Local News

ေလးမိုင္ဂိတ္ တိုက္ပြဲမွာ အသက္ေပးသြားတဲ့ ဆယ္တန္းေက်ာင္းသား ေမာင္အာကာထက္

ေလးမိုင္ဂိတ္ တိုက္ပြဲမွာ အသက္ေပးသြားတဲ့ ဆယ္တန္းေက်ာင္းသား ေမာင္အာကာထက္

■ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေက်ာင္းသားလူငယ္ အေတာ္မ်ားမ်ားဟာ လက္နက္ကိုင္ ေတာ္လွန္ေရးကို သူတို႔သေဘာဆႏၵနဲ႔သူတို႔ ေ႐ြးခ်ယ္ခဲ့ၾကပါတယ္။ ဒီလိုေ႐ြးလိုက္တဲ့ အတြက္ သူတို႔ဘဝမွာ အရင္က စိတ္ကူးခဲ့တဲ့ ရည္မွန္းခ်က္ေတြကို စစ္အာဏာရွင္ ခ်ဳပ္ၿငိမ္းေရးအတြက္ ခဏတာေနာက္ခ်န္ ထားခဲ့ၾကရပါတယ္။

အမ်ားစုကေတာ့ ေတာ္လွန္ေရးၿပီးတဲ့အခါ သူတို႔ရဲ႕ မူလရည္မွန္းခ်က္ေတြကို အေကာင္အေဖာ္ဖို႔ ဆုံးျဖတ္ထားၾကပါတယ္။ဒါေပမဲ့ တခ်ိဳ႕က ဒီကာလမွာ အသက္ေတြကို ေတာ္လွန္ေရးအတြက္ ေပးဆပ္လိုက္ရလို႔ သူတို႔ ရည္မွန္းခ်က္ဆီ မေရာက္ႏိုင္ခဲ့ေတာ့တာလည္း ရွိေနပါတယ္။ အဲဒီလို လူငယ္ေတြထဲမွာ တမူးၿမိဳ႕က အသက္ ၁၇ ႏွစ္အ႐ြယ္ ေမာင္အာကာထက္လည္းပါသြားၿပီလို႔ သူနဲ႔တစ္ဖြဲ႕တည္းလႈပ္ရွားခဲ့တဲ့ ကိုေအာင္ၿဖိဳးႂကြယ္က ေျပာျပပါတယ္။

“အာကာထက္က အခုၿပီးခဲ့တဲ့ စက္တင္ဘာ ၁၉ ရက္ေန႔က တမူးၿမိဳ႕ ေလးမိုင္ဂိတ္ တိုက္ပြဲမွာ က်ဆုံးခဲ့ရတယ္။ ေလးမိုင္တိုက္ပြဲဟာ အခ်ိန္အားျဖင့္ ႏွစ္နာရီၾကာျမင့္ခဲ့ၿပီး က်ေနာ္တို႔ဟာ ဂိတ္ထဲအထိ ဝင္ေရာက္စီးနင္းႏိုင္စြမ္း ရွိခဲ့ေသာ္လည္း က်ေနာ္တို႔ရဲေဘာ္ အက်အဆုံး ရွိခဲ့တာေၾကာင့္ က်ေနာ္တို႔ ျပန္ဆုတ္ခဲ့ရတယ္။ ဒီေလးမိုင္ဂိတ္တိုက္ပြဲမွာ က်ေနာ္တို႔ ျမန္မာေက်ာင္းသားမ်ား အဖြဲ႕က ရဲေဘာ္အာကာထက္နဲ႔ ကေလး ပကဖ က တပ္ရင္းမႉး ဦးေမာင္ရယ္၊ ရဲေဘာ္ႏွစ္ေယာက္ရယ္ အသက္ေပးၿပီးမွ ဒီေလးမိုင္ဂိတ္ကို တိုက္ပြဲဝင္ခဲ့ရတယ္။”

သားျဖစ္တဲ့သူ တိုက္ပြဲမွာက်သြားေပမယ့္ ေပၚေပၚတင္တင္ မငိုရဲခဲ့ဘူးလို႔ ေမာင္အာကာထက္ရဲ႕ မိခင္က ေျပာပါတယ္။“ကြၽန္မသားေလး ဒီလမ္းကို လိုက္တယ္ဆိုကတည္းက တစ္ေန႔က်ရင္ တိုက္ရင္း ခိုက္ရင္းနဲ႔ ေသကြဲလည္း ကြဲႏိုင္တယ္လို႔ ကြၽန္မေတြးမိပါတယ္။ ဒါေပမဲ့ ေတာ္လွန္ေရး မေအာင္ျမင္ခင္ လမ္းခုလပ္မွာ ခုလို က်ဆုံးသြားရတာကို မိခင္တစ္ေယာက္အေနနဲ႔ ဝမ္းနည္းပါတယ္။ အခုကြၽန္မဆိုရင္ ကိုယ့္အိမ္မွာမေနရပါဘူး။ စစ္ေကာင္စီေတြ ရန္ေၾကာင့္ပါ။

ေတာ္တဲ့သင့္တဲ့ ေနရာမွာ ေနရပါတယ္။ အိမ္နီးနားခ်င္းေတြလည္း ရွိေတာ့ ကြၽန္မသားေလးဟာ တိုက္ပြဲမွာ က်ဆုံးသြားတာ သိရေပမယ့္ ေပၚေပၚထင္ထင္ မငိုရဲပါဘူးရွင္။”ငယ္ငယ္ထဲက မိစုံဖစုံမေနခဲ့ရတဲ့ ေမာင္အာကာထက္ဟာ အင္ဂ်င္နီယာတစ္ေယာက္ ျဖစ္ခ်င္တဲ့ ကေလးလို႔လည္း သူကေျပာျပပါတယ္။

“ ကေလးအ႐ြယ္ကတည္းက မိစုံဖစုံမေနခဲ့ရဘူး။ ဒါေပမဲ့ သူကအေဖမရွိလို႔ အားငယ္တာ ဝမ္းနည္းတာ မရွိဘူး။ သူရည္မွန္းထားတဲ့ အရာေတြကို မျဖစ္မေနလုပ္တာ သူငယ္ငယ္ကေလးတည္းက။ ကြၽန္မတို႔ ေႏြဦးေတာ္လွန္ေရးႀကီးျဖစ္လာေတာ့လည္း သားေလးက ဆယ္တန္းမွာ တက္ေနတုံး။ သူ႔မွာလဲ ရည္႐ြယ္ခ်က္တစ္ခုရွိတယ္။ အဲဒါကဘာလဲဆိုေတာ့ သူအင္ဂ်င္နီယာ ျဖစ္ခ်င္တယ္ေပါ့ေနာ္။ အဲဒါ အၿမဲတမ္း ေျပာတယ္။”

သူဟာ ဉာဏ္ရည္ထက္ျမက္တဲ့ လူငယ္တေယာက္ျဖစ္တယ္လို႔ ကိုေအာင္ၿဖိဳးႂကြယ္က ဆိုပါတယ္။“အာကာထက္ဟာ ေတာ္တဲ့တတ္တဲ့ကေလးျဖစ္လို႔ ပညာေရးပိုင္းကို လိုက္မယ္ဆိုရင္ အင္မတန္ ထူးထူးခြၽန္ခြၽန္ျဖစ္မယ့္ကေလးမ်ိဳး။ ဒါေပမဲ့ မင္းေအာင္လႈိင္ရဲ႕ ယုတ္မာမႈေတြ အာဏာ႐ူးသြပ္မႈေတြေၾကာင့္ သူ႔အေနနဲ႔ ေတာ္လွန္ေရးထဲမွာ ပါဝင္ခဲ့ရတယ္။ စြန႔္လႊတ္မႈေတြက အတိုင္းထက္အလြန္မ်ားစြာ ရွိခဲ့တယ္။”

ေမာင္အာကာထက္ကို သူ႔သူငယ္ခ်င္းေတြက အခမ္းအနားနဲ႔ ဂူသြင္းသၿဂႋဳလ္ေပးခဲ့ပါတယ္။ သူ႔မိခင္ကေတာ့ သားတစ္ေယာက္ ဆုံးရႈံးလိုက္ရေပမယ့္ တျခားလူငယ္ေတြလည္း ေပးဆပ္ေနၾကလို႔၊ သူ႔သားအတြက္ ဂုဏ္ယူေနပါတယ္။“ေတြးၾကည့္တဲ့အခါမွာ ငါ့သားေလးေရာ၊ ငါ့သားေလးနဲ႔ ႐ြယ္တူေတြေရာ၊ ငါ့သားထက္ ႀကီးတဲ့သူ၊ ငယ္တဲ့သူေတြေရာ၊ ဒီလူေတြဟာ တိုင္းျပည္ကို စစ္ကြၽန္ဘဝက လြတ္ေျမာက္ေအာင္ တိုက္ပြဲဝင္ေပးရင္း သူတို႔ အသက္ကေလးေတြကို ငယ္ငယ္ ႐ြယ္႐ြယ္နဲ႔ စေတးသြားရတာ။

ဒါေၾကာင့္ ဒီကေလးေတြရဲ႕ ေသျခင္းဟာ အင္မတန္မွ ျမင့္ျမတ္တဲ့ေသျခင္းျဖစ္တယ္။ ယုံၾကည္ခ်က္အရ တိုက္ပြဲဝင္ရင္း ေႂကြလြင့္ခဲ့ရတာ ျဖစ္တယ္။ ဒါဟာ ဂုဏ္ယူစရာတစ္ခုလို႔ ကြၽန္မေတြးႏိုင္ပါတယ္။”ကိုအာကာထက္နဲ႔ တစ္ဖြဲ႕တည္းလႈပ္ရွားခဲ့တဲ့ ကိုေအာင္ၿဖိဳးႂကြယ္က၊ သူ႔တပ္က ရဲေဘာ္တစ္ေယာက္ က်ဆုံးခဲ့ရတဲ့အတြက္ သူအသက္ရွိေနမွ် ဆက္ၿပီး ေတာ္လွန္သြားမယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ အသက္မေသမခ်င္း ဆက္လက္ေတာ္လွန္သြားမယ္ဆိုတာ က်ဆုံးသြားတဲ့ ရဲေဘာ္နဲ႔ ျမန္မာတစ္ႏိုင္ငံလုံးက မိဘျပည္သူေတြကို အသိေပးခ်င္ပါတယ္။ မိဘျပည္သူ တစ္ရပ္လုံးအေနနဲ႔လည္း က်ေနာ္တို႔ ဒီလိုက်ဆုံးမႈေတြ ျဖစ္ေပၚေနတဲ့အခ်ိန္မွာ ေတာ္လွန္ေနတဲ့ လူငယ္ေတြကို ညိဳညင္သြားတာေတြ၊ တခ်ိဳ႕တစ္ေလရဲ႕လြဲမွားတဲ့ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ PDF ေတြအေပၚမွာ စိတ္ခုတာေတြ မျဖစ္ဘဲနဲ႔ က်ေနာ္တို႔ PDF ေတြအကုန္လုံးကို ေထာက္ခံအားေပးၾကဖို႔ နဲ႔ မေကာင္းတာရွိလည္း မိဘသဖြယ္ ျပင္ဆင္ေပးၾကဖို႔ ေမတၱာရပ္ခံပါတယ္။”

တမူးမြို့မှာ အသက်ပေးသွားတဲ့ ဆယ်တန်းကျောင်းသား မောင်အာကာထက်

■ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းသားလူငယ် အတော်များများဟာ လက်နက်ကိုင် တော်လှန်ရေးကို သူတို့သဘောဆန္ဒနဲ့သူတို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒီလိုရွေးလိုက်တဲ့ အတွက် သူတို့ဘဝမှာ အရင်က စိတ်ကူးခဲ့တဲ့ ရည်မှန်းချက်တွေကို စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် ခဏတာနောက်ချန် ထားခဲ့ကြရပါတယ်။

အများစုကတော့ တော်လှန်ရေးပြီးတဲ့အခါ သူတို့ရဲ့ မူလရည်မှန်းချက်တွေကို အကောင်အဖော်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ဒါပေမဲ့ တချို့က ဒီကာလမှာ အသက်တွေကို တော်လှန်ရေးအတွက် ပေးဆပ်လိုက်ရလို့ သူတို့ ရည်မှန်းချက်ဆီ မရောက်နိုင်ခဲ့တော့တာလည်း ရှိနေပါတယ်။ အဲဒီလို လူငယ်တွေထဲမှာ တမူးမြို့က အသက် ၁၇ နှစ်အရွယ် မောင်အာကာထက်လည်းပါသွားပြီလို့ သူနဲ့တစ်ဖွဲ့တည်းလှုပ်ရှားခဲ့တဲ့ ကိုအောင်ဖြိုးကြွယ်က ပြောပြပါတယ်။

“အာကာထက်က အခုပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က တမူးမြို့ လေးမိုင်ဂိတ် တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ လေးမိုင်တိုက်ပွဲဟာ အချိန်အားဖြင့် နှစ်နာရီကြာမြင့်ခဲ့ပြီး ကျနော်တို့ဟာ ဂိတ်ထဲအထိ ဝင်ရောက်စီးနင်းနိုင်စွမ်း ရှိခဲ့သော်လည်း ကျနော်တို့ရဲဘော် အကျအဆုံး ရှိခဲ့တာကြောင့် ကျနော်တို့ ပြန်ဆုတ်ခဲ့ရတယ်။ ဒီလေးမိုင်ဂိတ်တိုက်ပွဲမှာ ကျနော်တို့ မြန်မာကျောင်းသားများ အဖွဲ့က ရဲဘော်အာကာထက်နဲ့ ကလေး ပကဖ က တပ်ရင်းမှူး ဦးမောင်ရယ်၊ ရဲဘော်နှစ်ယောက်ရယ် အသက်ပေးပြီးမှ ဒီလေးမိုင်ဂိတ်ကို တိုက်ပွဲဝင်ခဲ့ရတယ်။”

သားဖြစ်တဲ့သူ တိုက်ပွဲမှာကျသွားပေမယ့် ပေါ်ပေါ်တင်တင် မငိုရဲခဲ့ဘူးလို့ မောင်အာကာထက်ရဲ့ မိခင်က ပြောပါတယ်။“ကျွန်မသားလေး ဒီလမ်းကို လိုက်တယ်ဆိုကတည်းက တစ်နေ့ကျရင် တိုက်ရင်း ခိုက်ရင်းနဲ့ သေကွဲလည်း ကွဲနိုင်တယ်လို့ ကျွန်မတွေးမိပါတယ်။ ဒါပေမဲ့ တော်လှန်ရေး မအောင်မြင်ခင် လမ်းခုလပ်မှာ ခုလို ကျဆုံးသွားရတာကို မိခင်တစ်ယောက်အနေနဲ့ ဝမ်းနည်းပါတယ်။ အခုကျွန်မဆိုရင် ကိုယ့်အိမ်မှာမနေရပါဘူး။ စစ်ကောင်စီတွေ ရန်ကြောင့်ပါ။

တော်တဲ့သင့်တဲ့ နေရာမှာ နေရပါတယ်။ အိမ်နီးနားချင်းတွေလည်း ရှိတော့ ကျွန်မသားလေးဟာ တိုက်ပွဲမှာ ကျဆုံးသွားတာ သိရပေမယ့် ပေါ်ပေါ်ထင်ထင် မငိုရဲပါဘူးရှင်။”ငယ်ငယ်ထဲက မိစုံဖစုံမနေခဲ့ရတဲ့ မောင်အာကာထက်ဟာ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တဲ့ ကလေးလို့လည်း သူကပြောပြပါတယ်။

“ ကလေးအရွယ်ကတည်းက မိစုံဖစုံမနေခဲ့ရဘူး။ ဒါပေမဲ့ သူကအဖေမရှိလို့ အားငယ်တာ ဝမ်းနည်းတာ မရှိဘူး။ သူရည်မှန်းထားတဲ့ အရာတွေကို မဖြစ်မနေလုပ်တာ သူငယ်ငယ်ကလေးတည်းက။ ကျွန်မတို့ နွေဦးတော်လှန်ရေးကြီးဖြစ်လာတော့လည်း သားလေးက ဆယ်တန်းမှာ တက်နေတုံး။ သူ့မှာလဲ ရည်ရွယ်ချက်တစ်ခုရှိတယ်။ အဲဒါကဘာလဲဆိုတော့ သူအင်ဂျင်နီယာ ဖြစ်ချင်တယ်ပေါ့နော်။ အဲဒါ အမြဲတမ်း ပြောတယ်။”

သူဟာ ဉာဏ်ရည်ထက်မြက်တဲ့ လူငယ်တယောက်ဖြစ်တယ်လို့ ကိုအောင်ဖြိုးကြွယ်က ဆိုပါတယ်။“အာကာထက်ဟာ တော်တဲ့တတ်တဲ့ကလေးဖြစ်လို့ ပညာရေးပိုင်းကို လိုက်မယ်ဆိုရင် အင်မတန် ထူးထူးချွန်ချွန်ဖြစ်မယ့်ကလေးမျိုး။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ ယုတ်မာမှုတွေ အာဏာရူးသွပ်မှုတွေကြောင့် သူ့အနေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်ခဲ့ရတယ်။ စွန့်လွှတ်မှုတွေက အတိုင်းထက်အလွန်များစွာ ရှိခဲ့တယ်။”

မောင်အာကာထက်ကို သူ့သူငယ်ချင်းတွေက အခမ်းအနားနဲ့ ဂူသွင်းသင်္ဂြိုလ်ပေးခဲ့ပါတယ်။ သူ့မိခင်ကတော့ သားတစ်ယောက် ဆုံးရှုံးလိုက်ရပေမယ့် တခြားလူငယ်တွေလည်း ပေးဆပ်နေကြလို့၊ သူ့သားအတွက် ဂုဏ်ယူနေပါတယ်။“တွေးကြည့်တဲ့အခါမှာ ငါ့သားလေးရော၊ ငါ့သားလေးနဲ့ ရွယ်တူတွေရော၊ ငါ့သားထက် ကြီးတဲ့သူ၊ ငယ်တဲ့သူတွေရော၊ ဒီလူတွေဟာ တိုင်းပြည်ကို စစ်ကျွန်ဘဝက လွတ်မြောက်အောင် တိုက်ပွဲဝင်ပေးရင်း သူတို့ အသက်ကလေးတွေကို ငယ်ငယ် ရွယ်ရွယ်နဲ့ စတေးသွားရတာ။

ဒါကြောင့် ဒီကလေးတွေရဲ့ သေခြင်းဟာ အင်မတန်မှ မြင့်မြတ်တဲ့သေခြင်းဖြစ်တယ်။ ယုံကြည်ချက်အရ တိုက်ပွဲဝင်ရင်း ကြွေလွင့်ခဲ့ရတာ ဖြစ်တယ်။ ဒါဟာ ဂုဏ်ယူစရာတစ်ခုလို့ ကျွန်မတွေးနိုင်ပါတယ်။”ကိုအာကာထက်နဲ့ တစ်ဖွဲ့တည်းလှုပ်ရှားခဲ့တဲ့ ကိုအောင်ဖြိုးကြွယ်က၊ သူ့တပ်က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတဲ့အတွက် သူအသက်ရှိနေမျှ ဆက်ပြီး တော်လှန်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ အသက်မသေမချင်း ဆက်လက်တော်လှန်သွားမယ်ဆိုတာ ကျဆုံးသွားတဲ့ ရဲဘော်နဲ့ မြန်မာတစ်နိုင်ငံလုံးက မိဘပြည်သူတွေကို အသိပေးချင်ပါတယ်။ မိဘပြည်သူ တစ်ရပ်လုံးအနေနဲ့လည်း ကျနော်တို့ ဒီလိုကျဆုံးမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ တော်လှန်နေတဲ့ လူငယ်တွေကို ညိုညင်သွားတာတွေ၊ တချို့တစ်လေရဲ့လွဲမှားတဲ့ လုပ်ဆောင်ချက်တွေကြောင့် PDF တွေအပေါ်မှာ စိတ်ခုတာတွေ မဖြစ်ဘဲနဲ့ ကျနော်တို့ PDF တွေအကုန်လုံးကို ထောက်ခံအားပေးကြဖို့ နဲ့ မကောင်းတာရှိလည်း မိဘသဖွယ် ပြင်ဆင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”