Local News

မင္းေအာင္လႈိင္ကို ႏိုင္ငံတကာက ဖမ္းဆီးအေရးယူရန္ လက္ယက္ကုန္းေက်ာင္း ဆရာမ ေဒၚေအးမာေတာင္းဆို

မင္းေအာင္လႈိင္ကို ႏိုင္ငံတကာက ဖမ္းဆီးအေရးယူရန္ လက္ယက္ကုန္းေက်ာင္း ဆရာမ ေဒၚေအးမာေတာင္းဆို

ရန္ကုန္ ၊ စက္တင္ဘာ ၂၇

စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္ လက္ယက္ကုန္း႐ြာကစာသင္ေက်ာင္းကို ရဟတ္ယာဥ္ျဖင့္ ပစ္ခတ္တိုက္မႈေၾကာင့္ ကေလးငယ္မ်ား ေသဆုံးမႈတြင္ အဓိကတရားခံျဖစ္သည့္ အၾကမ္းဖက္စစ္အာဏာရွင္ မင္းေအာင္လႈိင္ ဦးေဆာင္သည့္ စစ္အုပ္စုကို ႏိုင္ငံတကာက ဖမ္းဆီးအေရးယူေပးၾကရန္ လက္ယက္ကုန္းေက်ာင္းဆရာမ ေဒၚေအးမာက ေတာင္းဆိုလိုက္သည္။

စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳနယ္၊ လက္ယက္ကုန္းေက်း႐ြာျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး စက္တင္ဘာ ၂၆ ရက္က က်င္းပသည့္ သတင္းစာရွင္းပြဲအတြင္း ယင္းျဖစ္စဥ္၏ မ်က္ျမင္သက္ေသအျဖစ္တက္ေရာက္ခဲ့သည့္ ဆရာမေဒၚေအးမာက ေတာင္းဆို လိုက္ျခင္း ျဖစ္သည္။

ႏိုင္ငံတကာအေနျဖင့္ NUG ကို အစိုးရအျဖစ္အသိမွတ္ျပဳၿပီး စစ္ေခါင္းေဆာင္မ်ားကို ျမန္ျမန္ဖမ္းဆီးၿပီး ဥပေဒေရွ႕ ေမွာက္ကို ပို႔ေပးၾကရန္ေတာင္းဆိုေၾကာင္း၊ ရာဇဝတ္ေဘးေျပးမလြတ္ဆိုသည့္ စကားသည္ မင္းေအာင္လႈိင္ႏွင့္ စစ္ အုပ္စုအတြက္ မဟုတ္ဘူးလာဟု ေမးခ်င္ေၾကာင္း၊ရာဇဝတ္မႈမ်ား က်ဴး လြန္ေနေသာ္လည္း လြတ္ေျမာက္ေန သည့္ အတြက္ ဇရာဝတ္မႈက်ဴးလြန္ေနသည္ဟု ထင္မည္မဟုတ္ေၾကာင္း ယင္းေၾကာင့္ ရာဇဝတ္ေဘးေျပးမလြတ္ ဆိုသည့္ စကားသည္ မင္းေအာင္လႈိင္တို႔စစ္အုပ္စု အတြက္ျဖစ္ေၾကာင္း ႏိုင္ငံတကာမွသက္ေသျပသေစလိုသည္ဟု ဆရာမ ေဒၚေအးမာကေျပာသည္။

ယင္းအျပင္ စစ္အာဏာရွင္ ျမန္ျမန္ခ်ဳပ္ၿငိမ္းမွ ျမန္မာႏိုင္ငံႀကီးေအးခ်မ္းမွာျဖစ္ေၾကာင္း စစ္အာ ဏာရွင္ မခ်ဳပ္ ၿငိမ္း သေ႐ႊ႕ ျမန္မာႏိုင္ငံကို မည္သည့္႐ုပ္ဝတၳဳမ်ားပံ့ေပးေစကာမူ ေနာက္ဆုံး႐ုပ္ဝတၳဳမ်ားကို ပစ္ၿပီး ေျပးၾကရ မွာျဖစ္ေၾကာင္း၊ျမန္မာႏိုင္ငံကို ကမာၻႀကီးကေမ့မထားဘဲ တရားမွ်တမႈကို ျမန္ျမန္ ရေအာင္လုပ္ေပး ၾကရန္ တိုက္တြန္းေၾကာင္း ဆရာမ ေဒၚေအးမာကဆိုသည္။

လက္ယက္ကုန္းျဖစ္စဥ္ ျဖစ္ၿပီးကတည္းက NUG အေနျဖင့္ ခ်က္ျခင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ကုလသမဂၢ၏ ပဋိပကၡအတြင္း ကေလးသူငယ္မ်ားကာကြယ္ေရးဆိုင္ရာမဟာမင္းႀကီး ကိုဆက္သြယ္ခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံ ၏ အထူးကိုယ္စားလွယ္ေဒါက္တာ ႏိုလင္းကိုလည္းဆက္သြယ္ေဆာင္႐ြက္ခဲ့ေၾကာင္း ယင္းသတင္း စာရွင္းလင္း ပြဲတြင္ NUG တာဝန္ရွိဝန္ႀကီးမ်ားက ရွင္းျပသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကိုေပးပို႔ခဲ့ရာ ၎တို႔အေနျဖင့္လည္း ယင္းကိစၥကိုအျမန္ဆုံး ေျဖရွင္းေဆာင္႐ြက္ရန္ႀကိဳးစားမည္ဟု အေၾကာင္းျပန္လာခဲ့ေၾကာင္း NUG ကေျပာသည္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးကလည္း ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ NUG အေနျဖင့္ တရားမွ်တမႈရရန္ အစြမ္းကုန္ႀကိဳးစားေနေၾကာင္း ျပည္တြင္းျပည္ပမွာပါ အေရးယူႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ေျပာဆိုသည္။

စက္တင္ဘာ ၁၆ ရက္ေန႔က လက္ယက္ကုန္းဘုန္းေတာ္ႀကီးစာသင္ေက်ာင္းကို အၾကမ္း ဖက္စစ္တပ္မွ ေလေၾကာင္းသာမက ေျမျပင္ကပါ ပစ္ခတ္မႈေၾကာင့္ ကေလးငယ္အပါအဝင္ ၁၃ ဦးေသဆုံးခဲ့ၿပီး ၂၀ ေက်ာ္ ကိုဓားစာခံအျဖစ္ဖမ္းဆီးထားဆဲျဖစ္သည္။

မင်းအောင်လှိုင်ကို နိုင်ငံတကာက ဖမ်းဆီးအရေးယူရန် လက်ယက်ကုန်းကျောင်း ဆရာမ ဒေါ်အေးမာတောင်းဆို

ရန်ကုန် ၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကစာသင်ကျောင်းကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်မှုကြောင့် ကလေးငယ်များ သေဆုံးမှုတွင် အဓိကတရားခံဖြစ်သည့် အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုကို နိုင်ငံတကာက ဖမ်းဆီးအရေးယူပေးကြရန် လက်ယက်ကုန်းကျောင်းဆရာမ ဒေါ်အေးမာက တောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြိုနယ်၊ လက်ယက်ကုန်းကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၆ ရက်က ကျင်းပသည့် သတင်းစာရှင်းပွဲအတွင်း ယင်းဖြစ်စဉ်၏ မျက်မြင်သက်သေအဖြစ်တက်ရောက်ခဲ့သည့် ဆရာမဒေါ်အေးမာက တောင်းဆို လိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာအနေဖြင့် NUG ကို အစိုးရအဖြစ်အသိမှတ်ပြုပြီး စစ်ခေါင်းဆောင်များကို မြန်မြန်ဖမ်းဆီးပြီး ဥပဒေရှေ့ မှောက်ကို ပို့ပေးကြရန်တောင်းဆိုကြောင်း၊ ရာဇဝတ်ဘေးပြေးမလွတ်ဆိုသည့် စကားသည် မင်းအောင်လှိုင်နှင့် စစ် အုပ်စုအတွက် မဟုတ်ဘူးလာဟု မေးချင်ကြောင်း၊ရာဇဝတ်မှုများ ကျူး လွန်နေသော်လည်း လွတ်မြောက်နေ သည့် အတွက် ဇရာဝတ်မှုကျူးလွန်နေသည်ဟု ထင်မည်မဟုတ်ကြောင်း ယင်းကြောင့် ရာဇဝတ်ဘေးပြေးမလွတ် ဆိုသည့် စကားသည် မင်းအောင်လှိုင်တို့စစ်အုပ်စု အတွက်ဖြစ်ကြောင်း နိုင်ငံတကာမှသက်သေပြသစေလိုသည်ဟု ဆရာမ ဒေါ်အေးမာကပြောသည်။

ယင်းအပြင် စစ်အာဏာရှင် မြန်မြန်ချုပ်ငြိမ်းမှ မြန်မာနိုင်ငံကြီးအေးချမ်းမှာဖြစ်ကြောင်း စစ်အာ ဏာရှင် မချုပ် ငြိမ်း သရွှေ့ မြန်မာနိုင်ငံကို မည်သည့်ရုပ်ဝတ္ထုများပံ့ပေးစေကာမူ နောက်ဆုံးရုပ်ဝတ္ထုများကို ပစ်ပြီး ပြေးကြရ မှာဖြစ်ကြောင်း၊မြန်မာနိုင်ငံကို ကမ္ဘာကြီးကမေ့မထားဘဲ တရားမျှတမှုကို မြန်မြန် ရအောင်လုပ်ပေး ကြရန် တိုက်တွန်းကြောင်း ဆရာမ ဒေါ်အေးမာကဆိုသည်။

လက်ယက်ကုန်းဖြစ်စဉ် ဖြစ်ပြီးကတည်းက NUG အနေဖြင့် ချက်ခြင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ ပဋိပက္ခအတွင်း ကလေးသူငယ်များကာကွယ်ရေးဆိုင်ရာမဟာမင်းကြီး ကိုဆက်သွယ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ ၏ အထူးကိုယ်စားလှယ်ဒေါက်တာ နိုလင်းကိုလည်းဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း ယင်းသတင်း စာရှင်းလင်း ပွဲတွင် NUG တာဝန်ရှိဝန်ကြီးများက ရှင်းပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များကိုပေးပို့ခဲ့ရာ ၎င်းတို့အနေဖြင့်လည်း ယင်းကိစ္စကိုအမြန်ဆုံး ဖြေရှင်းဆောင်ရွက်ရန်ကြိုးစားမည်ဟု အကြောင်းပြန်လာခဲ့ကြောင်း NUG ကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ NUG အနေဖြင့် တရားမျှတမှုရရန် အစွမ်းကုန်ကြိုးစားနေကြောင်း ပြည်တွင်းပြည်ပမှာပါ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောဆိုသည်။

စက်တင်ဘာ ၁၆ ရက်နေ့က လက်ယက်ကုန်းဘုန်းတော်ကြီးစာသင်ကျောင်းကို အကြမ်း ဖက်စစ်တပ်မှ လေကြောင်းသာမက မြေပြင်ကပါ ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ၁၃ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ကိုဓားစာခံအဖြစ်ဖမ်းဆီးထားဆဲဖြစ်သည်။