Local News

မဟာျမတ္မုနိဘုရားမွာ တပ္စြဲထားတဲ့စစ္ေကာင္စီစခန္းထဲကတပ္ဖြဲ႕ဝင္ ၃ ဦး

ေက်ာက္ေတာ္ မဟာျမတ္မုနိက စစ္သား ၃ဦး ထြက္ေျပးသြားလို႔ လိုက္ရွာေန

ေျမလတ္အသံ၊ စက္တင္ဘာ၂၆၊ ၂၀၂၂။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ မဟာျမတ္မုနိဘုရားမွာ တပ္စြဲထားတဲ့စစ္ေကာင္စီစခန္းထဲကတပ္ဖြဲ႕ဝင္ ၃ ဦး ယေန႔စက္တင္ဘာ ၂၆ ရက္ ညေနပိုင္းအခ်ိန္တြင္ ထြက္ေျပးသြားတယ္လို႔ သိရပါတယ္။

အဆိုပါတပ္သား ၃ဦးထြက္ေျပးသြားၿပီးေနာက္ က်န္ရွိခဲ့တဲ့စစ္ေကာင္စီတပ္သားေတြက ျမတ္မုနိစစ္ေဘးေရွာင္စခန္းကို လာေရာက္ရွာေဖြမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ခိုင္လုံတဲ့ေျမျပင္သတင္းရင္းျမစ္တဦးက ေျမလတ္အသံကို ေျပာပါတယ္။

“၃ေယာက္ထြက္ေျပးသြားတာအမွန္ပါ။ သူတို႔ရဲ႕ နာမည္ေတြေတာ့ မသိရ‌ဘူး။ AAဖက္ကိုေျပးတာလား၊ ဘယ္ကိုေျပးသြားတာလည္းေတာ့ မသိဘူး။ စစ္ေဘးေရွာင္စခန္းက အေဆာင္ေတြကိုေတာင္ ဝင္စစ္ေဆးခဲ့ပါတယ္”လို႔ ဆိုပါတယ္။

ထို႔အတူ စက္တင္ဘာ၁၀ရက္ ညေန ၄ နာရီေက်ာ္အခ်ိန္ခန႔္မွာလည္း အဲဒီျမတ္မုနိစခန္းက တပ္ဖြဲ႕ဝင္၂ ဦးမွာ ရကၡိဳင့္တပ္ေတာ္(AA)ထံသို႔ ထြက္ေျပးသြားခဲ့သလို ေမလ ၂၂ ရက္မွာလည္း တပ္သား ၃ဦးမွာ လက္နက္မဲ့ထြက္ေျပးခဲ့ၾကရာ ဒုတပ္ၾကပ္ ကံထြန္းေအာင္ ၃၂ ႏွစ္ဆိုသူမွာ AAထံကို အလင္းဝင္ေရာက္သြားခဲ့တယ္လို႔ သိရပါတယ္။

ရခိုင္နဲ႔ပလက္ဝၿမိဳ႕နယ္က စစ္ေကာင္စီတပ္ေတြ ထဲမွာ အရာရွိ၊ စစ္သည္အမ်ားအျပားကလက္နက္ေတြ ယူေဆာင္ကာ ရကၡိဳင့္တပ္ေတာ္(AA)ဆီကို ထြက္ေျပးလာႏိုင္ဖို႔ ဆက္သြယ္လာတာေတြ ရွိေနတယ္လို႔ AAက‌ေျပာဆိုထားပါတယ္။

လက္ရွိမွာလည္း AAဆီကို လက္နက္အျပည့္အစုံနဲ႔ ထြက္ေျပးခိုလုံလာတဲ့ စစ္ေကာင္စီတပ္သား ရာနဲ႔ခ်ီရွိေနၿပီး၊ သူတို႔ေတြက တိုက္ပြဲမျဖစ္မီကာလနဲ႔ တိုက္ပြဲကာလအတြင္း ထြက္ေျပးလာၾကသူေတြ ျဖစ္ၾကတယ္လို႔ စက္တင္ဘာလ ၁၉ ရက္က သတင္းစာရွင္းလင္းပြဲမွာ AA၏ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ေျပာဆိုခဲ့ပါတယ္။

ေျမလတ္အသံ

ကျောက်တော် မဟာမြတ်မုနိက စစ်သား ၃ဦး ထွက်ပြေးသွားလို့ လိုက်ရှာနေ

မြေလတ်အသံ၊ စက်တင်ဘာ၂၆၊ ၂၀၂၂။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားမှာ တပ်စွဲထားတဲ့စစ်ကောင်စီစခန်းထဲကတပ်ဖွဲ့ဝင် ၃ ဦး ယနေ့စက်တင်ဘာ ၂၆ ရက် ညနေပိုင်းအချိန်တွင် ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဆိုပါတပ်သား ၃ဦးထွက်ပြေးသွားပြီးနောက် ကျန်ရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေက မြတ်မုနိစစ်ဘေးရှောင်စခန်းကို လာရောက်ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ခိုင်လုံတဲ့မြေပြင်သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

“၃ယောက်ထွက်ပြေးသွားတာအမှန်ပါ။ သူတို့ရဲ့ နာမည်တွေတော့ မသိရ‌ဘူး။ AAဖက်ကိုပြေးတာလား၊ ဘယ်ကိုပြေးသွားတာလည်းတော့ မသိဘူး။ စစ်ဘေးရှောင်စခန်းက အဆောင်တွေကိုတောင် ဝင်စစ်ဆေးခဲ့ပါတယ်”လို့ ဆိုပါတယ်။

ထို့အတူ စက်တင်ဘာ၁၀ရက် ညနေ ၄ နာရီကျော်အချိန်ခန့်မှာလည်း အဲဒီမြတ်မုနိစခန်းက တပ်ဖွဲ့ဝင်၂ ဦးမှာ ရက္ခိုင့်တပ်တော်(AA)ထံသို့ ထွက်ပြေးသွားခဲ့သလို မေလ ၂၂ ရက်မှာလည်း တပ်သား ၃ဦးမှာ လက်နက်မဲ့ထွက်ပြေးခဲ့ကြရာ ဒုတပ်ကြပ် ကံထွန်းအောင် ၃၂ နှစ်ဆိုသူမှာ AAထံကို အလင်းဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်နဲ့ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်တွေ ထဲမှာ အရာရှိ၊ စစ်သည်အများအပြားကလက်နက်တွေ ယူဆောင်ကာ ရက္ခိုင့်တပ်တော်(AA)ဆီကို ထွက်ပြေးလာနိုင်ဖို့ ဆက်သွယ်လာတာတွေ ရှိနေတယ်လို့ AAက‌ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း AAဆီကို လက်နက်အပြည့်အစုံနဲ့ ထွက်ပြေးခိုလုံလာတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီရှိနေပြီး၊ သူတို့တွေက တိုက်ပွဲမဖြစ်မီကာလနဲ့ တိုက်ပွဲကာလအတွင်း ထွက်ပြေးလာကြသူတွေ ဖြစ်ကြတယ်လို့ စက်တင်ဘာလ ၁၉ ရက်က သတင်းစာရှင်းလင်းပွဲမှာ AA၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောဆိုခဲ့ပါတယ်။

မြေလတ်အသံ