Local News

စစ္တပ္ ကား အခ်င္းခ်င္း ေခါင္းခ်င္းဆိုင္တိုက္

စစ္သား ၃ ဦး ေသဆုံးၿပီး ၆ ဦးဒဏ္ရာရွိေစခဲ့သည့္ မဂၤလာဒုံယာဥ္တိုက္မႈမွာ စစ္တပ္ ကား အခ်င္းခ်င္း ေခါင္းခ်င္းဆိုင္တိုက္ျခင္းျဖစ္ၿပီး ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္း ေသဆုံး

ရန္ကုန္၊ စက္တင္ဘာ ၂၆

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ ဗဟိုႏိုင္ငံေရးအေက်ာ္ က်ိဳက္ကလဲ့အနား ယ မန္ေန႔ညပိုင္း ကားတိုက္မႈတြင္ စစ္သား ၃ ဦးေသဆုံးၿပီး ၆ ဦးဒဏ္ရာရရွိခဲ့ရာ တိုက္ေသာ ကားႏွစ္စီးလုံးသည္ စစ္တပ္မွျဖစ္ၿပီး ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္းလည္း ေသဆုံးသြားေၾကာင္း သိရွိရသည္။

အဆိုပါယာဥ္တိုက္မႈသည္ Hiject ကားႏွင့္ အိမ္စီးကား တိုက္မိျခင္းျဖစ္ၿပီး Hiject ကားသည္ အမွတ္ ၁ စစ္ဖက္ေရးရာလုံၿခဳံေရး အတတ္သင္ေက်ာင္းမွ ျဖစ္ၿပီး အိမ္စီးကားမွာ ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္း၏ ကားျဖစ္ေၾကာင္း သိရွိရသည္။

ဒုတိယဗိုလ္မႉးႀကီး ျမတ္ေဇာ္လင္းမွာ အသက္ ၄၆ ႏွစ္ရွိၿပီး ေတဇ ၂၅ ေက်ာင္းဆင္းျဖစ္ၿပီး အၿငိမ္းစားယူထားၿပီးျဖစ္ေၾကာင္း၊၎သည္ အင္းစိန္ၿမိဳ႕နယ္၊ ႐ြာမေရွ႕ရပ္ကြက္၊ သီရိမဂၤလာလမ္းတြင္ ေနထိုင္ျခင္းျဖစ္ေၾကာင္း၊ ကြယ္လြန္ခ်ိန္တြင္ ဇနီး နန္းစႏၵာေအာင္၊ သားေမာင္ဥကၠာျပည့္စုံ၊ သမီး ျမတ္သဒၵါလင္းတို႔ က်န္ရစ္ခဲ့ေၾကာင္း ၊ အေလာင္းကို စက္တင္ဘာလ ၂၇ ရက္ေန႔ မြန္းလြဲ ၃ နာရီတြင္ သၿဂိဳလ္ျဖစ္ေၾကာင္း သိရွိရသည္။

Hiject ယာဥ္ေမာင္းမွာ ဒုအရာခံဗိုလ္ သိန္းသန္းမင္းျဖစ္ကာ အမွတ္ ၁ စစ္ဖက္ေရးရာလုံၿခဳံေရး အတတ္သင္ေက်ာင္း ေရၾကည္အိုင္ျဖစ္ေၾကာင္း သိရွိရသည္။

ကားေပၚမွ ရရွိေသာ စာ႐ြက္စာတမ္းမ်ားႏွင့္ယာဥ္ေမာင္းလိုင္စင္အရ ကားေမာင္းသူသည္ ဒုအရာခံဗိုလ္ သိန္းသန္းမင္းသည္ တစတ ၁ ၊ အမွတ္ ၃ ဂိတ္၊ အမွတ္ ၁ စစ္ဖက္ေရးရာလုံၿခဳံေရး အတတ္သင္ေက်ာင္း ေရၾကည္အိုင္ ဟု သိရွိရေၾကာင္း၊ ေက်ာင္းလုံၿခဳံေရးအတြက္ စကားေျပာစက္ကိုလည္း စက္တင္ဘာလ ၂ ရက္ေန႔တြင္ အမွတ္ ၁ ယာဥ္သိုေလွာင္ေရးတပ္ရင္းထံမွ ထုတ္ယူခဲ့ေသာ ေျပစာကိုလည္း ေတြ႕ရွိရ ေၾကာင္း ေဒသခံတခ်ိဳ႕ထံမွ သိရွိသည္။

စက္တင္ဘာလ ၂၅ ရက္ေန႔ ည ၁၀ နာရီဝန္းက်င္အခ်ိန္ Hiject ကားႏွင့္ အိမ္စီးကားတစ္စီးတို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ၾကၿပီး ယင္းယာဥ္တိုက္မႈတြင္ စစ္ သား ၃ ဦးေသဆုံးကာ ၆ ဦးဒဏ္ရာရရွိေၾကာင္း၊ ဒဏ္ရာရရွိသူမ်ားမွာလည္း စစ္ေကာင္စီလက္ေအာက္ခံ တပ္ဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္း သိရွိရသည္။

မရမ္းကုန္းၿမိဳ႕နယ္ရွိ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံ ရန္ကုန္ေခတ္သစ္သတင္းဌာနက ဆက္သြယ္ေမး ျမန္းရာ မဂၤလာဒုံ ယာဥ္တိုက္မႈတြင္ ၃ ဦးေသဆုံးၿပီး ၆ ဦးဒဏ္ရာရရွိေၾကာင္း ၊ သို႔ရာတြင္ ေသဆုံးသူႏွင့္ဒဏ္ရာရရွိသူမ်ားသည္ တပ္ႏွင့္ရဲတပ္ဖြဲ႕ဝင္မ်ားျဖစ္သည္ကိုမူ မွတ္ခ်က္မေပးဘဲ မဂၤလာဒုံရဲတပ္ဖြဲ႕ကိုသာ ဆက္သြယ္ေမးျမန္းရန္ ေျပာဆိုသည္။

မဂၤလာဒုံမွ ပရဟိတအသင္းတစ္ခုကမူ ေသဆုံးသူ ၃ ဦးသည္ စစ္သား မ်ားျဖစ္ ေၾကာင္း အတည္ျပဳၿပီး ဒဏ္ရာရရွိသူမ်ားႏွင့္ပတ္သက္၍ စိစစ္ဆဲျဖစ္ သည္ဟုဆိုသည္။

လတ္တေလာ ယာဥ္တိုက္မႈေၾကာင့္ ဒဏ္ရာရရွိသူ ၆ ဦးသည္ စစ္သားမ်ား (သို႔မဟုတ္) ရဲတပ္ဖြဲ႕ဝင္မ်ား ဆိုသည္ကို အတည္မျပဳႏိုင္ေသးေသာ္လည္း စစ္ေကာင္စီလက္ေအာက္ခံ လက္ နက္ကိုင္တပ္ဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္း အတည္ ျပဳထားႏိုင္ၿပီျဖစ္သည္။

စစ်သား ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရှိစေခဲ့သည့် မင်္ဂလာဒုံယာဉ်တိုက်မှုမှာ စစ်တပ် ကား အချင်းချင်း ခေါင်းချင်းဆိုင်တိုက်ခြင်းဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်း သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဗဟိုနိုင်ငံရေးအကျော် ကျိုက်ကလဲ့အနား ယ မန်နေ့ညပိုင်း ကားတိုက်မှုတွင် စစ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ရာ တိုက်သော ကားနှစ်စီးလုံးသည် စစ်တပ်မှဖြစ်ပြီး ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်းလည်း သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါယာဉ်တိုက်မှုသည် Hiject ကားနှင့် အိမ်စီးကား တိုက်မိခြင်းဖြစ်ပြီး Hiject ကားသည် အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်းမှ ဖြစ်ပြီး အိမ်စီးကားမှာ ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်း၏ ကားဖြစ်ကြောင်း သိရှိရသည်။

ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်းမှာ အသက် ၄၆ နှစ်ရှိပြီး တေဇ ၂၅ ကျောင်းဆင်းဖြစ်ပြီး အငြိမ်းစားယူထားပြီးဖြစ်ကြောင်း၊၎င်းသည် အင်းစိန်မြို့နယ်၊ ရွာမရှေ့ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် နေထိုင်ခြင်းဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီး နန်းစန္ဒာအောင်၊ သားမောင်ဥက္ကာပြည့်စုံ၊ သမီး မြတ်သဒ္ဒါလင်းတို့ ကျန်ရစ်ခဲ့ကြောင်း ၊ အလောင်းကို စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် သဂြိုလ်ဖြစ်ကြောင်း သိရှိရသည်။

Hiject ယာဉ်မောင်းမှာ ဒုအရာခံဗိုလ် သိန်းသန်းမင်းဖြစ်ကာ အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်း ရေကြည်အိုင်ဖြစ်ကြောင်း သိရှိရသည်။

ကားပေါ်မှ ရရှိသော စာရွက်စာတမ်းများနှင့်ယာဉ်မောင်းလိုင်စင်အရ ကားမောင်းသူသည် ဒုအရာခံဗိုလ် သိန်းသန်းမင်းသည် တစတ ၁ ၊ အမှတ် ၃ ဂိတ်၊ အမှတ် ၁ စစ်ဖက်ရေးရာလုံခြုံရေး အတတ်သင်ကျောင်း ရေကြည်အိုင် ဟု သိရှိရကြောင်း၊ ကျောင်းလုံခြုံရေးအတွက် စကားပြောစက်ကိုလည်း စက်တင်ဘာလ ၂ ရက်နေ့တွင် အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်ရင်းထံမှ ထုတ်ယူခဲ့သော ပြေစာကိုလည်း တွေ့ရှိရ ကြောင်း ဒေသခံတချို့ထံမှ သိရှိသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် Hiject ကားနှင့် အိမ်စီးကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး ယင်းယာဉ်တိုက်မှုတွင် စစ် သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများမှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသည်။

မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေး မြန်းရာ မင်္ဂလာဒုံ ယာဉ်တိုက်မှုတွင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ၊ သို့ရာတွင် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများသည် တပ်နှင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ကိုမူ မှတ်ချက်မပေးဘဲ မင်္ဂလာဒုံရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။

မင်္ဂလာဒုံမှ ပရဟိတအသင်းတစ်ခုကမူ သေဆုံးသူ ၃ ဦးသည် စစ်သား များဖြစ် ကြောင်း အတည်ပြုပြီး ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ စိစစ်ဆဲဖြစ် သည်ဟုဆိုသည်။

လတ်တလော ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၆ ဦးသည် စစ်သားများ (သို့မဟုတ်) ရဲတပ်ဖွဲ့ဝင်များ ဆိုသည်ကို အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီလက်အောက်ခံ လက် နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အတည် ပြုထားနိုင်ပြီဖြစ်သည်။