Local News

လြိဳင္ေကာ္ ခရီးသည္ေလယာဥ္ အပစ္ခံရမႈ အျငင္းပြားစရာျဖစ္ေန

လြိဳင္ေကာ္ ခရီးသည္ေလယာဥ္ အပစ္ခံရမႈ အျငင္းပြားစရာျဖစ္ေန

ယေန႔ (စက္တင္ဘာ ၃၀) နံနက္ပိုင္းက ကယားျပည္နယ္ လြိဳင္ေကာ္ေလဆိပ္တြင္ ခရီးသည္တင္ ေလယာဥ္တစ္စီး ပစ္ခတ္ခံရမႈမွာ အျငင္းပြားစရာျဖစ္ေနသည္။ ေလယာဥ္မွာ ေလဆိပ္ကို ဆင္း သက္ရန္ႀကိဳးပမ္းစဥ္ အျမင့္ေပ ၃၅၀၀ ခန္႔တြင္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္သည္။

ေလယာဥ္ဝမ္းဗိုက္ကို ထိမွန္ၿပီးေနာက္ ခရီးသည္တစ္ဦး၏ ညာဘက္ပါးကို က်ည္ဆန္ထိမွန္ ေဖာက္ ဝင္ေၾကာင္း၊ KNPP ႏွင့္ PDF အမည္ခံ အၾကမ္းဖက္သမားမ်ားက ပစ္ခတ္ျခင္းျဖစ္ေၾကာင္းလည္း စစ္ေကာင္စီက စြပ္စြဲထားသည္။ခရီးသည္ ၆၃ ဦးတင္ေဆာင္လာသည့္ ATR-72 အမ်ိဳးအစား ခရီးသည္တင္ေလယာဥ္မွာ နံနက္ ၈ နာရီ ၄၅ မိနစ္ခန္႔က ေလဆိပ္ကို ဆင္းသက္စဥ္ အပစ္ခံရေၾကာင္း၊ ခရီးသည္တင္ေလယာဥ္မွာ ရန္ကုန္ – ေနျပည္ေတာ္ – လြိဳင္ေကာ္ေျပးဆြဲသည့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA) ပိုင္ ေလယာဥ္ျဖစ္ေၾကာင္းလည္း စစ္ေကာင္စီထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ထိခိုက္ဒဏ္ရာရသည့္ အမ်ိဳးသားမွာ ေလယာဥ္ေပၚတြင္ ဒဏ္ရာကို လက္ျဖင့္ဖိကာ ထိုင္လ်က္အေန အထားျဖင့္ေတြ႕ရၿပီး ၎ကို ေဆးကုသေပးေနသည့္ ဓာတ္ပုံမ်ားလည္း ေတြ႕ရသည္။

အၾကမ္းဖက္သမားမ်ားက ပစ္ခတ္သည္ဟု စစ္ေကာင္စီက ဆိုေသာ္လည္း ေလယာဥ္ဆိုက္လာၿပီး ေနာက္ ခရီးသည္မ်ားကို စစ္ေဆးစဥ္ ပစ္ခတ္မႈျဖစ္ေၾကာင္း၊ ေလယာဥ္ေပၚ ေရာက္လာသည့္ စစ္သားမ်ားက ပစ္ခတ္ျခင္းျဖစ္ေၾကာင္း အျခားလြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက ဆိုသည္။

အျခားလြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦး၏အဆိုအရ ဒဏ္ရာရရွိသူမွာ အသက္ ၂၇ ႏွစ္အ႐ြယ္ တပ္ၾကပ္ႀကီး သိန္းစိုးၫြန္႔ဆိုသူျဖစ္ၿပီး စစ္တပ္ပိုင္ မႏၲေလးရတနာပုံ သတင္းစာတိုက္မွ စာေရးျဖစ္ေၾကာင္း၊ အေဝးသင္တကၠသိုလ္ရန္ ေနျပည္ေတာ္မွတဆင့္ ခြင့္ျဖင့္ျပန္လာသူျဖစ္ေၾကာင္း သိရသည္။

စစ္ေကာင္စီက ေလယာဥ္ဝမ္းဗိုက္ေပါက္သည္ဟု ဆိုေသာ္လည္း လြိဳင္ေကာ္ၿမိဳ႕ခံမ်ားအဆိုအရ အဆိုပါ ခရီးသည္တင္ေလယာဥ္မွာ ပါလာသည့္ ခရီးသည္မ်ားႏွင့္အတူ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ ပ်ံသန္းသြားသည္ဟု သိရသည္။

လက္ရွိတြင္ စစ္တပ္က ေလဆိပ္ဝန္းက်င္တစ္ခုလုံးကို ပိတ္ဆို႔စစ္ေဆးေနေၾကာင္း သိရသည္။ စစ္ေကာင္စီထုတ္ျပန္ခ်က္ႏွင့္ ပတ္သက္၍ ေဒသခံ အေျခစိုက္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားထံမွ တစ္စုံတစ္ရာ မသိရေသးေပ။

လြိဳင္ေကာ္ေလဆိပ္တြင္ ခရီးသည္တင္ေလယာဥ္ ပစ္ခတ္ခံရမႈႏွင့္ ပတ္သက္၍ အေျခအေန အေသး စိတ္မသိရေသးဘဲ Myanmar Now က ဆက္လက္စုံစမ္းေနဆဲျဖစ္သည္။

လွိုင်ကော် ခရီးသည်လေယာဉ် အပစ်ခံရမှု အငြင်းပွားစရာဖြစ်နေ

ယနေ့ (စက်တင်ဘာ ၃၀) နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်လေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စီး ပစ်ခတ်ခံရမှုမှာ အငြင်းပွားစရာဖြစ်နေသည်။ လေယာဉ်မှာ လေဆိပ်ကို ဆင်း သက်ရန်ကြိုးပမ်းစဉ် အမြင့်ပေ ၃၅၀၀ ခန့်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

လေယာဉ်ဝမ်းဗိုက်ကို ထိမှန်ပြီးနောက် ခရီးသည်တစ်ဦး၏ ညာဘက်ပါးကို ကျည်ဆန်ထိမှန် ဖောက် ဝင်ကြောင်း၊ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ပစ်ခတ်ခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။ခရီးသည် ၆၃ ဦးတင်ဆောင်လာသည့် ATR-72 အမျိုးအစား ခရီးသည်တင်လေယာဉ်မှာ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က လေဆိပ်ကို ဆင်းသက်စဉ် အပစ်ခံရကြောင်း၊ ခရီးသည်တင်လေယာဉ်မှာ ရန်ကုန် – နေပြည်တော် – လွိုင်ကော်ပြေးဆွဲသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပိုင် လေယာဉ်ဖြစ်ကြောင်းလည်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိခိုက်ဒဏ်ရာရသည့် အမျိုးသားမှာ လေယာဉ်ပေါ်တွင် ဒဏ်ရာကို လက်ဖြင့်ဖိကာ ထိုင်လျက်အနေ အထားဖြင့်တွေ့ရပြီး ၎င်းကို ဆေးကုသပေးနေသည့် ဓာတ်ပုံများလည်း တွေ့ရသည်။

အကြမ်းဖက်သမားများက ပစ်ခတ်သည်ဟု စစ်ကောင်စီက ဆိုသော်လည်း လေယာဉ်ဆိုက်လာပြီး နောက် ခရီးသည်များကို စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ကြောင်း၊ လေယာဉ်ပေါ် ရောက်လာသည့် စစ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း အခြားလွိုင်ကော်မြို့ခံတစ်ဦးက ဆိုသည်။

အခြားလွိုင်ကော်မြို့ခံတစ်ဦး၏အဆိုအရ ဒဏ်ရာရရှိသူမှာ အသက် ၂၇ နှစ်အရွယ် တပ်ကြပ်ကြီး သိန်းစိုးညွန့်ဆိုသူဖြစ်ပြီး စစ်တပ်ပိုင် မန္တလေးရတနာပုံ သတင်းစာတိုက်မှ စာရေးဖြစ်ကြောင်း၊ အဝေးသင်တက္ကသိုလ်ရန် နေပြည်တော်မှတဆင့် ခွင့်ဖြင့်ပြန်လာသူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက လေယာဉ်ဝမ်းဗိုက်ပေါက်သည်ဟု ဆိုသော်လည်း လွိုင်ကော်မြို့ခံများအဆိုအရ အဆိုပါ ခရီးသည်တင်လေယာဉ်မှာ ပါလာသည့် ခရီးသည်များနှင့်အတူ ရန်ကုန်မြို့သို့ ပြန်လည် ပျံသန်းသွားသည်ဟု သိရသည်။

လက်ရှိတွင် စစ်တပ်က လေဆိပ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။ စစ်ကောင်စီထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒေသခံ အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများထံမှ တစ်စုံတစ်ရာ မသိရသေးပေ။

လွိုင်ကော်လေဆိပ်တွင် ခရီးသည်တင်လေယာဉ် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ အခြေအနေ အသေး စိတ်မသိရသေးဘဲ Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။