Local News

စစ္ေကာင္စီတပ္မ်ားေတြ႕ဆုံပြဲၿပီး လက္ေရတစ္ျပင္တည္း ထမင္းအတူတူစားေနစဥ္

စစ္ေကာင္စီတပ္မ်ားေတြ႕ဆုံပြဲၿပီး လက္ေရတစ္ျပင္တည္း ထမင္းအတူတူစားေနစဥ္ ဗိုလ္ႀကီးကို တပ္ၾကပ္မွ ထိုးႀကိတ္

CjPlatform🖋ေအာင္ႏိူင္သူ

ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တြင္ အရာရွိႏွင့္ အျခားအဆင့္မ်ား ေတြ႕ဆုံပြဲတြင္ လက္ေရတစ္ျပင္တည္း ထမင္းအတူစားၾကရာ ဗိုလ္ႀကီးကို တပ္ၾကပ္တစ္ဦးက ထိုးႀကိတ္ခဲ့သည္ဟု စစ္တပ္နဲ႔နီးစပ္သူေတြဆီက သိရသည္။

ေနျပည္ေတာ္စစ္ဌာနခ်ဳပ္တြင္ ၿပီးခဲ့သည့္ရက္က ေနျပည္ေတာ္တိုင္းမႉးလာေရာက္ကာ တပ္ရင္း၊ တပ္မ၊ တပ္ခြဲမ်ားရွိ အျခားအဆင့္မ်ားႏွင့္ အရာရွိႀကီးမ်ားေတြ႕ဆုံၿပီး ထမင္းလက္ဆုံစားၾကရာမွ ထိုးႀကိတ္မႈျဖစ္ခဲ့တာျဖစ္သည္ဟု စစ္မႈထမ္းေဟာင္းတစ္ဦးက ေျပာသည္။

“ေနျပည္ေတာ္မွာက ေျခလ်င္ ေျချမန္ တပ္ရင္း သုံးရင္းေလးရင္းေလာက္ပဲရွိတယ္ ခလရ တို႔ ခမရ တို႔မွာ ျပသာနာအခံ ရွိမယ္ထင္တယ္ ဗိုလ္ႀကီးကို မင္းေစာက္ခ်ိဳးေတြအဆင္ေျပမေနဘူးေနာ္ ဆိုၿပီးထထိုးတာ နာမည္ေတြေတာ့ေျပာလို႔ မေကာင္းလို႔မေျပာတာ”ဟု CJ Platform ကိုေျပာသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္မွ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းတြင္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္တို႔မွ တိုင္းမႉးမ်ားႏွင့္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ စစ္သည္မ်ားကို ေတြ႕ဆုံကာ စည္း႐ုံးေရးဆင္းခဲ့တာျဖစ္သည္ဟု အမည္မေဖာ္လိုသူတစ္ဦးက ေျပာသည္။

“မင္းေအာင္လႈိင္က အရာရွိနဲ႔အျခားအဆင့္ ေတြ႕ဆုံၿပီး လက္ေရတစ္ျပင္တည္း စားေသာက္ၾကေပါ့ ဦးသန္းေ႐ႊတုန္းကလို ဒါေပမဲ့ မရဘူး အခုက တပ္တြင္းမွာ ၿပိဳကြဲေနတာ”ဟု အၿငိမ္းစား စစ္မႈထမ္းေဟာင္း အရာရွိတစ္ဦးမွ CJ Platform ကိုေျပာသည္။

လက္ရွိအေျခအေနတြင္ ဗိုလ္ႀကီးမွာ ထိုးႀကိတ္ခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ထိုးႀကိတ္ခဲ့သည့္ တပ္ၾကပ္ကိုတပ္တြင္းအခ်ဳပ္ေထာင္ကို ပို႔ေဆာင္ထားသည္ဟု သိရသည္။

စစ်ကောင်စီတပ်များတွေ့ဆုံပွဲပြီး လက်ရေတစ်ပြင်တည်း ထမင်းအတူတူစားနေစဉ် ဗိုလ်ကြီးကို တပ်ကြပ်မှ ထိုးကြိတ်

CjPlatform🖋အောင်နိူင်သူ

နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် အရာရှိနှင့် အခြားအဆင့်များ တွေ့ဆုံပွဲတွင် လက်ရေတစ်ပြင်တည်း ထမင်းအတူစားကြရာ ဗိုလ်ကြီးကို တပ်ကြပ်တစ်ဦးက ထိုးကြိတ်ခဲ့သည်ဟု စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရသည်။

နေပြည်တော်စစ်ဌာနချုပ်တွင် ပြီးခဲ့သည့်ရက်က နေပြည်တော်တိုင်းမှူးလာရောက်ကာ တပ်ရင်း၊ တပ်မ၊ တပ်ခွဲများရှိ အခြားအဆင့်များနှင့် အရာရှိကြီးများတွေ့ဆုံပြီး ထမင်းလက်ဆုံစားကြရာမှ ထိုးကြိတ်မှုဖြစ်ခဲ့တာဖြစ်သည်ဟု စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။

“နေပြည်တော်မှာက ခြေလျင် ခြေမြန် တပ်ရင်း သုံးရင်းလေးရင်းလောက်ပဲရှိတယ် ခလရ တို့ ခမရ တို့မှာ ပြသာနာအခံ ရှိမယ်ထင်တယ် ဗိုလ်ကြီးကို မင်းစောက်ချိုးတွေအဆင်ပြေမနေဘူးနော် ဆိုပြီးထထိုးတာ နာမည်တွေတော့ပြောလို့ မကောင်းလို့မပြောတာ”ဟု CJ Platform ကိုပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် တပ်ရင်း/တပ်ဖွဲ့များမှ စစ်သည်များကို တွေ့ဆုံကာ စည်းရုံးရေးဆင်းခဲ့တာဖြစ်သည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“မင်းအောင်လှိုင်က အရာရှိနဲ့အခြားအဆင့် တွေ့ဆုံပြီး လက်ရေတစ်ပြင်တည်း စားသောက်ကြပေါ့ ဦးသန်းရွှေတုန်းကလို ဒါပေမဲ့ မရဘူး အခုက တပ်တွင်းမှာ ပြိုကွဲနေတာ”ဟု အငြိမ်းစား စစ်မှုထမ်းဟောင်း အရာရှိတစ်ဦးမှ CJ Platform ကိုပြောသည်။

လက်ရှိအခြေအနေတွင် ဗိုလ်ကြီးမှာ ထိုးကြိတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုးကြိတ်ခဲ့သည့် တပ်ကြပ်ကိုတပ်တွင်းအချုပ်ထောင်ကို ပို့ဆောင်ထားသည်ဟု သိရသည်။