Local News

ေက်း႐ြာမ်ား မီးရႈိ႕ဖ်က္ဆီးမႈ စစ္ေကာင္စီလက္ခ်က္ဟု ပ်ဴတစ္ဦးဝန္ခံ

ေရစႀကိဳၿမိဳ႕နယ္ ေရလယ္ကြၽန္း႐ြာမ်ား မီးရႈိ႕ဖ်က္ဆီးမႈ စစ္ေကာင္စီလက္ခ်က္ဟု ပ်ဴတစ္ဦးဝန္ခံ

ဟာနာဆန္/People’s Spring

မေကြးတိုင္း၊ ေရစႀကိဳၿမိဳ႕နယ္၊ ေရလယ္ကြၽန္းေဒသရွိ မင္း႐ြာအပါအဝင္ ေက်း႐ြာအမ်ားအျပား မီးရႈိ႕ဖ်က္ဆီးခဲ့သည္မွာ စစ္ေကာင္စီ၏ လက္ခ်က္ျဖစ္ေၾကာင္း အဆိုပါ႐ြာမွ ပ်ဴေစာထီး မ်ိဳးဝင္းခိုင္က ဝန္ခံလိုက္သည္။

ေရလယ္ကြၽန္းေဒသျပည္သူ႔ကာကြယ္ေရးတပ္ေပါင္းစုတပ္ရင္းက ယေန႔ (စက္တင္ဘာ ၂၃ရက္) ႐ုပ္သံဖိုင္တစ္ခု ထုတ္ျပန္ခဲ့သည္။

အဆိုပါ ႐ုပ္သံတြင္ လက္နက္ကိုင္ထားေသာ မင္း႐ြာေက်း႐ြာေန စစ္ေကာင္စီလက္ေအာက္ခံ ပ်ဴေစာထီးမ်ိဳး၀င္းခိုင္ဆိုသူက အိမ္တစ္အိမ္အား ၿခိမ္းေျခာက္ေနစဥ္ ႐ိုက္ကူးထားျခင္းျဖစ္သည္။

႐ုပ္သံတြင္ မ်ိဳး၀င္းခိုင္ဆိုသူက “ကြၽန္ေတာ့္ဆုံးရႈံးမႈကို ႏိုင္ငံေတာ္က ျပန္လုပ္ေပးတယ္။ က်န္တဲ့သူေတြဆုံးရႈံးမႈက် ဘယ္သူက လုပ္ေပးမလဲ။ စဥ္းစား ခင္ဗ်ားတို႔စဥ္းစား။ ခင္ဗ်ားတို႔ဆယ္ႏွစ္စုလို႔ အိမ္ေကာင္းေကာင္းေဆာက္ဖို႔မလြယ္ဘူး။ လုပ္မွာတပ္က။

တစ္ခ်က္ သူတို႔ကိုထိတာနဲ႔လုပ္မွာ။ မလုပ္ခ်င္လို႔ ကြၽန္ေတာ္က ထိန္းလိုက္လာတာ။ က်ဳပ္႐ြာမီးရႈိ႕တုန္းက က်ဳပ္ပါတယ္ဆိုၿပီး ေျပာတယ္။ မပါဘူး။ က်ဳပ္ပါရင္ အလုပ္မခံဘူး တပ္ကို။”ဟု ေျပာသည္။

ေရစႀကိဳနယ္ ေရလယ္ကြၽန္းေဒသသည္ စစ္ေကာင္စီတပ္အား ခုခံေတာ္လွန္မႈအားေကာင္းရာ ေဒသတစ္ခုျဖစ္ၿပီး မင္း႐ြာအပါအဝင္ ေက်း႐ြာအမ်ားအျပားအား စစ္ေကာင္စီတပ္ႏွင့္ပ်ဴမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ၾကသည္။

စက္တင္ဘာ ၂၁ရက္က ေရစႀကိဳၿမိဳ႕နယ္ ေရလယ္ကြၽန္းေဒသ၊ မင္း႐ြာရွိ စစ္ေကာင္စီတပ္ႏွင့္ပ်ဴမ်ားအား ေဒသကာကြယ္ေရးတပ္မ်ားက လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲ့ေသးသည္။

႐ုပ္သံ – ေရလယ္ကြၽန္းေဒသျပည္သူ႔ကာကြယ္ေရးတပ္ေပါင္းစုတပ္ရင္း

လူထုေႏြဦး

ရေစကြိုမြို့နယ် ရေလယ်ကျွန်းရွာများ မီးရှို့ဖျက်ဆီးမှု စစ်ကောင်စီလက်ချက်ဟု ပျူတစ်ဦးဝန်ခံ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာအပါအဝင် ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခဲ့သည်မှာ စစ်ကောင်စီ၏ လက်ချက်ဖြစ်ကြောင်း အဆိုပါရွာမှ ပျူစောထီး မျိုးဝင်းခိုင်က ဝန်ခံလိုက်သည်။

ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက ယနေ့ (စက်တင်ဘာ ၂၃ရက်) ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရုပ်သံတွင် လက်နက်ကိုင်ထားသော မင်းရွာကျေးရွာနေ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးမျိုးဝင်းခိုင်ဆိုသူက အိမ်တစ်အိမ်အား ခြိမ်းခြောက်နေစဉ် ရိုက်ကူးထားခြင်းဖြစ်သည်။

ရုပ်သံတွင် မျိုးဝင်းခိုင်ဆိုသူက “ကျွန်တော့်ဆုံးရှုံးမှုကို နိုင်ငံတော်က ပြန်လုပ်ပေးတယ်။ ကျန်တဲ့သူတွေဆုံးရှုံးမှုကျ ဘယ်သူက လုပ်ပေးမလဲ။ စဉ်းစား ခင်ဗျားတို့စဉ်းစား။ ခင်ဗျားတို့ဆယ်နှစ်စုလို့ အိမ်ကောင်းကောင်းဆောက်ဖို့မလွယ်ဘူး။ လုပ်မှာတပ်က။

တစ်ချက် သူတို့ကိုထိတာနဲ့လုပ်မှာ။ မလုပ်ချင်လို့ ကျွန်တော်က ထိန်းလိုက်လာတာ။ ကျုပ်ရွာမီးရှို့တုန်းက ကျုပ်ပါတယ်ဆိုပြီး ပြောတယ်။ မပါဘူး။ ကျုပ်ပါရင် အလုပ်မခံဘူး တပ်ကို။”ဟု ပြောသည်။

ရေစကြိုနယ် ရေလယ်ကျွန်းဒေသသည် စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မင်းရွာအပါအဝင် ကျေးရွာအများအပြားအား စစ်ကောင်စီတပ်နှင့်ပျူများက မီးရှို့ဖျက်ဆီးခဲ့ကြသည်။

စက်တင်ဘာ ၂၁ရက်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ မင်းရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ရုပ်သံ – ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်း

လူထုနွေဦး