Local News

တမူးPDF၊တပ္ရင္း(၃)တြင္ သင္တန္းတက္ေရာက္ေနသည့္ရဲေဘာ္(၄)ဦးထြက္ေျပး

တမူးPDF၊တပ္ရင္း(၃)တြင္ သင္တန္းတက္ေရာက္ေနသည့္ရဲေဘာ္(၄)ဦးထြက္ေျပး

BVJ- စက္တင္ဘာ ၃၀၊ ၂၀၂၂

စစ္ကိုင္းတိုင္း၊ တမူးျပည္သူ႔ကာကြယ္ေရးတပ္မေတာ္၊ တပ္ရင္း(၃)က ရဲေဘာ္ (၄)ေယာက္ဟာ အသိေပးအေၾကာင္းၾကားျခင္းမရွိဘဲ တပ္ရင္းကေန ႏႈတ္ထြက္ (ထြက္ေျပး)သြားတယ္လို႔ တမူးPDFတပ္ရင္း(၃) ကသိရပါတယ္။

ေမာင္ညီမင္းခန႔္၊ ေမာင္ဟိန္းၿဖိဳးဦး၊ ေမာင္ရဲထက္ပိုင္နဲ႔ ေမာင္ရန္ႏိုင္ဦးတို႔(၄) ေယာက္က ၿပီးခဲ့တဲ့တစ္ပါတ္က တပ္ရင္းကေန ထြက္ေျပးသြားတာျဖစ္ၿပီး ဘာေၾကာင့္ထြက္ေျပးရတယ္ဆိုတဲ့အေၾကာင္းအရင္းကို မသိရွိရဘူးလို႔ တမူးတပ္ရင္း(၃) သတင္းျပန္ၾကားေရးတာဝန္ခံက BVJကိုေျပာပါတယ္။

“အထက္ကိုတင္ျပျခင္းမရွိဘဲထြက္သြားလို႔ က်ေနာ္တို႔ကအခုလိုထုတ္ျပန္ရတာျဖစ္တယ္။သူတို႔ေလးေယာက္က သင္တန္းလာတက္ေတာ့လည္းအတူတူလာတက္ၾကတဲ့သူေတြ။ ဖုန္းဆက္အေၾကာင္းၾကားၿပီး ျပန္လာဖိုေခၚခဲ့ေပမယ့္အဆက္အသြယ္ျဖတ္သြားလို႔ပါ။ စည္းမ်ဥ္းစည္းကမ္းကို လိုက္နာျခင္းမရွိဘဲ ထြက္ေျပးသြားတာလို႔ပဲမွတ္ခ်က္ျပဳထားပါတယ္။ အဓိကကေတာ့ စိတ္ပါပဲဗ်။

ေတာ္လွန္ခ်င္စိတ္ရွိေသးတဲ့ သူေတြကေတာ့ ဘယ္ေလာက္ခက္ခဲခက္ခဲေတာ္လွန္ေနအုံးမွာပါဗ် အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခုလို ႏႈတ္ထြက္(ထြက္ေျပး) သြားတဲ့သူေတြကိုလည္း ကြၽန္ေတာ္တို႔ လုံၿခဳံေရးမထိခိုက္သ၍ေတာ့ အသိေပး ထုတ္ျပန္႐ုံပါပဲလို႔ ေျပာခ်င္ပါတယ္”လို႔ သတင္းျပန္ၾကား‌ေရး တာဝန္ခံကေျပာပါတယ္။

ထြက္ေျပးသြားတဲ့ ရဲေဘာ္(၄)ေယာက္ဟာ တပ္ရင္း(၃)ကို လက္ရွိအပတ္စဥ္ထဲတြင္ ဝင္ေရာက္လာၾကသူေတြျဖစ္ၿပီး အသက္၁၉ႏွစ္၊ ၂၀ႏွစ္ ဝန္းက်င္ရွိ လူငယ္ေလးေတြျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ စည္းမ်ဥ္းစည္းကမ္းလိုက္နာမႈမရွိတဲ့ သူတို႔(၄)ေယာက္ကို တပ္ဖြဲ႕ဝင္အျဖစ္ကေနထုတ္ပယ္လိုက္ေၾကာင္းနဲ႔ သူတို႔(၄)ေယာက္နဲ႔ ပတ္သက္တဲ့ျပႆနာတစ္စုံတစ္ရာေပၚေပါက္လာပါက တာဝန္ယူေျဖရွင္ ေပးမွာမဟုတ္ဘူးလို႔ တပ္ရင္း(၃)က ဒီေန႔မွာ တရားဝင္အသိေပးထုတ္ျပန္ထားပါတယ္။

တမူးPDF၊တပ်ရင်း(၃)တွင် သင်တန်းတက်ရောက်နေသည့်ရဲဘော်(၄)ဦးထွက်ပြေး

BVJ- စက်တင်ဘာ ၃၀၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ တမူးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၃)က ရဲဘော် (၄)ယောက်ဟာ အသိပေးအကြောင်းကြားခြင်းမရှိဘဲ တပ်ရင်းကနေ နှုတ်ထွက် (ထွက်ပြေး)သွားတယ်လို့ တမူးPDFတပ်ရင်း(၃) ကသိရပါတယ်။

မောင်ညီမင်းခန့်၊ မောင်ဟိန်းဖြိုးဦး၊ မောင်ရဲထက်ပိုင်နဲ့ မောင်ရန်နိုင်ဦးတို့(၄) ယောက်က ပြီးခဲ့တဲ့တစ်ပါတ်က တပ်ရင်းကနေ ထွက်ပြေးသွားတာဖြစ်ပြီး ဘာကြောင့်ထွက်ပြေးရတယ်ဆိုတဲ့အကြောင်းအရင်းကို မသိရှိရဘူးလို့ တမူးတပ်ရင်း(၃) သတင်းပြန်ကြားရေးတာဝန်ခံက BVJကိုပြောပါတယ်။

“အထက်ကိုတင်ပြခြင်းမရှိဘဲထွက်သွားလို့ ကျနော်တို့ကအခုလိုထုတ်ပြန်ရတာဖြစ်တယ်။သူတို့လေးယောက်က သင်တန်းလာတက်တော့လည်းအတူတူလာတက်ကြတဲ့သူတွေ။ ဖုန်းဆက်အကြောင်းကြားပြီး ပြန်လာဖိုခေါ်ခဲ့ပေမယ့်အဆက်အသွယ်ဖြတ်သွားလို့ပါ။ စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်းမရှိဘဲ ထွက်ပြေးသွားတာလို့ပဲမှတ်ချက်ပြုထားပါတယ်။ အဓိကကတော့ စိတ်ပါပဲဗျ။

တော်လှန်ချင်စိတ်ရှိသေးတဲ့ သူတွေကတော့ ဘယ်လောက်ခက်ခဲခက်ခဲတော်လှန်နေအုံးမှာပါဗျ အကြောင်းအမျိုးမျိုးကြောင့် အခုလို နှုတ်ထွက်(ထွက်ပြေး) သွားတဲ့သူတွေကိုလည်း ကျွန်တော်တို့ လုံခြုံရေးမထိခိုက်သ၍တော့ အသိပေး ထုတ်ပြန်ရုံပါပဲလို့ ပြောချင်ပါတယ်”လို့ သတင်းပြန်ကြား‌ရေး တာဝန်ခံကပြောပါတယ်။

ထွက်ပြေးသွားတဲ့ ရဲဘော်(၄)ယောက်ဟာ တပ်ရင်း(၃)ကို လက်ရှိအပတ်စဉ်ထဲတွင် ဝင်ရောက်လာကြသူတွေဖြစ်ပြီး အသက်၁၉နှစ်၊ ၂၀နှစ် ဝန်းကျင်ရှိ လူငယ်လေးတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှုမရှိတဲ့ သူတို့(၄)ယောက်ကို တပ်ဖွဲ့ဝင်အဖြစ်ကနေထုတ်ပယ်လိုက်ကြောင်းနဲ့ သူတို့(၄)ယောက်နဲ့ ပတ်သက်တဲ့ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက တာဝန်ယူဖြေရှင် ပေးမှာမဟုတ်ဘူးလို့ တပ်ရင်း(၃)က ဒီနေ့မှာ တရားဝင်အသိပေးထုတ်ပြန်ထားပါတယ်။