Local News

ဆားလင္းႀကီး က်ားတက္တို-က္-ပြဲမွာ PDF ထိပ္ပိုင္းေခါင္းေဆာင္က်ဆုံး

ဆားလင္းႀကီး က်ားတက္တို-က္-ပြဲမွာ PDF ထိပ္ပိုင္းေခါင္းေဆာင္က်ဆုံး

ဆားလင္းႀကီး က်ားတက္တို-က္-ပြဲမွာ က်ဆုံးခဲ့တဲ့ ေရစႀကိဳပကဖ ရဲေဘာ္ ဝလုံး ရဲ႕ နာေရး၊

က်ားတက္ရဲစခန္းကို မဟာမိတ္ ေလးဖြဲ႕က ငါးနာရီေက်ာ္ၾကာ တို-က္-ခို-က္ရာ စကစ ငါးေယာက္ ‌ေ၁၁ၿပီး ျပည္သူ႔ ရဲေဘာ္ ႏွစ္ဦးက်၊

စစ္အုပ္စုက ရဟတ္ယာဥ္နဲ႔ စစ္ကူလာလို႔ စခန္းမသိမ္းႏိုင္၊

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ က်ားတက္႐ြာ ရဲစခန္းကို မေန႔က မနက္ပိုင္း ေဒသကာကြယ္ေရး မဟာမိတ္ေလးဖြဲ႕ ေပါင္းၿပီး စခန္းသိမ္းတို-က္ပြဲ ဆင္ႏႊဲခဲ့ရာ စကစ ငါးေယာက္ ထက္မနည္း ‌ေ၁၁သလို ျပည္သူ႔ရဲေဘာ္ ႏွစ္ဦး က်ဆုံးတယ္လို႔ သတင္း ရရွိပါတယ္။

ေအာက္တိုဘာ(၂)ရက္ မနက္(၆)နာရီက စတင္ၿပီး ဆားလင္းႀကီးနယ္၊ က်ားတက္ရဲစခန္းကို Salingyi Special Task Force – SSTF ၊ ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ – ပကဖ၊ ေရစႀကိဳၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ – ပကဖ ႏွင့္ ျမန္မာ့ေတာ္ဝင္ နဂါးတပ္ေတာ္ – MRDA တို႔ ပူးေပါင္းကာ စီးနင္း တို-က္-ခို-က္ခဲ့တာ ျဖစ္ၿပီး ငါးနာရီေက်ာ္ၾကာ တိုက္ပြဲ ျပင္းထန္ခဲ့ကာ စကစေတြဘက္က ငါးေယာက္ထက္မနည္း ‌ေ၁၁ၿပီး ထိခိုက္ဒဏ္ရာ ရသူေတြ ရွိသလို SSTF တပ္ဖြဲ႕ဝင္ ရဲေဘာ ္တစ္ဦးႏွင့္ ေရစႀကိဳ ပကဖ ေခါင္းေဆာင္ပိုင္း တစ္ဦးျဖစ္တဲ့ ရဲေဘာ္ ဝလုံး တို႔ က်ဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

က်ားတက္စခန္းသိမ္း တိုက္ပြဲမွာ က်ဆုံးခဲ့တဲ့ ေရစႀကိဳ ပကဖ ေခါင္းေဆာင္ပိုင္း တစ္ဦးျဖစ္သူ ရဲေဘာ္ ဝလုံး ရဲ႕ နာေရးကို ဒီေန႔ ေအာက္တိုဘာ(၃)ရက္မွာ က်င္းပခဲ့တယ္လို႔ ေရစႀကိဳ ပကဖ က ထုတ္ျပန္ပါတယ္။

“ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ – ေရစႀကိဳၿမိဳ႕နယ္ (ပ.က.ဖ) ထိပ္ပိုင္းေခါင္းေဆာင္ တစ္ဦးျဖစ္ေသာ ရဲေဘာ္ဝလုံး သည္ ေအာက္တိုဘာ ( ၂ )ရက္ က်ားတက္႐ြာ စခန္းသိမ္-းတို-က္-ပြဲတြင္ အၾက-မ္-ဖက္ စ-စ္တပ္အား သတၱိေျပာင္စြာ တိုက္ပြဲဝင္ရင္း တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ အသက္ေပးလႉ၍ ျမင့္ျမတ္စြာ က်ဆုံးခဲ့ပါသည္။

ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ – ေရစႀကိဳၿမိဳ႕နယ္ (ပ.က.ဖ)သည္ ရဲေဘာ္ဝလုံးအား အာဇာနည္ သူရဲေကာင္းအျဖစ္ ဂုဏ္ယူ မွတ္တမ္းတင္အပ္ပါသည္” လို႔ ေရစႀကိဳ ပကဖ က ေဖာ္ျပပါတယ္။

က်ားတက္႐ြာ ရဲစခန္းကို စီးနင္းတိုက္ခိုက္ရာမွာ စစ္အုပ္စုဘက္က ရဟတ္ယာဥ္နဲ႔ စ-စ္ကူလာတဲ့အတြက္ စခန္း မသိမ္းႏိုင္ခဲ့ဘူးလို႔ ဆားလင္းႀကီး Salingyi Special Task Force – SSTF တပ္ဖြဲ႕က MFP ကို ေျပာပါတယ္။

“ရဟတ္ယာဥ္ႏွစ္စီး လာတယ္။ ပစ္တယ္၊ ဗုံးႀကဲတယ္။ ေခြးေတြ ခ်ေပးတယ္။ တစ္နာရီေလာက္ ၾကာတယ္။ ပစ္ေနတာ” လို႔ SSTF ရဲေဘာ္က မေန႔က တိုက္ပြဲျဖစ္စဥ္ကို ေျပာပါတယ္။

ဒါ့အျပင္ ညေန(၄)နာရီမွာလည္း စ-စ္အုပ္စုက ရဟတ္ယာဥ္ေတြနဲ႔ ေနာက္တစ္ႀကိမ္ လာေရာက္ ပစ္ခတ္ခဲ့သလို က်ားတက္စခန္းထဲ အင္အား တိုးခ်ေပးသြားတယ္လို႔ ဆိုပါတယ္။

ရဟတ္ယာဥ္နဲ႔ pစ္Kတ္မႈမွာ ျပည္သူ႔ရဲေဘာ္ေတြ အထိအခိုက္ မရွိေပမယ့္ စစ္အုပ္စုက မဲမဲျမင္ရာ ပစ္ခတ္တဲ့အတြက္ ေဒသခံေတြ ထြက္ေျပးေနရတယ္လို႔ ဆိုပါတယ္။

PDF အင္အား (၂၀၀)ေလာက္နဲ႔ စခန္းကို လာဝိုင္းေပမယ့္ စခန္း အသိမ္းမခံရဘဲ ခုခံႏိုင္ခဲ့တယ္လို႔ စ-စ္အုပ္စုက ဆိုပါတယ္။

ၿပီးခဲ့သည့္ ဧၿပီလကုန္ပိုင္းကလည္း မုံ႐ြာၿမိဳ႕ရဲ႕ ျမစ္တဖက္ကမ္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ က်ားတက္ရဲစခန္းကို ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက စီးနင္းတို-က္-ခို-က္-ခဲ့ၿပီး အဲ့ဒီတုန္းက စ-စ္ေကာင္စီ သစၥာခံ ရဲ(၁၀)ေယာက္ထက္မနည္း ‌ေ၁၁ကာ စခန္းက အေဆာက္အဦးေတြကို မီးရႈိ႕ဖ်က္ဆီးႏိုင္ခဲ့ပါတယ္။

ဆားလင်းကြီး ကျားတက်တို-က်-ပွဲမှာ PDF ထိပ်ပိုင်းခေါင်းဆောင်ကျဆုံး

ဆားလင်းကြီး ကျားတက်တို-က်-ပွဲမှာ ကျဆုံးခဲ့တဲ့ ရေစကြိုပကဖ ရဲဘော် ဝလုံး ရဲ့ နာရေး၊

ကျားတက်ရဲစခန်းကို မဟာမိတ် လေးဖွဲ့က ငါးနာရီကျော်ကြာ တို-က်-ခို-က်ရာ စကစ ငါးယောက် ‌ေ၁၁ပြီး ပြည်သူ့ ရဲဘော် နှစ်ဦးကျ၊

စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ စစ်ကူလာလို့ စခန်းမသိမ်းနိုင်၊

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို မနေ့က မနက်ပိုင်း ဒေသကာကွယ်ရေး မဟာမိတ်လေးဖွဲ့ ပေါင်းပြီး စခန်းသိမ်းတို-က်ပွဲ ဆင်နွှဲခဲ့ရာ စကစ ငါးယောက် ထက်မနည်း ‌ေ၁၁သလို ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးတယ်လို့ သတင်း ရရှိပါတယ်။

အောက်တိုဘာ(၂)ရက် မနက်(၆)နာရီက စတင်ပြီး ဆားလင်းကြီးနယ်၊ ကျားတက်ရဲစခန်းကို Salingyi Special Task Force – SSTF ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ နှင့် မြန်မာ့တော်ဝင် နဂါးတပ်တော် – MRDA တို့ ပူးပေါင်းကာ စီးနင်း တို-က်-ခို-က်ခဲ့တာ ဖြစ်ပြီး ငါးနာရီကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ကာ စကစတွေဘက်က ငါးယောက်ထက်မနည်း ‌ေ၁၁ပြီး ထိခိုက်ဒဏ်ရာ ရသူတွေ ရှိသလို SSTF တပ်ဖွဲ့ဝင် ရဲဘော ်တစ်ဦးနှင့် ရေစကြို ပကဖ ခေါင်းဆောင်ပိုင်း တစ်ဦးဖြစ်တဲ့ ရဲဘော် ဝလုံး တို့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျားတက်စခန်းသိမ်း တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရေစကြို ပကဖ ခေါင်းဆောင်ပိုင်း တစ်ဦးဖြစ်သူ ရဲဘော် ဝလုံး ရဲ့ နာရေးကို ဒီနေ့ အောက်တိုဘာ(၃)ရက်မှာ ကျင်းပခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ) ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သော ရဲဘော်ဝလုံး သည် အောက်တိုဘာ ( ၂ )ရက် ကျားတက်ရွာ စခန်းသိမ်-းတို-က်-ပွဲတွင် အကြ-မ်-ဖက် စ-စ်တပ်အား သတ္တိပြောင်စွာ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပ.က.ဖ)သည် ရဲဘော်ဝလုံးအား အာဇာနည် သူရဲကောင်းအဖြစ် ဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်” လို့ ရေစကြို ပကဖ က ဖော်ပြပါတယ်။

ကျားတက်ရွာ ရဲစခန်းကို စီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က ရဟတ်ယာဉ်နဲ့ စ-စ်ကူလာတဲ့အတွက် စခန်း မသိမ်းနိုင်ခဲ့ဘူးလို့ ဆားလင်းကြီး Salingyi Special Task Force – SSTF တပ်ဖွဲ့က MFP ကို ပြောပါတယ်။

“ရဟတ်ယာဉ်နှစ်စီး လာတယ်။ ပစ်တယ်၊ ဗုံးကြဲတယ်။ ခွေးတွေ ချပေးတယ်။ တစ်နာရီလောက် ကြာတယ်။ ပစ်နေတာ” လို့ SSTF ရဲဘော်က မနေ့က တိုက်ပွဲဖြစ်စဉ်ကို ပြောပါတယ်။

ဒါ့အပြင် ညနေ(၄)နာရီမှာလည်း စ-စ်အုပ်စုက ရဟတ်ယာဉ်တွေနဲ့ နောက်တစ်ကြိမ် လာရောက် ပစ်ခတ်ခဲ့သလို ကျားတက်စခန်းထဲ အင်အား တိုးချပေးသွားတယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်နဲ့ pစ်Kတ်မှုမှာ ပြည်သူ့ရဲဘော်တွေ အထိအခိုက် မရှိပေမယ့် စစ်အုပ်စုက မဲမဲမြင်ရာ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

PDF အင်အား (၂၀၀)လောက်နဲ့ စခန်းကို လာဝိုင်းပေမယ့် စခန်း အသိမ်းမခံရဘဲ ခုခံနိုင်ခဲ့တယ်လို့ စ-စ်အုပ်စုက ဆိုပါတယ်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကလည်း မုံရွာမြို့ရဲ့ မြစ်တဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတို-က်-ခို-က်-ခဲ့ပြီး အဲ့ဒီတုန်းက စ-စ်ကောင်စီ သစ္စာခံ ရဲ(၁၀)ယောက်ထက်မနည်း ‌ေ၁၁ကာ စခန်းက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။