Local News

လႈိင္ၿမိဳ႕နယ္ ရဲစခန္းအနီးတြင္ ပစ္ခတ္

လႈိင္ၿမိဳ႕နယ္ ရဲစခန္းအနီးတြင္ ပစ္ခတ္သံမ်ားထြက္ေပၚခဲ့ၿပီး ၁ နာရီနီးပါး လမ္း ပိတ္ဆို႔စစ္ေဆး၊ ေ႐ႊျပည္သာ ၂၀ ရပ္ကြက္႐ုံးဗုံးေပါက္ကြဲ၊ မဂၤလာေတာင္ၫႊန႔္ ၉၁ လမ္း ရပ္ကြက္႐ုံးတြင္ ယမန္ေန႔ညပိုင္း ဗုံးေပါက္ကြဲ

ရန္ကုန္၊ စက္တင္ဘာ ၂၆

ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ ရန္ကုန္-အင္းစိန္လမ္း၊ လႈိင္ၿမိဳ႕နယ္ရဲစခန္းအနီးတြင္ ယေန႔ည ၇နာရီ ဝန္းက်င္ အခ်ိန္ ေသနတ္ပစ္ခတ္သံမ်ားထြက္ေပၚခဲ့ၿပီး ရန္ကုန္-အင္းစိန္လမ္းကို စစ္တပ္က ပိတ္ဆို႔ စစ္ေဆးခဲ့ေၾကာင္း ေဒသခံမ်ား က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

“ရန္ကုန္-အင္းစိန္လမ္း လႈိင္ၿမိဳ႕နယ္ ရဲစခန္းနဲ႔ စစ္တပ္ တပ္စြဲထားတဲ့ ေဘာ္ လီ ေဘာ႐ုံ ေနရာအနီးတစ္ဝိုက္ ညေန ၆ နာရီ ၄၅ မိနစ္အခ်ိန္ ပစ္ခတ္သံမ်ားၾကားရတယ္။ ၿပီးေတာ့ လမ္းေတြ ပိတ္သြားတယ္။ ကားေတြအကုန္ စစ္တပ္နဲ႔ရဲက ျပန္လွည့္ခိုင္းတယ္။ ျဖစ္တာက ည ၆ နာရီ ၄၅ မိနစ္ေလာက္မွာ ေသနတ္သံ ထြက္တာ။

အဲဒါၿပီးေတာ့ ၁ နာရီေလာက္ၾကာတယ္ လမ္းပိတ္ထားတာ။ ည ၇ နာရီ ၅၀ ေလာက္မွ လမ္းျပန္ဖြင့္ေပးတယ္။ လူေတြကလည္း ဘာျဖစ္မွန္းမသိေတာ့ အကုန္လုံး လမ္းေတြပါ ဆင္းေလွ်ာက္ရတာ” ဟု ေဒသခံတစ္ဦးက ေျပာ ဆိုသည္။

ထို႔ျပင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ ၂၀ ရပ္ကြက္႐ုံးတြင္ ယေန႔ ည ၈ နာရီအခ်ိန္ ဗုံးေပါက္ ကြဲမႈျဖစ္ပြားေၾကာင္း၊ လက္ရွိတြင္ အေျခအေန အေသးစိတ္မသိရေသးဘဲ စစ္တပ္ႏွင့္ရဲမ်ား လာေရာက္ရန္ရွိသည္ဟု သိရွိရေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“ေ႐ႊျပည္သာ ၂၀ ရပ္ကြက္႐ုံးမွာ ေပါက္ကြဲသံ အရမ္းက်ယ္ပါတယ္။ ေနာက္ ဆက္တြဲေတာ့ ဘာျဖစ္လဲေသခ်ာမသိဘူး။ ည ၈ နာရီအတိမွာ‌ေပါက္တာ” ဟု ေဒသခံတစ္ဦးက ေျပာသည္။

အလားတူ စက္တင္ဘာလ ၂၆ ရက္ေန႔ နံနက္ ၄ နာရီ ၅၀ မိနစ္အခ်ိန္ လႈိင္သာၿမိဳ႕နယ္တစ္ေနရာတြင္ ဗုံးေပါက္ကြဲခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

စက္တင္ဘာလ ၂၅ ရက္ေန႔တြင္လည္း မရမ္းကုန္းၿမိဳ႕နယ္တြင္ နံနက္ ၉ နာရီ ၀၈ မိနစ္အခ်ိန္၊ ဗဟန္းၿမိဳ႕နယ္တြင္ ညေန ၄ နာရီ ၅၁ မိနစ္အခ်ိန္၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ ၉၁ လမ္းရပ္ကြက္႐ုံးတို႔တြင္ ည ၇ နာရီ ၄၅ မိနစ္အခ်ိန္ ဗုံးမ်ား အသီးသီးေပါက္ကြဲခဲ့ေၾကာင္း သိရွိရသည္။

“မေန႔ ည၇နာရီ၄၅မိနစ္ေက်ာ္ေလာက္မွာ မဂၤလာေတာင္ၫႊန႔္ ကံေတာ္ေလး ၉၁ လမ္း ဘက္ဗုံးေပါက္ကြဲခဲ့တယ္။ ရပ္ကြက္႐ုံးေပါက္တာ။ အဲဒါ မေန႔ည ၈နာရီ ၃၀ေလာက္စစ္ကား၂စီးနဲ႔ ၉၁လမ္း ဓမၼာ႐ုံေရွ႕မွာပိတ္ရပ္ပီးစစ္တာမ်ိဳးရွိခဲ့တယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ဓာတ္ပုံ- ယေန႔ည ၆ နာရီ ၄၅ မိနစ္မွ ည ၇ နာရီ ၅၀ အထိ ရန္ကုန္-အင္းစိန္လမ္း၊ သံလမ္း၊ ဘာတာ၊ အုတ္က်င္းဘက္တြင္ လမ္းမ်ားပိတ္ဆို႔ စစ္ေဆးခံေနရစဥ္။

လှိုင်မြို့နယ် ရဲစခန်းအနီးတွင် ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ၁ နာရီနီးပါး လမ်း ပိတ်ဆို့စစ်ဆေး၊ ရွှေပြည်သာ ၂၀ ရပ်ကွက်ရုံးဗုံးပေါက်ကွဲ၊ မင်္ဂလာတောင်ညွှန့် ၉၁ လမ်း ရပ်ကွက်ရုံးတွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်း၊ လှိုင်မြို့နယ်ရဲစခန်းအနီးတွင် ယနေ့ည ၇နာရီ ဝန်းကျင် အချိန် သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး ရန်ကုန်-အင်းစိန်လမ်းကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရန်ကုန်-အင်းစိန်လမ်း လှိုင်မြို့နယ် ရဲစခန်းနဲ့ စစ်တပ် တပ်စွဲထားတဲ့ ဘော် လီ ဘောရုံ နေရာအနီးတစ်ဝိုက် ညနေ ၆ နာရီ ၄၅ မိနစ်အချိန် ပစ်ခတ်သံများကြားရတယ်။ ပြီးတော့ လမ်းတွေ ပိတ်သွားတယ်။ ကားတွေအကုန် စစ်တပ်နဲ့ရဲက ပြန်လှည့်ခိုင်းတယ်။ ဖြစ်တာက ည ၆ နာရီ ၄၅ မိနစ်လောက်မှာ သေနတ်သံ ထွက်တာ။

အဲဒါပြီးတော့ ၁ နာရီလောက်ကြာတယ် လမ်းပိတ်ထားတာ။ ည ၇ နာရီ ၅၀ လောက်မှ လမ်းပြန်ဖွင့်ပေးတယ်။ လူတွေကလည်း ဘာဖြစ်မှန်းမသိတော့ အကုန်လုံး လမ်းတွေပါ ဆင်းလျှောက်ရတာ” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။

ထို့ပြင် ရွှေပြည်သာမြို့နယ်၊ ၂၀ ရပ်ကွက်ရုံးတွင် ယနေ့ ည ၈ နာရီအချိန် ဗုံးပေါက် ကွဲမှုဖြစ်ပွားကြောင်း၊ လက်ရှိတွင် အခြေအနေ အသေးစိတ်မသိရသေးဘဲ စစ်တပ်နှင့်ရဲများ လာရောက်ရန်ရှိသည်ဟု သိရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရွှေပြည်သာ ၂၀ ရပ်ကွက်ရုံးမှာ ပေါက်ကွဲသံ အရမ်းကျယ်ပါတယ်။ နောက် ဆက်တွဲတော့ ဘာဖြစ်လဲသေချာမသိဘူး။ ည ၈ နာရီအတိမှာ‌ပေါက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန် လှိုင်သာမြို့နယ်တစ်နေရာတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်း မရမ်းကုန်းမြို့နယ်တွင် နံနက် ၉ နာရီ ၀၈ မိနစ်အချိန်၊ ဗဟန်းမြို့နယ်တွင် ညနေ ၄ နာရီ ၅၁ မိနစ်အချိန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၉၁ လမ်းရပ်ကွက်ရုံးတို့တွင် ည ၇ နာရီ ၄၅ မိနစ်အချိန် ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“မနေ့ ည၇နာရီ၄၅မိနစ်ကျော်လောက်မှာ မင်္ဂလာတောင်ညွှန့် ကံတော်လေး ၉၁ လမ်း ဘက်ဗုံးပေါက်ကွဲခဲ့တယ်။ ရပ်ကွက်ရုံးပေါက်တာ။ အဲဒါ မနေ့ည ၈နာရီ ၃၀လောက်စစ်ကား၂စီးနဲ့ ၉၁လမ်း ဓမ္မာရုံရှေ့မှာပိတ်ရပ်ပီးစစ်တာမျိုးရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ည ၆ နာရီ ၄၅ မိနစ်မှ ည ၇ နာရီ ၅၀ အထိ ရန်ကုန်-အင်းစိန်လမ်း၊ သံလမ်း၊ ဘာတာ၊ အုတ်ကျင်းဘက်တွင် လမ်းများပိတ်ဆို့ စစ်ဆေးခံနေရစဉ်။