Local News

ျပင္ဦးလြင္ သြားရန္ စီစဥ္ထားသည့္ မင္းေအာင္လႈိင္ ခရီးစဥ္ လုံၿခဳံေရးေၾကာင့္ အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္း

ျပင္ဦးလြင္ သြားရန္ စီစဥ္ထားသည့္ မင္းေအာင္လႈိင္ ခရီးစဥ္ လုံၿခဳံေရးေၾကာင့္ အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္း

ရန္ကုန္၊ စက္တင္ဘာ ၂၅

အၾကမ္းဖက္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္သည္ ျပင္ဦးလြင္ သြားေရာက္ရန္ စီစဥ္ထားေသာ ခရီးစဥ္ကို လုံၿခဳံေရး စိတ္မခ်ရသျဖင့္ အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း တပ္သတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္။

စက္တင္ဘာလ ၁၁ ရက္ေန႔ ႐ုရွားမွ ျပန္ေရာက္လာၿပီးေနာက္ ျပင္ဦးလြင္သြား ေရာက္ရန္ စီစဥ္ထားရာမွ လုံၿခဳံေရး စိတ္မခ်ရသျဖင့္ ခရီးစဥ္ေ႐ႊ႕ဆိုင္းလိုက္ျခင္းျဖစ္ၿပီး မည္သည့္အခ်ိန္တြင္ ခရီးစဥ္ ျဖစ္မည္ကို မသိရွိရေသးေၾကာင္း တပ္သတင္းရင္းျမစ္တခ်ိဳ႕ထံမွ သိရွိရသည္။

ျပင္ဦးလြင္ခရီးစဥ္သည္ စက္တင္ဘာလ ၂၆ ရက္ေန႔တြင္ စီစဥ္ထားျခင္းျဖစ္ၿပီး စစ္တကၠသိုလ္ DSA ႏွင့္ စစ္နည္းပညာတကၠသိုလ္ DSTA လူေ႐ြးခ်ယ္ပြဲကို တက္ေရာက္ရန္စီစဥ္ထားျခင္းျဖစ္သည္ဟု သိရွိရသည္။

ထို႔ျပင္ မင္းေအာင္လႈိင္က သားျဖစ္သူ ေအာင္ျပည့္စုံ ေဆာက္လုပ္ခြင့္ရရွိေသာ ျပင္ဦးလြင္ ကုတင္ ၅၀၀ ကင္ဆာကု စစ္ေဆး႐ုံႀကီး ေဆာက္လုပ္ေရး လုပ္ ငန္းခြင္သို႔လည္း သြားေရာက္ၾကည့္ရႈရန္ရွိသည္ဟု သိရွိရသည္။

ျပင္ဦးလြင္ပတ္ဝန္းက်င္ ေနာင္ခ်ိဳဘက္တြင္ TNLA ၊ မႏၲေလး PDF ႏွင့္ စစ္ေကာင္စီတပ္မ်ားအၾကား တိုက္ပြဲျဖစ္ပြားမႈမ်ားရွိခဲ့ေၾကာင္း သိရွိရသည္။

ပြင်ဦးလွင် သွားရန် စီစဉ်ထားသည့် မင်းအောင်လှိုင် ခရီးစဉ် လုံခြုံရေးကြောင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ရန်ကုန်၊ စက်တင်ဘာ ၂၅

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြင်ဦးလွင် သွားရောက်ရန် စီစဉ်ထားသော ခရီးစဉ်ကို လုံခြုံရေး စိတ်မချရသဖြင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ရုရှားမှ ပြန်ရောက်လာပြီးနောက် ပြင်ဦးလွင်သွား ရောက်ရန် စီစဉ်ထားရာမှ လုံခြုံရေး စိတ်မချရသဖြင့် ခရီးစဉ်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ခရီးစဉ် ဖြစ်မည်ကို မသိရှိရသေးကြောင်း တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ပြင်ဦးလွင်ခရီးစဉ်သည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် စီစဉ်ထားခြင်းဖြစ်ပြီး စစ်တက္ကသိုလ် DSA နှင့် စစ်နည်းပညာတက္ကသိုလ် DSTA လူရွေးချယ်ပွဲကို တက်ရောက်ရန်စီစဉ်ထားခြင်းဖြစ်သည်ဟု သိရှိရသည်။

ထို့ပြင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ ဆောက်လုပ်ခွင့်ရရှိသော ပြင်ဦးလွင် ကုတင် ၅၀၀ ကင်ဆာကု စစ်ဆေးရုံကြီး ဆောက်လုပ်ရေး လုပ် ငန်းခွင်သို့လည်း သွားရောက်ကြည့်ရှုရန်ရှိသည်ဟု သိရှိရသည်။

ပြင်ဦးလွင်ပတ်ဝန်းကျင် နောင်ချိုဘက်တွင် TNLA ၊ မန္တလေး PDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရှိရသည်။