Local News

ဖက္ဒရယ္အခြင့္အေရးေတြကို ၎အေဖဦးေသာင္းလႈိင္ပိုင္တဲ့ပစၥည္းလို သေဘာထားၿပီး

ဖက္ဒရယ္အခြင့္အေရးေတြကို ၎အေဖဦးေသာင္းလႈိင္ပိုင္တဲ့ပစၥည္းလို သေဘာထားၿပီး ျဖစ္သင့္ျဖစ္ထိုက္တာသာေပးမယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ေျပာ

မဲေခါင္၊ စက္တင္ဘာ ၂၈

ၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး အေၾကာင္းျပၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို ေနျပည္ေတာ္ကို အႀကိမ္ႀကိမ္ေခၚေတြ႕ေနပမယ့္ ျဖစ္သင့္ျဖစ္ထိုက္တဲ့ ဖက္ဒရယ္ပဲေပးမယ္လို႔ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာဆိုလိုက္ပါတယ္။

မေန႔ ေန႔လည္ပိုင္းက ေနျပည္ေတာ္မွာက်င္းပတဲ့ အာဏာသိမ္းစစ္အုပ္စုအစည္းအေဝးမွာ ေျပာဆိုလိုက္တာျဖစ္ၿပီး သူ႔အေနနဲ႔ ဒီမိုကေရစီနဲ႔ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ႏိုင္ငံကိုတည္ေဆာက္ေနေၾကာင္း၊ ဖက္ဒရယ္အခြင့္အေရးေတြကို ေပးရာမွာ ျဖစ္သင့္ျဖစ္ထိုက္တာကိုပဲေပးမွာ ျဖစ္ေၾကာင္း ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

ဒီလိုေျပာဆိုတာဟာ အာဏာသိမ္းစစ္ေခါင္းေဆာင္ရဲ႕ ၿငိမ္းခ်မ္းေရးအမည္ခံေဆြးေႏြးမႈအေပၚ သေဘာထားကို ထင္ဟပ္ေစၿပီး ဖက္ဒရယ္အခြင့္အေရးဆိုတာဟာ အားလုံးရဲ႕အခြင့္အေရးျဖစ္တယ္လို႔ ႏိုင္ငံေရးေလ့လာသူတစ္ဦးက ေျပာပါတယ္။

“သူေျပာတဲ့ပုံက ဖက္ဒရယ္က စစ္တပ္ကပဲပိုင္သလိုလို၊ သူ႔မိဘအေမြေပးတဲ့ ပစၥည္းလိုလို ျဖစ္ေနတယ္။ က်ားသနားမွႏြားခ်မ္းသာမယ္ဆိုတဲ့ပုံစံမ်ိဳးေျပာတာပဲ” လို႔ မွတ္ခ်က္ျပဳပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ဟာ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ေျပာဆိုရာမွာလည္း ၂၀၀၈ ေျခဥနဲ႔ NCA ကို မ်က္ကြယ္ျပဳလို႔မရေၾကာင္းနဲ႔ EAO ေတြဟာ ျပည္ပ ပေယာဂေၾကာင့္ ဝိဝါဒကြဲျပားေနတယ္လို႔လည္း စြပ္စြဲေျပာဆို လိုက္ပါတယ္။

စစ္ေကာင္စီဖိတ္တဲ့ ၿငိမ္းခ်မ္ေရးေဆြးေႏြးပြဲကို EAO ၁၀ဖြဲ႕တက္ေရာက္ၿပီး လက္ရွိမွာ “ဝ”၊ မိုင္းလားနဲ႔ SSPP တို႔ ေနျပည္ေတာ္မွာ ေဆြးေႏြးေနပါတယ္။

MeKongNews

ဖက်ဒရယ်အခွင့်အရေးတွေကို ၎င်းအဖေဦးသောင်းလှိုင်ပိုင်တဲ့ပစ္စည်းလို သဘောထားပြီး ဖြစ်သင့်ဖြစ်ထိုက်တာသာပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မဲခေါင်၊ စက်တင်ဘာ ၂၈

ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အကြောင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော်ကို အကြိမ်ကြိမ်ခေါ်တွေ့နေပမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်ပဲပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မနေ့ နေ့လည်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့ အာဏာသိမ်းစစ်အုပ်စုအစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပြီး သူ့အနေနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံကိုတည်ဆောက်နေကြောင်း၊ ဖက်ဒရယ်အခွင့်အရေးတွေကို ပေးရာမှာ ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲပေးမှာ ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုတာဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးအမည်ခံဆွေးနွေးမှုအပေါ် သဘောထားကို ထင်ဟပ်စေပြီး ဖက်ဒရယ်အခွင့်အရေးဆိုတာဟာ အားလုံးရဲ့အခွင့်အရေးဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

“သူပြောတဲ့ပုံက ဖက်ဒရယ်က စစ်တပ်ကပဲပိုင်သလိုလို၊ သူ့မိဘအမွေပေးတဲ့ ပစ္စည်းလိုလို ဖြစ်နေတယ်။ ကျားသနားမှနွားချမ်းသာမယ်ဆိုတဲ့ပုံစံမျိုးပြောတာပဲ” လို့ မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပြောဆိုရာမှာလည်း ၂၀၀၈ ခြေဥနဲ့ NCA ကို မျက်ကွယ်ပြုလို့မရကြောင်းနဲ့ EAO တွေဟာ ပြည်ပ ပယောဂကြောင့် ဝိဝါဒကွဲပြားနေတယ်လို့လည်း စွပ်စွဲပြောဆို လိုက်ပါတယ်။

စစ်ကောင်စီဖိတ်တဲ့ ငြိမ်းချမ်ရေးဆွေးနွေးပွဲကို EAO ၁၀ဖွဲ့တက်ရောက်ပြီး လက်ရှိမှာ “ဝ”၊ မိုင်းလားနဲ့ SSPP တို့ နေပြည်တော်မှာ ဆွေးနွေးနေပါတယ်။

MeKongNews