Local News

KTV သြားတဲ့ စစ္သားေတြ အုပ္ႀကီးအိမ္မွာထားခဲ့တဲ့

KTV သြားတဲ့ စစ္သားေတြ အုပ္ႀကီးအိမ္မွာထားခဲ့တဲ့ ေသနတ္ ၇လက္ကို PDF ဝင္သိမ္း

ျမင္းၿခံ ၊ စက္တင္ဘာ ၂၉ ၊ ၂၀၂၂ ။

မႏၲေလးတိုင္း ျမင္းၿခံၿမိဳ႕အနီးက ေပ်ာ္ဘြယ္စံျပေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးအိမ္မွာ ေသနတ္ေတြ ထားၿပီး စစ္ေကာင္စီတပ္သားေတြ KTV သြားေနခ်ိန္မွာ အုပ္ခ်ဳပ္ေရးမႉးအိမ္ကို PDF ေတြ ဝင္စီးခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၂၉ရက္ ဒီေန႔ ေန႔လယ္ ၁နာရီဝန္းက်င္မွာ အဲ့ဒီ အုပ္ခ်ဳပ္ေရးမႉးအိမ္ကို ႏြားထိုးႀကီး PDF က ဝင္စီးတဲ့ အခ်ိန္ အဲ့ဒီေသနတ္ ၇လက္ကို ရခဲ့တာျဖစ္တယ္လို႔ ျမင္းၿခံၿမိဳ႕ခံတဦးက ေျပာပါတယ္။

“စစ္သားေတြက ျမင္းၿခံက KTVကိုသြားတာ သြားတဲ့ အခ်ိန္မွာ သူတို႔ ေသနတ္ေတြကို အုပ္ႀကီးရဲ႕ အိမ္မွာ ထားသြားတာ အဲဒါကို PDF ေတြက သတင္းရၿပီး ဝင္စီးတာ အုပ္ႀကီးက ထြက္ေျပးသြားေတာ့ က်ည္ဆံမကုန္ပဲ ေသနတ္ ၇ လက္ ရရွိခဲ့တယ္”လို႔ ျမင္းၿခံၿမိဳ႕ခံတဦးက ေျပာပါတယ္။

အုပ္ခ်ဳပ္ေရးမႉးအိမ္ကေန MA-1 သုံးလက္၊ ေရွာ့ဂန္း တစ္လက္နဲ႔ ကာဘိုင္ သုံးလက္ အပါအဝင္ စုစုေပါင္း ေသနတ္ ၇ လက္တို႔ကို သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဇူလိူင္ ၂၉ ရက္ေန႔ကလည္း အဲဒီအုပ္ခ်ဳပ္ေရးမႉးအိမ္ကို ႏြားထိုးႀကီး PDFေတြ ဝင္စီးခဲ့စဥ္ကလည္း ကာဘိုင္ ၁လက္ ၊ 12 Bore Slide Action Shotgun ၁ လက္နဲ႔ 12 Bore Shotgun က်ည္အေတာင့္ ၂၀ တို႔ကို သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ အဲဒီေဒသခံက ေျပာပါတယ္။

ေျမလတ္အသံ

KTV သွားတဲ့ စစ်သားတွေ အုပ်ကြီးအိမ်မှာထားခဲ့တဲ့ သေနတ် ၇လက်ကို PDF ဝင်သိမ်း

မြင်းခြံ ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၂ ။

မန္တလေးတိုင်း မြင်းခြံမြို့အနီးက ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ သေနတ်တွေ ထားပြီး စစ်ကောင်စီတပ်သားတွေ KTV သွားနေချိန်မှာ အုပ်ချုပ်ရေးမှူးအိမ်ကို PDF တွေ ဝင်စီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၉ရက် ဒီနေ့ နေ့လယ် ၁နာရီဝန်းကျင်မှာ အဲ့ဒီ အုပ်ချုပ်ရေးမှူးအိမ်ကို နွားထိုးကြီး PDF က ဝင်စီးတဲ့ အချိန် အဲ့ဒီသေနတ် ၇လက်ကို ရခဲ့တာဖြစ်တယ်လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။

“စစ်သားတွေက မြင်းခြံက KTVကိုသွားတာ သွားတဲ့ အချိန်မှာ သူတို့ သေနတ်တွေကို အုပ်ကြီးရဲ့ အိမ်မှာ ထားသွားတာ အဲဒါကို PDF တွေက သတင်းရပြီး ဝင်စီးတာ အုပ်ကြီးက ထွက်ပြေးသွားတော့ ကျည်ဆံမကုန်ပဲ သေနတ် ၇ လက် ရရှိခဲ့တယ်”လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူးအိမ်ကနေ MA-1 သုံးလက်၊ ရှော့ဂန်း တစ်လက်နဲ့ ကာဘိုင် သုံးလက် အပါအဝင် စုစုပေါင်း သေနတ် ၇ လက်တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိူင် ၂၉ ရက်နေ့ကလည်း အဲဒီအုပ်ချုပ်ရေးမှူးအိမ်ကို နွားထိုးကြီး PDFတွေ ဝင်စီးခဲ့စဉ်ကလည်း ကာဘိုင် ၁လက် ၊ 12 Bore Slide Action Shotgun ၁ လက်နဲ့ 12 Bore Shotgun ကျည်အတောင့် ၂၀ တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

မြေလတ်အသံ