Cele
တော်သလင်းလမှာ ခြိမ့်ခြိမ့်ဆင်နွဲ ဖွတ်သဘင်ပွဲ
ခေတ်စားနေတဲ့ HD။ အစစ် ဟုတ်၊ မဟုတ် မသိပေမယ့် နားဆွဲ တွဲလောင်းနဲ့ ရေချိုးနေကတည်းက အဆင်မပြေလှ။
အဲ့ စမူက အရင်က အစိမ်း။ ဖော့စုတ် ခလေးမလို့လည်း သူတို့ ပါတီဝင်တွေ ပြောကြတယ်။ ဂျော်လီ ဘူးလက်တို့၊ မောင်မြင့်တို့ ကလည်း နှိုက်စားချင်ပေမယ့် သန်းထေး ရှိတော့ ဆန္ဒကို ‌ စားမာန်နဲ့ ထိန်းခဲ့ရတာတဲ့။
နောက်ပိုင်း သန်းထေးတူမ က သိသွားတော့ နဲ့ သဇင်ဦး ရှော့မိ။ သန်းထေး နဲ့ သဇင်ဦး ကိန္နရီ ချောင်းခြားဖြစ်။ ကြံ့ဖွတ်အတွင်းက စည်းလုံးလွန်းတော့ ခုလို ကွိုင်ပူတော့မှပဲ အညှီအဟောက်တွေ ထွက်လာတော့တယ်။ ခု သဇင်ဦးက လေးလေးဝါးဆီမှာ အလုပ်ဝင်။ စကစ စမူ ဖြစ်။ ဒါက ဖွတ် အချင်းချင်း ဖွနေတာမို့ ဗယ်ရီဖိုင်းလို့ မရ။
ဇော်မဲလုံး ပွဲဆိုရင် ကလေးမက မဲလုံး နဲ့ ဝမ်းတူးရိုက်နေကျ။ ဒါက လေးလေးဝါး အကွက်ပါ။ ကြာတော့ မစားရခင် ပုတ်ချခံရတဲ့ အောင်မင်းက ပြဿနာ ထ ရှာရာက စပွတယ်။ အောင်မင်းကလည်း မခေ၊ ဟန်ငြိမ်းဦး နဲ့တောင် အတူတူနေဖူးတယ် ဆိုပဲ။ ခုဆို ကြံ့ဖွတ်က ၆၆ (ဃ) နဲ့ စွဲတဲ့ထိ ရောက်နေပြီ။ ထားပါလေ .. ပြောလို့လည်း ဝ ပြီ။
ခု သန်းထေး နန်းကျပြီး ခင်ရီတက်တော့ သဇင်ဦးက ကွန်ကရစ်လှမ်းခင်းတယ်။ Spur ငတ်ပြီး ညှိုးနေတဲ့ မောင်ညစ်၊ ဘုလက်လို ကြံ့ဖွတ်တွေဟာလည်း ခင်ရီကို ကြိုကြတယ်။ သူတို့ အထင်က ကြင်စိုး ဗျာဒိတ်တော်နဲ့ ခင်ရီ ‌ရောက်လာတယ်ပေါ့။ ဖားပေါင်စင်းနဲ့ ကျားကြီးရေသောက်၊ တစ်တီတူးနဲ့ ဗိုလ်ကြီး MA ထမ်းလို ဖစ် ဖြစ်ပြီပေ့ါ။
ကြင်စိုး က ကြံ့ဖွတ်ကို ဆီလီကွန် ထိုးတော့မယ်ပေါ့လေ။တစ်ကယ်တော့ ကြင်စိုးက ၂ ကျပ်ကွက်။ ဖွတ် ကွဲမှ သူ ပါတီအသစ် ထောင်လို့ရမှာလေ။ မကွဲလည်း ဘာဖြစ်လည်း PR စံနစ် ဆိုတာ သူဒိုင်ဗင်ထိုးဖို့ အကွက်ဖော်ထားတာပဲ။
ခွေးတွေ ဖျင်ပူးပြီး ချိတ်နေကြတာ သိပ် မထူးဆန်းဘူး။ ခုက တော်သလင်းလ။
ဆို့စ် – ကျူးလိပေါင် သတင်းစာ (ခြိမ့်ခြိမ့်ဆင်နွဲ ဖွတ်သဘင်ပွဲ ကဏ္ဍ)