြင္ စတင္ေနၿပီ ျဖစ္သည္။

အေမရိကန္ သမၼတ ဂ်ိဳး ဘိုင္ဒင္မွ ကုလသမဂၢ အေထြေထြ ညီလာခံ စင္ျမင့္မွ “ျမန္မာႏိုင္ငံမွာ အာဏာ သိမ္းထားတဲ့ စစ္တပ္ဟာ ဒီမိုကေရစီ အေရး လႈပ္ရွားသူ‌ ေတြ၊ တိုင္းရင္းသား လူမ်ိဳး‌ ေတြကို လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈ ေတြ ဆိုးဆိုး႐ြား႐ြားကို က်ဳးလြန္ေနတယ္” ဟု ထည့္သြင္း ေျပာဆိုသြားၿပီး မိမိတို႔သည္ အာဖဂန္၊ အီရန္ နဲ႔ ျမန္မာ ျပည္သူမ်ား ဖက္က ရပ္တည္သြားမည္ဟုလည္း ေျပာသြားခဲ့သည္။

ဂ်ိဳး ဘိုင္ဒင္သည္ အသက္အ႐ြယ္ ႀကီးရင့္လာ၍ေလာ မသိ၊ ၎အမိန႔္ျဖင့္ ျမန္မာျပည္သူမ်ား ပိုင္ ေဒၚလာ တစ္ဘီလီယံကို သိမ္းဆည္းထားသည္ကို ေမ့ေလ်ာ့ေနၿပီး၊ “ျမန္မာျပည္သူမ်ားသည္ ႏိုင္ငံတကာ၏ တုန႔္ျပန္မႈမ်ားကို အ‌ေတာ္ကို စိတ္ပ်က္ ေဒါသထြက္လာ ေနၾကၿပီ ျဖစ္ေၾကာင္း၊ အမ်ားစုသည္ ႏႈတ္ႏွင့္သာ ေထာက္ခံေၾကာင္း ေျပာေနၿပီး အလုပ္ႏွင့္ သက္ေသ ျပႏိုင္ျခင္း မရွိေသး” ဟုလည္း ဆိုသည္။ကမာၻေပၚတြင္ ျပည္သူ႔ဆႏၵ ႏွင့္ အညီ အုပ္ခ်ဳပ္ေနေသာ အစိုးရ မွန္သမွ်သည္ ၎တို႔အား ေထာက္ခံမႈ ေပးရဲ ၾကလိမ့္မည္ မဟုတ္။

ၿပီးခဲ့သည့္ ႏွစ္က ကုလသမဂၢ၏ အသိအမွတ္ ျပဳ မခံခဲ့ရျခင္းအား emotional issue ေၾကာင့္ဟု ဆိုကာ ေျဖသိမ့္ခဲ့ၾကေသာ္လည္း ယခုႏွစ္တြင္လည္း မည္သို႔မွ် ဆက္လက္ အသိအမွတ္ ျပဳ ခံရဖို႔ မရွိ ျဖစ္ေနျခင္း ေၾကာင့္ ၎တို႔အဖို႔ တရားဝင္ အစိုးရ အျဖစ္ ရပ္တည္သြားႏိုင္ဖို႔ မရွိေတာ့သည္ကို ရိပ္စားလာမိၿပီ ျဖစ္၍ မ်က္ကလဲဆန္ျပာေတာ့ ျဖစ္ေနေလာက္ၿပီ ျဖစ္သည္။အိမ္နီးခ်င္း အာဆီယံ ႏိုင္ငံမ်ား၏ အျပင္းအထန္ ဆန႔္က်င္လာမႈ မ်ား ႏွင့္ စတင္ ရင္ဆိုင္ ေနၾကရၿပီ ျဖစ္သည္။

ယခုအခါ ဘဂၤလားေဒ့ရွ္ စစ္ဦးစီးခ်ဳပ္ မွ လက္တုန႔္ျပန္ရန္ အသင့္ အေနအထား ရွိေနၿပီဟု ထုတ္ေဖၚေျပာ ဆိုလိုက္သည္၊ သံတမန္ေရးအရ အေျဖရွာရန္ ေျပာဆိုခဲ့ေသာ္လည္း မင္းေအာင္လႈိင္ မွ ျမန္မာ စစ္သံမႉး မွတဆင့္ ၎တို႔ႏွင့္ မဆိုင္ေၾကာင္း၊ သူပုန္မ်ား ေၾကာင့္ဟု အေၾကာင္းျပန္ခဲ့သည္ဟု သိရသည္။

စစ္အာဏာသိမ္း အဖြဲ႕သည္ က်င္းထဲက်ပ္ထဲ ေရာက္ေနရသည္မွာ ယခုထက္ထိပင္ ျဖစ္၍ ႏိုင္ငံတကာ၏ ေတာင္းဆိုခ်က္မ်ားကို အနည္းငယ္ မွ်ပင္ လိုက္ေလ်ာ၍ မရ ျဖစ္ေနၿပီး အာဏာတည္ၿမဲေရး အတြက္ အရက္စက္ဆုံး နည္းမ်ားကို သုံး‌ေနရသည္၊ အေျခအေန ေကာင္းလာလွ်င္ ၎တို႔၏ လုပ္ရပ္မ်ားကို ကမာၻႀကီးက ေမ့ေလ်ာ့ကာ လူ႔အသိုက္အဝန္းထဲ ျပန္ ဆြဲသြင္းလာၾကလိမ့္မည္ဟုလည္း ေမွ်ာ္လင့္ေနသည္။

စက္တင္ဘာ ၂၉ ရက္ေန႔တြင္ ဩစေတးလွ် စီးပြားေရး ပညာရွင္ ေရွာင္တာနဲလ္အား အၿပီးသတ္ အမိန႔္ခ်မည္ကိုလည္း ေစာင့္ၾကည့္ေနၾကၿပီ ျဖစ္သည္။

စစ္အာဏာသိမ္း အဖြဲ႕သည္ အလိမ္အညာ ေ႐ြးေကာက္ပြဲျဖင့္ လူ႔အသိုက္အဝန္းထဲ ျပန္ဝင္၍ ရႏိုင္မည္ဟု စိတ္ကူး အယဥ္ႀကီး ယဥ္ေနေသာ္လည္း မင္းေအာင္လႈိင္ပင္ သမၼတ ျဖစ္လာဖြယ္ ရွိေနသည့္ ေ႐ြးေကာက္ပြဲ ကို မည္သူမွ် အသိအမွတ္ ျပဳလာၾကမည္ မဟုတ္၍ ပြဲ ၿပီးဆုံးသြားၿပီ ျဖစ္သည္။

ကုလ လူ႔အခြင့္ အေရး အထူး သံတမန္ တြန္ အင္ဒ႐ူးမွလည္း ‌အာဏာသိမ္း အဖြဲ႕ လုပ္မည့္ ေ႐ြးေကာက္ပြဲသည္ အလိမ္အညာသာ ျဖစ္၍ ေယာင္၍မွ် မယုံစား မိရန္ ႏွင့္ မည္သို႔ေသာ အကူအညီမ်ိဳး မွ မေပးမိေစရန္ ႏိုင္ငံတကာ သို႔ ဂ်ီနီဗာရွိ ကုလ စင္ျမင့္ေပၚမွ လူသိရွင္ၾကား ပန္ၾကားလိုက္ၿပီ ျဖစ္သည္။ ကုလ မွ အသိအမွတ္ မျပဳေသာ အစိုးရမ်ိဳးသည္ မည္သို႔မွ် တရားဝင္ ဆက္လက္ရပ္တည္ သြားႏိုင္ေပဦးမည္နည္း။ ၎တို႔၏ ရက္စက္ၾကမ္းၾကဳပ္စြာ လူသတ္ မီးရႈိ႕ခဲ့သည့္ လုပ္ရပ္မ်ားအား ျမန္မာတို႔ အေနျဖင့္ ၂၀၂၃ မဆိုထားဘိ၊ ေနာက္လာမည့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အထိ သားစဥ္ေျမးဆက္ စြဲထင္က်န္ေနရစ္မည္ကား ေသခ်ာ လွေပသည္။

ႏိုင္ငံကို မည္ကာမတၱမွ် လည္ပတ္ႏိုင္ေရး အတြက္ ႐ုရွားမွ ေငြရွိရင္ ရွိသလို ဓါ‌တ္ေျမဩဇာဝယ္၊ ေရနံ ဝယ္ အဆင့္မ်ိဳးႏွင့္ သာ အသက္ဆက္ၾကရဖို႔ ရွိေနသည္။

ယခုအခ်ိန္အထိ ၎တို႔ေျပာသည့္ ႐ုရွား ဆီသေဘၤာသည္ ဘယ္ဆီေရာက္ေနမွန္း မသိ ျဖစ္ေနသည္၊ ၎တို႔အတြက္က အေရးမႀကီး ႐ုရွား မွ ဆီသေဘၤာႀကီးမ်ား ေရာက္ေနၿပီဟု ေျပာႏိုင္ယုံေလာက္ႏွင့္ အဆင္ေျပေပသည္၊ န်ဳကလီယား ဓါတ္အားေပး စက္႐ုံႀကီးတည္ေတာ့မည္၊ ႐ူဘဲလ္ေငြသည္ ကမာၻသုံး ေငြေၾကး ျဖစ္လာေတာ့မည္ ပါးစပ္ပါ လ်င္အကုန္ေျပာ၍ ရေနသည္ မဟုတ္ပါေလာ။

ႏိုင္ငံတြင္းရွိ တ႐ုတ္ ကုမၸဏီႀကီးမ်ားက ႐ုရွား LNG ဓါတ္ေငြ႕ရည္ကို ၎တို႔အတြက္ မွာယူေပးရန္ ေတာင္းဆိုခဲ့ၾကေသာ္လည္း ႐ုရွားက အစိုးရခ်င္းသာ ေရာင္းခ်မည္ ဆိုကာ လက္မခံခဲ့ဟု Frontier Myanmar တြင္ ေရးသားထားသည္၊ ဤသည္ကပင္ တ႐ုတ္ ကုမၸဏီမ်ား ထိခိုက္လာေနၿပီ ဆိုသည္ကို ျပဆိုေနေပသည္။

တိုင္းျပည္၏ အနာဂတ္ ကံၾကမၼာကို လည္း ေယာင္၍မွ်ပင္ ထည့္စဥ္းစားၾကမည့္ လူမ်ားလည္း မဟုတ္၍ ျမန္မာျပည္သူမ်ား မိမိတို႔ ၾကမၼာ မိမိတို႔ ဖန္တီးႏိုင္ခြင့္ ျပန္လည္ရရွိေရး အတြက္ သာ လုံးပမ္းၾကရေပေတာ့မည္။

အနီးဆုံး ဥပမာ အျဖစ္ ႐ုရွား အာဏာရွင္ ပူတင္သည္ ၎၏ အဓိပၸါယ္မဲ့ အိမ္နီးခ်င္း ႏိုင္ငံ တႏိုင္ငံ အေပၚ က်ဴးေက်ာ္ေနေသာ စစ္ပြဲ တြင္ ရႈံးနိမ့္လာေနျခင္းအား သြယ္ဝိုက္ဝန္ခံလိုက္သည့္ လုပ္ရပ္အျဖစ္ ႐ုရွားလူငယ္မ်ား သိန္းႏွင့္ခ်ီ ၿပီး စစ္မႈထမ္းရန္ ဆင့္ေခၚၿပီး ေသတြင္းထဲ တြန္းပို႔ၿပီး ၎၏ က်ဆင္းေနေသာ ဂုဏ္သိကၡာအား ျမႇင့္တင္ႏိုင္ရန္ ႀကံစည္ေနၿပီ ျဖစ္သည္၊ ယင္းႏွင့္အတူ ေမာ္စကို ရွိ လမ္းမ်ားေပၚတြင္ ဆႏၵျပပြဲမ်ား ျဖစ္ေပၚလာၿပီး လူငယ္အမ်ားအျပား နယ္စပ္ေဒသမ်ားမွ တဆင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီ ျဖစ္သည္။

ပူတင္၏ လုပ္ရပ္အား အာရွ တြင္ လူသိရွင္ၾကား ေထာက္ခံသည့္ ႏိုင္ငံဟူ၍ အာဏာရွင္ ႏွစ္ႏိုင္ငံ ျဖစ္သည့္ ျမန္မာ ႏွင့္ ေျမာက္ကိုရီယားသာ ရွိေပသည္။ ျမန္မာ မွ ေထာက္ခံသည္ ဆို၍လည္း စစ္ေကာင္စီ ဝင္မ်ား ႏွင့္ ၎တို႔ ဝါဒျဖန႔္ေနမႈမ်ားကို ဘူးလုံးနားမထြင္း မ်က္စိမွိတ္ေထာက္ခံေနသူ လက္တဆုပ္စာသာ ရွိသည္။ ေျမာက္ကိုရီယားလည္း ထို႔အတူတူပင္ ျဖစ္သည္။ ထိုကဲ့သို႔ အင္အားနည္း ႏိုင္ငံတႏိုင္ငံကို က်ဴးေက်ာ္သည့္ လုပ္ရပ္အား ေထာက္ခံမႈ ေပးလိုက္ျခင္းကပင္ ကိုယ့္က်င့္သိကၡာႏွင့္ ဘာမဆို အလဲအထပ္ လုပ္ရန္ ဝန္မေလးေၾကာင္း ထုတ္ေဖၚျပသလိုက္ျခင္းပင္ ျဖစ္သည္။ျမန္မာျပည္တြင္လည္း ထိုသို႔ အျဖစ္မ်ိဳး ျဖစ္မလာနိင္ဟု မည္သူ အတတ္ေျပာႏိုင္ေပမည္နည္း။

ႀကံခိုင္ေရး ဥကၠဌ အျဖစ္ ရႈံးမည္မွန္း သိလ်က္ႏွင့္ပင္ ကေတာင္းက်ိဳက္၊ အံကိုခဲကာ ေလးငါးေျခာက္ႏွစ္ တိုက္ပြဲဝင္ခဲ့ရွာသည့္ ဥကၠဌ ဦးသန္းေဌးလည္း အာဏာရွင္ ကို မလြန္ဆန္ႏိုင္၍ ရာထူးမွ ဆင္းေပးလိုက္ရရွာၿပီ ျဖစ္သည္၊ မင္းေအာင္လႈိင္မွ ညာလက္႐ုံး ခင္ရီအား ဝန္ႀကီးရာထူးမွ အနားေပးလိုက္ခ်ိန္မွစ၍ ဦးသန္းေဌးသည္ သူ၏ ကံၾကမၼာကို ရိပ္စားမိေနေလာက္ၿပီလည္း ျဖစ္သည္။ ခင္ရီသည္ ယခုအခါ ႀကံခိုင္ေရး ၏ ယာယီဥကၠဌ ျဖစ္လာေခ်ၿပီ။ ဤသည္ကိုလည္း ကမာၻက ဖာသိဖာသာ ေနၾကမည္ မဟုတ္ပဲ ေစာင့္ၾကည့္ေနၾကမည္သာ ျဖစ္သည္။

ထို႔အတြက္ လက္ရွိ ေတာ္လွန္ေရးႀကီးသည္ အားလုံးႏွင့္ သက္ဆိုင္ေနသည္၊ မိမိတို႔ ရင္ေသြးမ်ား၏ အနာဂတ္ကို အဆုံးအျဖတ္ေပးမည့္ ပြဲႀကီး အျဖစ္ ကူးေျပာင္းလာေနၿပီ ျဖစ္သည္။

ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ်ေအာင္ရမည္!!!

Hla Soewai

မည်သည့် အခြေအနေမျိုးမှ ကုလ၏ အသိအမှတ်ပြုခြင်း ခံရတော့မည် မဟုတ်

မြန်မာ စစ်အာဏာသိမ်း အဖွဲ့ အား စိတ်ဓါတ်ရေးရာ ထိုးစစ် ဆင်ပွဲကြီးက နယူးယောက်တွင် စတင်နေပြီ ဖြစ်သည်။

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်မှ ကုလသမဂ္ဂ အထွေထွေ ညီလာခံ စင်မြင့်မှ “မြန်မာနိုင်ငံမှာ အာဏာ သိမ်းထားတဲ့ စစ်တပ်ဟာ ဒီမိုကရေစီ အရေး လှုပ်ရှားသူ‌ တွေ၊ တိုင်းရင်းသား လူမျိုး‌ တွေကို လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ ဆိုးဆိုးရွားရွားကို ကျုးလွန်နေတယ်” ဟု ထည့်သွင်း ပြောဆိုသွားပြီး မိမိတို့သည် အာဖဂန်၊ အီရန် နဲ့ မြန်မာ ပြည်သူများ ဖက်က ရပ်တည်သွားမည်ဟုလည်း ပြောသွားခဲ့သည်။

ဂျိုး ဘိုင်ဒင်သည် အသက်အရွယ် ကြီးရင့်လာ၍လော မသိ၊ ၎င်းအမိန့်ဖြင့် မြန်မာပြည်သူများ ပိုင် ဒေါ်လာ တစ်ဘီလီယံကို သိမ်းဆည်းထားသည်ကို မေ့လျော့နေပြီး၊ “မြန်မာပြည်သူများသည် နိုင်ငံတကာ၏ တုန့်ပြန်မှုများကို အ‌တော်ကို စိတ်ပျက် ဒေါသထွက်လာ နေကြပြီ ဖြစ်ကြောင်း၊ အများစုသည် နှုတ်နှင့်သာ ထောက်ခံကြောင်း ပြောနေပြီး အလုပ်နှင့် သက်သေ ပြနိုင်ခြင်း မရှိသေး” ဟုလည်း ဆိုသည်။ကမ္ဘာပေါ်တွင် ပြည်သူ့ဆန္ဒ နှင့် အညီ အုပ်ချုပ်နေသော အစိုးရ မှန်သမျှသည် ၎င်းတို့အား ထောက်ခံမှု ပေးရဲ ကြလိမ့်မည် မဟုတ်။

ပြီးခဲ့သည့် နှစ်က ကုလသမဂ္ဂ၏ အသိအမှတ် ပြု မခံခဲ့ရခြင်းအား emotional issue ကြောင့်ဟု ဆိုကာ ဖြေသိမ့်ခဲ့ကြသော်လည်း ယခုနှစ်တွင်လည်း မည်သို့မျှ ဆက်လက် အသိအမှတ် ပြု ခံရဖို့ မရှိ ဖြစ်နေခြင်း ကြောင့် ၎င်းတို့အဖို့ တရားဝင် အစိုးရ အဖြစ် ရပ်တည်သွားနိုင်ဖို့ မရှိတော့သည်ကို ရိပ်စားလာမိပြီ ဖြစ်၍ မျက်ကလဲဆန်ပြာတော့ ဖြစ်နေလောက်ပြီ ဖြစ်သည်။အိမ်နီးချင်း အာဆီယံ နိုင်ငံများ၏ အပြင်းအထန် ဆန့်ကျင်လာမှု များ နှင့် စတင် ရင်ဆိုင် နေကြရပြီ ဖြစ်သည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ် မှ လက်တုန့်ပြန်ရန် အသင့် အနေအထား ရှိနေပြီဟု ထုတ်ဖေါ်ပြော ဆိုလိုက်သည်၊ သံတမန်ရေးအရ အဖြေရှာရန် ပြောဆိုခဲ့သော်လည်း မင်းအောင်လှိုင် မှ မြန်မာ စစ်သံမှူး မှတဆင့် ၎င်းတို့နှင့် မဆိုင်ကြောင်း၊ သူပုန်များ ကြောင့်ဟု အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

စစ်အာဏာသိမ်း အဖွဲ့သည် ကျင်းထဲကျပ်ထဲ ရောက်နေရသည်မှာ ယခုထက်ထိပင် ဖြစ်၍ နိုင်ငံတကာ၏ တောင်းဆိုချက်များကို အနည်းငယ် မျှပင် လိုက်လျော၍ မရ ဖြစ်နေပြီး အာဏာတည်မြဲရေး အတွက် အရက်စက်ဆုံး နည်းများကို သုံး‌နေရသည်၊ အခြေအနေ ကောင်းလာလျှင် ၎င်းတို့၏ လုပ်ရပ်များကို ကမ္ဘာကြီးက မေ့လျော့ကာ လူ့အသိုက်အဝန်းထဲ ပြန် ဆွဲသွင်းလာကြလိမ့်မည်ဟုလည်း မျှော်လင့်နေသည်။

စက်တင်ဘာ ၂၉ ရက်နေ့တွင် ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တာနဲလ်အား အပြီးသတ် အမိန့်ချမည်ကိုလည်း စောင့်ကြည့်နေကြပြီ ဖြစ်သည်။

စစ်အာဏာသိမ်း အဖွဲ့သည် အလိမ်အညာ ရွေးကောက်ပွဲဖြင့် လူ့အသိုက်အဝန်းထဲ ပြန်ဝင်၍ ရနိုင်မည်ဟု စိတ်ကူး အယဉ်ကြီး ယဉ်နေသော်လည်း မင်းအောင်လှိုင်ပင် သမ္မတ ဖြစ်လာဖွယ် ရှိနေသည့် ရွေးကောက်ပွဲ ကို မည်သူမျှ အသိအမှတ် ပြုလာကြမည် မဟုတ်၍ ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။

ကုလ လူ့အခွင့် အရေး အထူး သံတမန် တွန် အင်ဒရူးမှလည်း ‌အာဏာသိမ်း အဖွဲ့ လုပ်မည့် ရွေးကောက်ပွဲသည် အလိမ်အညာသာ ဖြစ်၍ ယောင်၍မျှ မယုံစား မိရန် နှင့် မည်သို့သော အကူအညီမျိုး မှ မပေးမိစေရန် နိုင်ငံတကာ သို့ ဂျီနီဗာရှိ ကုလ စင်မြင့်ပေါ်မှ လူသိရှင်ကြား ပန်ကြားလိုက်ပြီ ဖြစ်သည်။ ကုလ မှ အသိအမှတ် မပြုသော အစိုးရမျိုးသည် မည်သို့မျှ တရားဝင် ဆက်လက်ရပ်တည် သွားနိုင်ပေဦးမည်နည်း။ ၎င်းတို့၏ ရက်စက်ကြမ်းကြုပ်စွာ လူသတ် မီးရှို့ခဲ့သည့် လုပ်ရပ်များအား မြန်မာတို့ အနေဖြင့် ၂၀၂၃ မဆိုထားဘိ၊ နောက်လာမည့် ဆယ်စုနှစ်ပေါင်းများစွာ အထိ သားစဉ်မြေးဆက် စွဲထင်ကျန်နေရစ်မည်ကား သေချာ လှပေသည်။

နိုင်ငံကို မည်ကာမတ္တမျှ လည်ပတ်နိုင်ရေး အတွက် ရုရှားမှ ငွေရှိရင် ရှိသလို ဓါ‌တ်မြေဩဇာဝယ်၊ ရေနံ ဝယ် အဆင့်မျိုးနှင့် သာ အသက်ဆက်ကြရဖို့ ရှိနေသည်။

ယခုအချိန်အထိ ၎င်းတို့ပြောသည့် ရုရှား ဆီသင်္ဘောသည် ဘယ်ဆီရောက်နေမှန်း မသိ ဖြစ်နေသည်၊ ၎င်းတို့အတွက်က အရေးမကြီး ရုရှား မှ ဆီသင်္ဘောကြီးများ ရောက်နေပြီဟု ပြောနိုင်ယုံလောက်နှင့် အဆင်ပြေပေသည်၊ နျုကလီယား ဓါတ်အားပေး စက်ရုံကြီးတည်တော့မည်၊ ရူဘဲလ်ငွေသည် ကမ္ဘာသုံး ငွေကြေး ဖြစ်လာတော့မည် ပါးစပ်ပါ လျင်အကုန်ပြော၍ ရနေသည် မဟုတ်ပါလော။

နိုင်ငံတွင်းရှိ တရုတ် ကုမ္ပဏီကြီးများက ရုရှား LNG ဓါတ်ငွေ့ရည်ကို ၎င်းတို့အတွက် မှာယူပေးရန် တောင်းဆိုခဲ့ကြသော်လည်း ရုရှားက အစိုးရချင်းသာ ရောင်းချမည် ဆိုကာ လက်မခံခဲ့ဟု Frontier Myanmar တွင် ရေးသားထားသည်၊ ဤသည်ကပင် တရုတ် ကုမ္ပဏီများ ထိခိုက်လာနေပြီ ဆိုသည်ကို ပြဆိုနေပေသည်။

တိုင်းပြည်၏ အနာဂတ် ကံကြမ္မာကို လည်း ယောင်၍မျှပင် ထည့်စဉ်းစားကြမည့် လူများလည်း မဟုတ်၍ မြန်မာပြည်သူများ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးနိုင်ခွင့် ပြန်လည်ရရှိရေး အတွက် သာ လုံးပမ်းကြရပေတော့မည်။

အနီးဆုံး ဥပမာ အဖြစ် ရုရှား အာဏာရှင် ပူတင်သည် ၎င်း၏ အဓိပ္ပါယ်မဲ့ အိမ်နီးချင်း နိုင်ငံ တနိုင်ငံ အပေါ် ကျူးကျော်နေသော စစ်ပွဲ တွင် ရှုံးနိမ့်လာနေခြင်းအား သွယ်ဝိုက်ဝန်ခံလိုက်သည့် လုပ်ရပ်အဖြစ် ရုရှားလူငယ်များ သိန်းနှင့်ချီ ပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ပြီး သေတွင်းထဲ တွန်းပို့ပြီး ၎င်း၏ ကျဆင်းနေသော ဂုဏ်သိက္ခာအား မြှင့်တင်နိုင်ရန် ကြံစည်နေပြီ ဖြစ်သည်၊ ယင်းနှင့်အတူ မော်စကို ရှိ လမ်းများပေါ်တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီး လူငယ်အများအပြား နယ်စပ်ဒေသများမှ တဆင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီ ဖြစ်သည်။

ပူတင်၏ လုပ်ရပ်အား အာရှ တွင် လူသိရှင်ကြား ထောက်ခံသည့် နိုင်ငံဟူ၍ အာဏာရှင် နှစ်နိုင်ငံ ဖြစ်သည့် မြန်မာ နှင့် မြောက်ကိုရီယားသာ ရှိပေသည်။ မြန်မာ မှ ထောက်ခံသည် ဆို၍လည်း စစ်ကောင်စီ ဝင်များ နှင့် ၎င်းတို့ ဝါဒဖြန့်နေမှုများကို ဘူးလုံးနားမထွင်း မျက်စိမှိတ်ထောက်ခံနေသူ လက်တဆုပ်စာသာ ရှိသည်။ မြောက်ကိုရီယားလည်း ထို့အတူတူပင် ဖြစ်သည်။ ထိုကဲ့သို့ အင်အားနည်း နိုင်ငံတနိုင်ငံကို ကျူးကျော်သည့် လုပ်ရပ်အား ထောက်ခံမှု ပေးလိုက်ခြင်းကပင် ကိုယ့်ကျင့်သိက္ခာနှင့် ဘာမဆို အလဲအထပ် လုပ်ရန် ဝန်မလေးကြောင်း ထုတ်ဖေါ်ပြသလိုက်ခြင်းပင် ဖြစ်သည်။မြန်မာပြည်တွင်လည်း ထိုသို့ အဖြစ်မျိုး ဖြစ်မလာနိင်ဟု မည်သူ အတတ်ပြောနိုင်ပေမည်နည်း။

ကြံခိုင်ရေး ဥက္ကဌ အဖြစ် ရှုံးမည်မှန်း သိလျက်နှင့်ပင် ကတောင်းကျိုက်၊ အံကိုခဲကာ လေးငါးခြောက်နှစ် တိုက်ပွဲဝင်ခဲ့ရှာသည့် ဥက္ကဌ ဦးသန်းဌေးလည်း အာဏာရှင် ကို မလွန်ဆန်နိုင်၍ ရာထူးမှ ဆင်းပေးလိုက်ရရှာပြီ ဖြစ်သည်၊ မင်းအောင်လှိုင်မှ ညာလက်ရုံး ခင်ရီအား ဝန်ကြီးရာထူးမှ အနားပေးလိုက်ချိန်မှစ၍ ဦးသန်းဌေးသည် သူ၏ ကံကြမ္မာကို ရိပ်စားမိနေလောက်ပြီလည်း ဖြစ်သည်။ ခင်ရီသည် ယခုအခါ ကြံခိုင်ရေး ၏ ယာယီဥက္ကဌ ဖြစ်လာချေပြီ။ ဤသည်ကိုလည်း ကမ္ဘာက ဖာသိဖာသာ နေကြမည် မဟုတ်ပဲ စောင့်ကြည့်နေကြမည်သာ ဖြစ်သည်။

ထို့အတွက် လက်ရှိ တော်လှန်ရေးကြီးသည် အားလုံးနှင့် သက်ဆိုင်နေသည်၊ မိမိတို့ ရင်သွေးများ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် ပွဲကြီး အဖြစ် ကူးပြောင်းလာနေပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai