Local News

သီတင္းကြၽတ္မွာ မဂၤလာေဆာင္ဖို႔ ရည္႐ြယ္ထားရင္း တိုက္ပြဲ က်သြားတဲ့ ရဲေဘာ္ ထက္ႀကီး

သီတင္းကြၽတ္မွာ မဂၤလာေဆာင္ဖို႔ ရည္႐ြယ္ထားရင္း တိုက္ပြဲ က်သြားတဲ့ ေျမာင္ MBTT တပ္ဖြဲ႕ဝင္ ရဲေဘာ္ ထက္ႀကီး ရဲ႕ နာေရး၊

MFP ၊ စက္တင္ဘာ – ၂၄

ေျမာင္နယ္က ေဒသခံျပည္သူေတြႏွင့္ ေတာ္လွန္ေရး တပ္ဖြဲပေတြ အားကိုးအားထားျပဳရာ ေျမာင္ေႏြဦး ေဆးခန္းက သူနာျပဳဆရာမေလးနဲ႔ မၾကာမီက ေစ့စပ္ထားၿပီး လာမယ့္ သီတင္းကြၽတ္မွာ မဂၤလာေဆာင္ဖို႔ ရည္႐ြယ္ထားသူ၊ ျပည္သူ႔ရဲေဘာ္ ထက္ေဝေအာင္ ေခၚ ရဲေဘာ္ ထက္ႀကီး ဟာ စက္တင္ဘာ(၂၂)ရက္က ေျမာင္နယ္ နဘက္ေက်း႐ြာ အနီးက ေဒသကာကြယ္ေရး တပ္ဖြဲ႕ စခန္းတစ္ခု စီးနင္းခံရတဲ့ ျဖစ္စဥ္မွာ က်ဆုံးခဲ့ပါတယ္။

ေျမာင္ ဗိုလ္ေတာက္ထြန္း – Myaung Bo Tauk Tun (MBTT) Special Force တပ္ဖြဲ႕ဝင္ အသက္(၂၄)ႏွစ္အ႐ြယ္ ရဲေဘာ္ ထက္ႀကီး ေခၚ ထက္ေဝေအာင္ ရဲ႕ နာေရးကို ဒီေန႔ စက္တင္ဘာ(၂၄)ရက္မွာ က်င္းပခဲ့ၿပီး ေျမာင္ေဒသ ေတာ္လွန္ေရး အင္အားစုေတြ တက္ေရာက္ အေလးျပဳခဲ့ၾကပါတယ္။

က်ဆုံးရဲေဘာ္ ထက္ေဝေအာင္ (ခ) ရဲေဘာ္ ထက္ႀကီးဟာ ေႏြဦးေတာ္လွန္ေရး အစဦး ပိုင္းကတည္းက လက္နက္ကိုင္ ေတာ္လွန္ေရးမွာ ပါဝင္ခဲ့သူ ျဖစ္ၿပီး MBTT တပ္ဖြဲ႕ရဲ႕ အားကိုးရတဲ့ ရဲေဘာ္တစ္ဦး ျဖစ္ေၾကာင္းႏွင့္ ေႏြဦးေဆးခန္းက သူနာျပဳဆရာမေလးနဲ႔ မၾကာမီက ေစ့စပ္ထားၿပီး လာမယ့္ သီတင္းကြၽတ္မွာ မဂၤလာေဆာင္ဖို႔ ရည္႐ြယ္ထားသူ ျဖစ္တယ္လို႔ ေျမာင္ PDF CDSOM တပ္ဖြဲ႕ ေခါင္းေဆာင္ ကိုေႏြဦးက ဆိုပါတယ္။

“ဖက္ဆစ္ အာဏာရွင္မ်ားကို တြန္းလွန္ရင္း ျမင့္ျမတ္စြာနဲ႔ ႏိုင္ငံေတာ္အတြက္ အသက္ေပးသြားခဲ့တဲ့ ဗိုလ္ေတာက္ထြန္း အဖြဲ႕မွ ရဲေဘာ္ ထက္ႀကီးရဲ႕ ဈာပနကို အခက္အခဲမ်ား ၾကားကပဲ ေျမာင္နယ္ရွိ ေတာ္လွန္ေရး အင္အားစုမ်ား အားလုံး စုေပါင္းကာ အေလးျပဳ အခမ္းအနား ေအာင္ျမင္စြာလုပ္ခဲ့ၾကပါတယ္။

ရဲေဘာ္ထက္ႀကီးဟာ အသားျဖဴ ႐ုပ္ရည္သန႔္ၿပီး စိတ္သေဘာထား ႏူးညံ့ကာ ကူညီ႐ိုင္းပင္းစိတ္ ရွိသူတစ္ဦးပါ။ လာမည့္ သီတင္းကြၽတ္လမွာ ေႏြဦးေရာင္နီ ေဆးအဖြဲ႕မွ နပ္စ္မေလး စင္သီယာနဲ႔ မဂ္လာေဆာင္ဖို႔ ႏွစ္ဖက္မိဘမ်ား ေရွ႕မွာ ဗိုလ္ေတာက္ထြန္း၊ ကိုတိုက္ဂါးနဲ႔ က်ေနာ္ ကိုေႏြဦးတို႔မွ သြားေရာက္ၿပီး ေစ့စပ္ပြဲလည္း လုပ္ေပးခဲ့ၾကပါတယ္။

သူတို႔စုံတြဲေလးဟာ တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္ၿပီး ေတာ္လွန္ေရး ခရီးၾကမ္းကို တက္ညီလက္ညီနဲ႔ ကိုယ္ကြၽမ္းက်င္ရာျဖင့္ ေတာ္လွန္ေနၾကသူေတြမို႔ အလြန္ေလးစား ခဲ့ရသူေတြပါ။ အခုေတာ့ ရဲေဘာ္ဟာ ကိုပိုင္ အိပ္မက္ေတြကို လႊတ္ခ်ကာ ႏိုင္ငံေတာ္ကို ဖ်က္ဆီးေနတဲ့ စစ္မိစာၦေတြကို ေတာ္လွန္ရင္း တာဝန္ေက်ပြန္စြာနဲ႔ ထြက္ခြာသြားခဲ့ပါၿပီ။ အေလးနီျပဳလိုက္ပါတယ္။ ၿငိမ္းခ်မ္းစြာအနားယူပါေတာ့ ရဲေဘာ္ေရ” လို႔ ကိုေႏြဦးက ဂုဏ္ျပဳ ေရးသားထားပါတယ္။

စက္တင္ဘာ(၂၂)ရက္ မနက္ပိုင္းက ေျမာင္ၿမိဳ႕နယ္ နဘက္႐ြာအနီးက ဗိုလ္ေနတိုး အထူးေျပာက္က်ားတပ္ဖြဲ႕ရဲ႕ စခန္းကို ဒလန္သတင္းေပးမႈက တဆင့္ စစ္အုပ္စုက အင္အားအမ်ားအျပားနဲ႔ ႏွစ္ဖက္ညႇပ္ပိတ္ စီးနင္းခဲ့ရာ မဟာမိတ္ MBTT တပ္ဖြဲ႕က ရဲေဘာ္ ထက္ႀကီး က်ဆုံးခဲ့တာလို႔ MBTT တပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

“ေတာ္လွန္ေရး ညီေနာင္ရဲေဘာ္မ်ား လြတ္ေျမာက္ရန္အတြက္ တစ္ကိုယ္တည္း ေနာက္ခ်န္ေနခဲ့ေသာ အာဇာနည္ရဲေဘာ္ ထက္ေဝေအာင္(ခ) ထက္ႀကီး [အသက္၂၅ႏွစ္]သည္ စစ္အာဏာရွင္ စနစ္ဆိုးကို တြန္းလွန္တိုက္ခိုက္ရင္း ေရွ႕တန္းတစ္ေနရာတြင္ ျမင့္ျမတ္စြာ က်ဆုံးသြားခဲ့ပါသည္။

ရဲေဘာ္ထက္ႀကီးသည္ စစ္အာဏာရွင္ကို ေတာ္လွန္ရာ၌ ေတာ္လွန္ေရး၏ အေစာဆုံး အပိုင္းမွ စတင္ကာ ေတာ္လွန္ပါဝင္ခဲ့သူ ျဖစ္ၿပီး MBTT တပ္ဖြဲ႕၏ မ်ားစြာ ယုံၾကည္အားကိုးရေသာ ေတာ္လွန္ေရး ရဲေဘာ္တစ္ဦးလည္း ျဖစ္သည္။ ဤကဲ့သို႔ တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ စစ္ကြၽန္စနစ္ဆိုးမွ ႐ုန္းထြက္ႏိုင္ရန္ အသက္စြန႔္ကာ တိုက္ပြဲဝင္သြားေသာ ရဲေဘာ္ ထက္ေဝေအာင္(ခ)ထက္ႀကီးအား ကြၽႏ္ုပ္တို႔ Myaung Bo Tauk Tun (MBTT) Special Force မွ အေလးနီ ျပဳအပ္ပါသည္” လို႔ MBTT တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

ေျမာင္နယ္ နဘက္႐ြာထဲ ဝင္ေမႊေသာင္းက်န္းတဲ့ စစ္အုပ္စုဟာ ဘူးကိုင္း႐ြာက ေဈးဝယ္လာတဲ့ ျပည္သူတစ္ဦးကို လမ္းေဘးမွာပဲ သ-တ္-ျဖတ္ထားခဲ့သလို နဘက္႐ြာထဲမွာလည္း မည္သူမည္ဝါ မသိရေသးတဲ့ အေလာင္းတစ္ေလာင္း ေတြ႕ရတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒါ့အျပင္ စစ္အုပ္စုဟာ စစ္ေျပးျပည္သူ မိသားစုတစ္စုကို ဖမ္းၿပီး က်ပ္သိန္း(၁၀၀) လက္နက္ျပ မိုက္ေၾကးခြဲ လုယက္ခဲ့ၿပီး ဒီေန႔အထိလည္း နဘက္၊ ဖြားေစာ၊ ဆြဲလဲအိုႏွင့္ ကင္းေက်း႐ြာေတြထဲ ႐ြာစဥ္ပတ္ေမႊ ေသာင္းက်န္းေနဆဲမို႔ ေဒသခံျပည္သူေတြ ထြက္ေျပးေနရပါတယ္။

ေျမာင္နယ္ နဘက္႐ြာ တိုက္ပြဲမွာ က်ဆုံးခဲ့တဲ့ MBTT တပ္ဖြဲ႕ဝင္ ရဲေဘာ္ ထက္ႀကီးရဲ႕ နာေရး/Photo – ကိုေႏြဦး

သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားရင်း တိုက်ပွဲ ကျသွားတဲ့ မြောင် MBTT တပ်ဖွဲ့ဝင် ရဲဘော် ထက်ကြီး ရဲ့ နာရေး၊

MFP ၊ စက်တင်ဘာ – ၂၄

မြောင်နယ်က ဒေသခံပြည်သူတွေနှင့် တော်လှန်ရေး တပ်ဖွဲပတွေ အားကိုးအားထားပြုရာ မြောင်နွေဦး ဆေးခန်းက သူနာပြုဆရာမလေးနဲ့ မကြာမီက စေ့စပ်ထားပြီး လာမယ့် သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားသူ၊ ပြည်သူ့ရဲဘော် ထက်ဝေအောင် ခေါ် ရဲဘော် ထက်ကြီး ဟာ စက်တင်ဘာ(၂၂)ရက်က မြောင်နယ် နဘက်ကျေးရွာ အနီးက ဒေသကာကွယ်ရေး တပ်ဖွဲ့ စခန်းတစ်ခု စီးနင်းခံရတဲ့ ဖြစ်စဉ်မှာ ကျဆုံးခဲ့ပါတယ်။

မြောင် ဗိုလ်တောက်ထွန်း – Myaung Bo Tauk Tun (MBTT) Special Force တပ်ဖွဲ့ဝင် အသက်(၂၄)နှစ်အရွယ် ရဲဘော် ထက်ကြီး ခေါ် ထက်ဝေအောင် ရဲ့ နာရေးကို ဒီနေ့ စက်တင်ဘာ(၂၄)ရက်မှာ ကျင်းပခဲ့ပြီး မြောင်ဒေသ တော်လှန်ရေး အင်အားစုတွေ တက်ရောက် အလေးပြုခဲ့ကြပါတယ်။

ကျဆုံးရဲဘော် ထက်ဝေအောင် (ခ) ရဲဘော် ထက်ကြီးဟာ နွေဦးတော်လှန်ရေး အစဦး ပိုင်းကတည်းက လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ခဲ့သူ ဖြစ်ပြီး MBTT တပ်ဖွဲ့ရဲ့ အားကိုးရတဲ့ ရဲဘော်တစ်ဦး ဖြစ်ကြောင်းနှင့် နွေဦးဆေးခန်းက သူနာပြုဆရာမလေးနဲ့ မကြာမီက စေ့စပ်ထားပြီး လာမယ့် သီတင်းကျွတ်မှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားသူ ဖြစ်တယ်လို့ မြောင် PDF CDSOM တပ်ဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ဆိုပါတယ်။

“ဖက်ဆစ် အာဏာရှင်များကို တွန်းလှန်ရင်း မြင့်မြတ်စွာနဲ့ နိုင်ငံတော်အတွက် အသက်ပေးသွားခဲ့တဲ့ ဗိုလ်တောက်ထွန်း အဖွဲ့မှ ရဲဘော် ထက်ကြီးရဲ့ ဈာပနကို အခက်အခဲများ ကြားကပဲ မြောင်နယ်ရှိ တော်လှန်ရေး အင်အားစုများ အားလုံး စုပေါင်းကာ အလေးပြု အခမ်းအနား အောင်မြင်စွာလုပ်ခဲ့ကြပါတယ်။

ရဲဘော်ထက်ကြီးဟာ အသားဖြူ ရုပ်ရည်သန့်ပြီး စိတ်သဘောထား နူးညံ့ကာ ကူညီရိုင်းပင်းစိတ် ရှိသူတစ်ဦးပါ။ လာမည့် သီတင်းကျွတ်လမှာ နွေဦးရောင်နီ ဆေးအဖွဲ့မှ နပ်စ်မလေး စင်သီယာနဲ့ မဂ်လာဆောင်ဖို့ နှစ်ဖက်မိဘများ ရှေ့မှာ ဗိုလ်တောက်ထွန်း၊ ကိုတိုက်ဂါးနဲ့ ကျနော် ကိုနွေဦးတို့မှ သွားရောက်ပြီး စေ့စပ်ပွဲလည်း လုပ်ပေးခဲ့ကြပါတယ်။

သူတို့စုံတွဲလေးဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ပြီး တော်လှန်ရေး ခရီးကြမ်းကို တက်ညီလက်ညီနဲ့ ကိုယ်ကျွမ်းကျင်ရာဖြင့် တော်လှန်နေကြသူတွေမို့ အလွန်လေးစား ခဲ့ရသူတွေပါ။ အခုတော့ ရဲဘော်ဟာ ကိုပိုင် အိပ်မက်တွေကို လွှတ်ချကာ နိုင်ငံတော်ကို ဖျက်ဆီးနေတဲ့ စစ်မိစ္ဆာတွေကို တော်လှန်ရင်း တာဝန်ကျေပွန်စွာနဲ့ ထွက်ခွာသွားခဲ့ပါပြီ။ အလေးနီပြုလိုက်ပါတယ်။ ငြိမ်းချမ်းစွာအနားယူပါတော့ ရဲဘော်ရေ” လို့ ကိုနွေဦးက ဂုဏ်ပြု ရေးသားထားပါတယ်။

စက်တင်ဘာ(၂၂)ရက် မနက်ပိုင်းက မြောင်မြို့နယ် နဘက်ရွာအနီးက ဗိုလ်နေတိုး အထူးပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းကို ဒလန်သတင်းပေးမှုက တဆင့် စစ်အုပ်စုက အင်အားအများအပြားနဲ့ နှစ်ဖက်ညှပ်ပိတ် စီးနင်းခဲ့ရာ မဟာမိတ် MBTT တပ်ဖွဲ့က ရဲဘော် ထက်ကြီး ကျဆုံးခဲ့တာလို့ MBTT တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

“တော်လှန်ရေး ညီနောင်ရဲဘော်များ လွတ်မြောက်ရန်အတွက် တစ်ကိုယ်တည်း နောက်ချန်နေခဲ့သော အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ) ထက်ကြီး [အသက်၂၅နှစ်]သည် စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်တိုက်ခိုက်ရင်း ရှေ့တန်းတစ်နေရာတွင် မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသည်။

ရဲဘော်ထက်ကြီးသည် စစ်အာဏာရှင်ကို တော်လှန်ရာ၌ တော်လှန်ရေး၏ အစောဆုံး အပိုင်းမှ စတင်ကာ တော်လှန်ပါဝင်ခဲ့သူ ဖြစ်ပြီး MBTT တပ်ဖွဲ့၏ များစွာ ယုံကြည်အားကိုးရသော တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ဖြစ်သည်။ ဤကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအတွက် စစ်ကျွန်စနစ်ဆိုးမှ ရုန်းထွက်နိုင်ရန် အသက်စွန့်ကာ တိုက်ပွဲဝင်သွားသော ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီးအား ကျွန်ုပ်တို့ Myaung Bo Tauk Tun (MBTT) Special Force မှ အလေးနီ ပြုအပ်ပါသည်” လို့ MBTT တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မြောင်နယ် နဘက်ရွာထဲ ဝင်မွှေသောင်းကျန်းတဲ့ စစ်အုပ်စုဟာ ဘူးကိုင်းရွာက ဈေးဝယ်လာတဲ့ ပြည်သူတစ်ဦးကို လမ်းဘေးမှာပဲ သ-တ်-ဖြတ်ထားခဲ့သလို နဘက်ရွာထဲမှာလည်း မည်သူမည်ဝါ မသိရသေးတဲ့ အလောင်းတစ်လောင်း တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ စစ်ပြေးပြည်သူ မိသားစုတစ်စုကို ဖမ်းပြီး ကျပ်သိန်း(၁၀၀) လက်နက်ပြ မိုက်ကြေးခွဲ လုယက်ခဲ့ပြီး ဒီနေ့အထိလည်း နဘက်၊ ဖွားစော၊ ဆွဲလဲအိုနှင့် ကင်းကျေးရွာတွေထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေဆဲမို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရပါတယ်။

မြောင်နယ် နဘက်ရွာ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ MBTT တပ်ဖွဲ့ဝင် ရဲဘော် ထက်ကြီးရဲ့ နာရေး/Photo – ကိုနွေဦး