Local News

စစ္တပ္က ေလယာဥ္ျဖင့္ တိုက္ခိုက္မႈတြင္

စစ္တပ္က ေလယာဥ္ျဖင့္ တိုက္ခိုက္မႈတြင္ ကိုယ့္လူကိုယ္ျပန္ပစ္သျဖင့္ စစ္သုံ႔ ပန္း ရဲ ႏွင့္စစ္သားမ်ား ထိခိုက္ေသဆုံး ၊ AAက ဖမ္းဆီးရမိသူမ်ားႏွင့္ ခိုလႈံလာသူ စစ္​ေကာင္စီတပ္ဖြဲ႕ဝင္ ၁၅၀ ေက်ာ္ရွိ

ရန္ကုန္၊ စက္တင္ဘာ ၂၉

စစ္ေကာင္စီတပ္မွ ဂ်က္တိုက္ေလယာဥ္ ၃ စီးျဖင့္ ဗုံးႀကဲတိုက္ခိုက္ခဲ့ေသာ ေၾကာင့္ ရခိုင္ျပည္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္းရွိ လက္ပံေတာင္ေၾကာေပၚမွ AA တပ္စခန္း အက်ဥ္းေထာင္ ၂ ခုကို ထိမွန္ကာ စစ္သုံ႔ပန္းစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ထိခိုက္ေသဆုံးမႈရွိဟု စက္တင္ဘာ ၂၈ ရက္ေန႔ AA က ထုတ္ျပန္သည္။

စက္တင္ဘာလ ၂၃ ရက္၊ ည ၁၁ နာရီတြင္ စစ္ေကာင္စီတပ္မွ ဂ်က္တိုက္ ေလယာဥ္ ၃ စီးျဖင့္ နာရီဝက္ၾကာ ဗုံးႀကဲတိုက္ခိုက္ခဲ့ၿပီး ဒဏ္ရာရရွိသြားခဲ့ေသာ နယ္ျခားေစာင့္ရဲတခ်ိဳႏွင့္ စစ္ေကာင္စီတပ္ဖြဲဝင္တခ်ိဳ႕ကို ေဆးကုသေပးထားေသာ္လည္း ေဆးဝါးအခက္အခဲတခ်ိဳေၾကာင့္ တခ်ိဳ႕မွာ အသက္ေသဆုံးသြားၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားထားသည္။

ဗုံးထိမွန္၍ရရွိေသာ ျပင္းထန္ဒဏ္ရာမ်ားေၾကာင့္ ဆက္လက္အသက္ရွင္ရန္ ေမွ်ာ္လင့္ခ်က္ နည္းေနၿပီး ၎တို႔အသက္ရွင္ေရးအတြက္ အျမန္ဆုံးလာယူရန္ စစ္ေကာင္စီထံသို႔ အသိေပး အေၾကာင္းၾကားထားေသာ္လည္း ၅ ရက္ၾကာသည္အထိ တစ္စုံတရာဆက္သြယ္လာျခင္းမရွိေသး၍ ယင္းအထဲမွ ထပ္မံ ၁ ဦးေသဆုံးခဲ့ေၾကာင္း AA ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

လက္ရွိတြင္ အဆိုပါဒဏ္ရာရ နယ္ျခားေစာင့္ရဲတခ်ိဳ႕ႏွင့္ စစ္ေကာင္စီတပ္ဖြဲဝင္တခ်ိဳ႕ အသက္ဆက္လက္ရွင္သန္ေရးအတြက္ AA မွ ေဆးကုသေပးလ်က္ရွိေၾကာင္း အသက္ရွင္သန္ေရးအတြက္ အျမန္ဆုံး ဆက္သြယ္ဖို႔ကို တိုက္တြန္းထားသည္၊

စစ္ေကာင္စီတပ္၏ တပ္ဖြဲဝင္မ်ားမွာ ဆက္လက္တာဝန္ထမ္းေဆာင္လိုစိတ္မရွိေတာ့သျဖင့္ ရကၡိဳင့္တပ္ေတာ္ AA သို႔ ခိုလႈံလာသူမ်ားႏွင့္ ဖမ္းဆီးရမိထားသည့္ စစ္ေကာင္စီတပ္သား ၁၅၀ ေက်ာ္အထိ ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

စစ်တပ်က လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ကိုယ့်လူကိုယ်ပြန်ပစ်သဖြင့် စစ်သုံ့ ပန်း ရဲ နှင့်စစ်သားများ ထိခိုက်သေဆုံး ၊ AAက ဖမ်းဆီးရမိသူများနှင့် ခိုလှုံလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ် ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ကြောင့် ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောပေါ်မှ AA တပ်စခန်း အကျဉ်းထောင် ၂ ခုကို ထိမှန်ကာ စစ်သုံ့ပန်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိဟု စက်တင်ဘာ ၂၈ ရက်နေ့ AA က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၃ ရက်၊ ည ၁၁ နာရီတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက် လေယာဉ် ၃ စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့်ရဲတချိုနှင့် စစ်ကောင်စီတပ်ဖွဲဝင်တချို့ကို ဆေးကုသပေးထားသော်လည်း ဆေးဝါးအခက်အခဲတချိုကြောင့် တချို့မှာ အသက်သေဆုံးသွားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဗုံးထိမှန်၍ရရှိသော ပြင်းထန်ဒဏ်ရာများကြောင့် ဆက်လက်အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေပြီး ၎င်းတို့အသက်ရှင်ရေးအတွက် အမြန်ဆုံးလာယူရန် စစ်ကောင်စီထံသို့ အသိပေး အကြောင်းကြားထားသော်လည်း ၅ ရက်ကြာသည်အထိ တစ်စုံတရာဆက်သွယ်လာခြင်းမရှိသေး၍ ယင်းအထဲမှ ထပ်မံ ၁ ဦးသေဆုံးခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်ရှိတွင် အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့နှင့် စစ်ကောင်စီတပ်ဖွဲဝင်တချို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် AA မှ ဆေးကုသပေးလျက်ရှိကြောင်း အသက်ရှင်သန်ရေးအတွက် အမြန်ဆုံး ဆက်သွယ်ဖို့ကို တိုက်တွန်းထားသည်၊

စစ်ကောင်စီတပ်၏ တပ်ဖွဲဝင်များမှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့သဖြင့် ရက္ခိုင့်တပ်တော် AA သို့ ခိုလှုံလာသူများနှင့် ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သား ၁၅၀ ကျော်အထိ ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။