Local News

မုံ႐ြာ – အရာေတာ္လမ္းမွာ စစ္ကားကို

မုံ႐ြာ – အရာေတာ္လမ္းမွာ စစ္ကားကို မိုင္းဆြဲ၊ အနီးကပ္ တိုက္ခိုက္၊

MFP ၊ စက္တင္ဘာ – ၂၉

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္၊ မုံ႐ြာ – အရာေတာ္ကားလမ္းမွာ မေန႔က မနက္ပိုင္း စစ္အုပ္စုရဲ႕ ခိုးရာပါ ပစၥည္းတင္ကားကို မိုင္းေထာင္ေဖာက္ခြဲၿပီး လက္နက္ငယ္ေတြနဲ႔ အနီးကပ္ ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ စကစေတြ ထိခိုက္ေသဆုံးမႈ ရွိႏိုင္တယ္လို႔ အရာေတာ္ Danger Force LPDF တပ္ဖြဲ႕က သတင္း ထုတ္ျပန္ပါတယ္။

စက္တင္ဘာလ(၂၈)ရက္ မနက္(၁၁)နာရီခြဲက မုံ႐ြာကေန အရာေတာ္ဘက္ ေမာင္းလာတဲ့ ခိုးရာပါ ပစၥည္းတင္ စစ္အုပ္စု ကားကို တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“မုံ႐ြာမွ အရာေတာ္ဘက္သို႔ သြားေသာ အၾကမ္းဖက္ စစ္ေကာင္စီ၏ လက္ပါးေစ တပ္သားမ်ားႏွင့္ ရိကၡာ မ်ား သယ္ေဆာင္လာေသာ ကားတစ္စီးအား အရာေတာ္ၿမိဳ႕ ႏွင့္ ကမ္းျဖဴေက်း႐ြာ အၾကားတြင္ တူမီးေရွ႕ထြက္ႀကီး ႏွစ္လုံး ႏွင့္ လက္နက္ငယ္မ်ားျဖင့္ အနီးကပ္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ

ကားေဘးတစ္ျခမ္း ထိခိုက္ပ်က္စီးသြားၿပီး ကားေပၚရွိ လက္ပါးေစ တပ္သားမ်ား ဒဏ္ရာအျပင္းအထန္ ရရွိသြားသည္။ ေသဆုံးမႈအေျခေန မသိရွိရေသးပါ” လို႔ အရာေတာ္ Danger Force LPDF က ေဖာ္ျပပါတယ္။

အဲ့ဒီ တိုက္ခိုက္မႈကို Danger Force LPDF၊ ပင္လယ္ေပ်ာ္ ေတာ္လွန္ေရးအင္အားစု၊ People’s Revolution Force(PRF)၊ ပတၱျမားညီေနာင္ ေျပာက္က်ားတပ္ဖြဲ႕ ႏွင့္ အရာေတာ္ပကဖ တို႔မွ ပူးေပါင္းလုပ္ေဆာင္ခဲ့တာလို႔ ဆိုပါတယ္။

မုံရွာ – အရာတော်လမ်းမှာ စစ်ကားကို မိုင်းဆွဲ၊ အနီးကပ် တိုက်ခိုက်၊

MFP ၊ စက်တင်ဘာ – ၂၉

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ မုံရွာ – အရာတော်ကားလမ်းမှာ မနေ့က မနက်ပိုင်း စစ်အုပ်စုရဲ့ ခိုးရာပါ ပစ္စည်းတင်ကားကို မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စကစတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ အရာတော် Danger Force LPDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ(၂၈)ရက် မနက်(၁၁)နာရီခွဲက မုံရွာကနေ အရာတော်ဘက် မောင်းလာတဲ့ ခိုးရာပါ ပစ္စည်းတင် စစ်အုပ်စု ကားကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မုံရွာမှ အရာတော်ဘက်သို့ သွားသော အကြမ်းဖက် စစ်ကောင်စီ၏ လက်ပါးစေ တပ်သားများနှင့် ရိက္ခာ များ သယ်ဆောင်လာသော ကားတစ်စီးအား အရာတော်မြို့ နှင့် ကမ်းဖြူကျေးရွာ အကြားတွင် တူမီးရှေ့ထွက်ကြီး နှစ်လုံး နှင့် လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ

ကားဘေးတစ်ခြမ်း ထိခိုက်ပျက်စီးသွားပြီး ကားပေါ်ရှိ လက်ပါးစေ တပ်သားများ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။ သေဆုံးမှုအခြေနေ မသိရှိရသေးပါ” လို့ အရာတော် Danger Force LPDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို Danger Force LPDF၊ ပင်လယ်ပျော် တော်လှန်ရေးအင်အားစု၊ People’s Revolution Force(PRF)၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ နှင့် အရာတော်ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။