Local News

လွိူင္သာယာရဲတပ္ရင္း (၉)​ေရွ႕

လွိူင္သာယာရဲတပ္ရင္း (၉)​ေရွ႕ရွိစစ္​ေဆး​ေရးဂိတိအနီးဗုံးႏွစ္ႀကိမ္​​ေပါက္ကြဲ

ေႏြးေႏြး/People’s Spring

လႈိင္သာယာၿမိဳ႕နယ္ရွိ ရဲတပ္ရင္း(၉)ေရွ႕လမ္းမေပၚတြင္ ယေန႔(စက္တင္ဘာ ၂၉ရက္)နံနက္ ရွစ္နာရီခန္႔က ဗုံးႏွစ္လုံး ေပါက္ကြဲခဲ့သည္။

“ဗုံးေပါက္တာ။ ေပါက္တဲ့နားမွာ စစ္ေကာင္စီစစ္ေဆးေရးဂိတ္ရွိတယ္။ ဘာေတြ ထိခိုက္သြားလဲေတာ့ မသိရေသးဘူး” ဟု ေပါက္ကြဲသည့္ေနရာအနီးကို ကားျဖင့္ျဖတ္လာခဲ့​ေသာျပည္သူတစ္ဦးကေျပာသည္။

က်ယ္ေလာင္သည့္ ေပါက္ကြဲသံႏွစ္ႀကိမ္သည္ ရဲတပ္ရင္း(၉)ဘက္မွ ယေန႔ နံနက္ ရွစ္နာရီခန္႔တြင္ ထြက္ေပၚခဲ့ျခင္းျဖစ္ၿပီးမိနစ္၂၀ခန္႔အၾကာတြင္ မူလအသံထက္တိုးေသာ ေပါက္ကြဲသံတစ္ခ်က္ထပ္မံၾကားရ​ေၾကာင္းျပည္သူအခ်ိဳ႕က​ေျပာသည္။

” ေပါက္ခ်င္သေလာက္ေပါက္ေတာ့။ အလုပ္ေတြလည္း လုပ္စားလို႔မေကာင္းမယ့္အတူတူ ​​​ေ-ြးေတြ ေသမွ ပြဲၿပီးမွာမို႔ ခ်သာခ် အားေပးတယ္”ဟု တကၠစီယာဥ္ေမာင္းတစ္ဦးကေျပာသည္။

ရန္ကုန္ၿမိဳ႕ ​ေနရာအခ်ိဳ႕တြင္ယမန္​ေန႔(စက္တင္ဘာ ၂၈)ညကလည္း စစ္​ေကာင္စီတပ္ရွိရာ​ေနရာမ်ားအနီးဗုံးမ်ား​ေပါက္ကြဲခဲ့သည္။

(ရဲတပ္ရင္း ၉ ၿခံစည္း႐ိုးရွိ စစ္ေကာင္စီဘန္ကာအား ေတြ႕ရစဥ္ ။ ။ဓါတ္ပုံ-CJ)

လှိူင်သာယာရဲတပ်ရင်း (၉)ရှေ့ရှိစစ်ဆေးရေးဂိတိအနီးဗုံးနှစ်ကြိမ်ပေါက်ကွဲ

နွေးနွေး/People’s Spring

လှိုင်သာယာမြို့နယ်ရှိ ရဲတပ်ရင်း(၉)ရှေ့လမ်းမပေါ်တွင် ယနေ့(စက်တင်ဘာ ၂၉ရက်)နံနက် ရှစ်နာရီခန့်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။

“ဗုံးပေါက်တာ။ ပေါက်တဲ့နားမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိတယ်။ ဘာတွေ ထိခိုက်သွားလဲတော့ မသိရသေးဘူး” ဟု ပေါက်ကွဲသည့်နေရာအနီးကို ကားဖြင့်ဖြတ်လာခဲ့သောပြည်သူတစ်ဦးကပြောသည်။

ကျယ်လောင်သည့် ပေါက်ကွဲသံနှစ်ကြိမ်သည် ရဲတပ်ရင်း(၉)ဘက်မှ ယနေ့ နံနက် ရှစ်နာရီခန့်တွင် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီးမိနစ်၂၀ခန့်အကြာတွင် မူလအသံထက်တိုးသော ပေါက်ကွဲသံတစ်ချက်ထပ်မံကြားရကြောင်းပြည်သူအချို့ကပြောသည်။

” ပေါက်ချင်သလောက်ပေါက်တော့။ အလုပ်တွေလည်း လုပ်စားလို့မကောင်းမယ့်အတူတူ ေ-ွးတွေ သေမှ ပွဲပြီးမှာမို့ ချသာချ အားပေးတယ်”ဟု တက္ကစီယာဉ်မောင်းတစ်ဦးကပြောသည်။

ရန်ကုန်မြို့ နေရာအချို့တွင်ယမန်နေ့(စက်တင်ဘာ ၂၈)ညကလည်း စစ်ကောင်စီတပ်ရှိရာနေရာများအနီးဗုံးများပေါက်ကွဲခဲ့သည်။

(ရဲတပ်ရင်း ၉ ခြံစည်းရိုးရှိ စစ်ကောင်စီဘန်ကာအား တွေ့ရစဉ် ။ ။ဓါတ်ပုံ-CJ)