Local News

ေနျပည္ေတာ္တြင္ စစ္မႈထမ္းေဟာင္း ဦးေဆာင္သည့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ား ဆက္တိုက္ ဖြဲ႕စည္း

မင္းေအာင္လႈိင္က စစ္မႈထမ္းေဟာင္းမ်ား ဦးေဆာင္ေသာ တပ္ဖြဲ႕မ်ား ဖြဲ႕စည္းၿပီး ရဲ၊ စစ္တပ္ႏွင့္အတူ ေပါင္းစပ္ လုံၿခဳံေရး ယူရန္ ၫႊန္ၾကား၊ ေနျပည္ေတာ္တြင္ စစ္မႈထမ္းေဟာင္း ဦးေဆာင္သည့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ား ဆက္တိုက္ ဖြဲ႕စည္း

ရန္ကုန္၊ စက္တင္ဘာ ၂၆

အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္က စစ္မႈထမ္းေဟာင္းမ်ား ဦး ေဆာင္ေသာ တပ္ဖြဲ႕မ်ားကို ေဒသလုံၿခဳံေရးအဖြဲ႕မ်ားအျဖစ္ သတ္မွတ္ၿပီး သီးျခားေဆာင္႐ြက္ျခင္းမျပဳဘဲ စစ္တပ္၊ ရဲတို႔ႏွင့္အတူ ေပါင္းစပ္ေဆာင္႐ြက္ရန္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားသည္။

ဩဂုတ္လ ၁၈ ရက္ေန႔ စစ္ေကာင္စီ၏ လုံၿခဳံေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရား ဥပေဒစိုးမိုးေရး အစည္းအေဝး အမွတ္စဥ္ ၅/၂၀၂၂ တြင္ မင္းေအာင္လႈိင္က ထိုသို႔ ၫႊန္ၾကားခ်က္ ထုတ္ျပန္လာျခင္းျဖစ္သည္။

ေဒသလုံၿခဳံေရးကို အေထာက္အကူျပဳေစရန္အတြက္ သီးျခားေဆာင္႐ြက္ျခင္းမျပဳဘဲ ေဒသႏၲရ လုံၿခဳံေရးအျဖစ္ စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ ခ်င္းျပည္နယ္၊ ကယားျပည္နယ္ကဲ့သို႔ေသာ ေဒသမ်ားတြင္ စစ္တပ္၊ ရဲ ၊ ျပည္သူ႔စစ္၊ စစ္မႈ ထမ္းေဟာင္းအဖြဲ႕၊

အရပ္ဘက္ပုဂၢိဳလ္မ်ားျဖင့္ စနစ္တက် ေပါင္းစပ္ေဆာင္႐ြက္ႏိုင္ေရး ျပည္နယ္/တိုင္း စစ္ေကာင္စီက ႀကီးၾကပ္ရန္ႏွင့္ ေအာက္ေျခ အဖြဲ႕မ်ားက စီမံေဆာင္႐ြက္ရန္ မင္းေအာင္လႈိင္က လမ္းၫႊန္ခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ စစ္တပ္လက္ေအာက္ခံ နယ္ျခားေစာင့္တပ္ႏွင့္ ျပည္သူ႔စစ္တပ္ဖြဲ႕မ်ားတြင္ စစ္တပ္အၿငိမ္းစားမ်ားကို တပ္မႉးႏွင့္ဒုတိယတပ္မႉးမ်ားအျဖစ္ ခန႔္အပ္မႈမ်ားရွိေနေၾကာင္း လူ႔အခြင့္အေရး တက္ႂကြလႈပ္ ရွားသူတခ်ိဳ႕ထံမွ သိရွိရသည္။

ေနျပည္ေတာ္တြင္လည္း စစ္မႈထမ္းေဟာင္းမ်ားကို ကိုယ္ပိုင္အမွတ္မ်ား ျပန္ လည္ ထုတ္ေပးၿပီး လုံၿခဳံေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ခိုင္းျခင္း၊ စစ္မႈ ထမ္းေဟာင္း မ်ား၏ ဇနီးႏွင့္သားသမီးမ်ားကိုပါ အရန္အင္အားမ်ားအျဖစ္ ကိုယ္ပိုင္အမွတ္မ်ား ထုတ္ေပး၍ စာရင္းေကာက္ယူမႈမ်ားရွိေနေၾကာင္း သိရွိရသည္။

မင်းအောင်လှိုင်က စစ်မှုထမ်းဟောင်းများ ဦးဆောင်သော တပ်ဖွဲ့များ ဖွဲ့စည်းပြီး ရဲ၊ စစ်တပ်နှင့်အတူ ပေါင်းစပ် လုံခြုံရေး ယူရန် ညွှန်ကြား၊ နေပြည်တော်တွင် စစ်မှုထမ်းဟောင်း ဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့များ ဆက်တိုက် ဖွဲ့စည်း

ရန်ကုန်၊ စက်တင်ဘာ ၂၆

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်မှုထမ်းဟောင်းများ ဦး ဆောင်သော တပ်ဖွဲ့များကို ဒေသလုံခြုံရေးအဖွဲ့များအဖြစ် သတ်မှတ်ပြီး သီးခြားဆောင်ရွက်ခြင်းမပြုဘဲ စစ်တပ်၊ ရဲတို့နှင့်အတူ ပေါင်းစပ်ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၈ ရက်နေ့ စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် မင်းအောင်လှိုင်က ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

ဒေသလုံခြုံရေးကို အထောက်အကူပြုစေရန်အတွက် သီးခြားဆောင်ရွက်ခြင်းမပြုဘဲ ဒေသန္တရ လုံခြုံရေးအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့သော ဒေသများတွင် စစ်တပ်၊ ရဲ ၊ ပြည်သူ့စစ်၊ စစ်မှု ထမ်းဟောင်းအဖွဲ့၊

အရပ်ဘက်ပုဂ္ဂိုလ်များဖြင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြည်နယ်/တိုင်း စစ်ကောင်စီက ကြီးကြပ်ရန်နှင့် အောက်ခြေ အဖွဲ့များက စီမံဆောင်ရွက်ရန် မင်းအောင်လှိုင်က လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတွင် စစ်တပ်အငြိမ်းစားများကို တပ်မှူးနှင့်ဒုတိယတပ်မှူးများအဖြစ် ခန့်အပ်မှုများရှိနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ် ရှားသူတချို့ထံမှ သိရှိရသည်။

နေပြည်တော်တွင်လည်း စစ်မှုထမ်းဟောင်းများကို ကိုယ်ပိုင်အမှတ်များ ပြန် လည် ထုတ်ပေးပြီး လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခိုင်းခြင်း၊ စစ်မှု ထမ်းဟောင်း များ၏ ဇနီးနှင့်သားသမီးများကိုပါ အရန်အင်အားများအဖြစ် ကိုယ်ပိုင်အမှတ်များ ထုတ်ပေး၍ စာရင်းကောက်ယူမှုများရှိနေကြောင်း သိရှိရသည်။