Local News

မႏၲေလးမွာ လူသ–တ္ၿပီး ကားလုယက္လာသူေတြကို ဖမ္းမိ

မႏၲေလးမွာ လူသ-တ္ၿပီး ကားလုယက္လာသူေတြကို ေတာင္ႀကီးမွာ ဖမ္းမိ

မဲေခါင္၊ ေအာက္တိုဘာ ၄

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွာ လူသတ္ၿပီး ကားလုယက္လာသူေတြကို ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕မွာ ေအာက္တိုဘာလ ၃ရက္၊ ညပိုင္းအခ်ိန္က ဖမ္းဆီးရမိခဲ့တယ္လို႔ စစ္ေကာင္စီဝါဒျဖန႔္သတင္းဌာနေတြက ေရးသားေဖာ္ျပထားပါတယ္။

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ စက္မႈပန္းၿခံလမ္းနဲ႔ ၁၂၈ လမ္းေထာင့္မွာ ေအာက္တိုဘာလ ၂ရက္၊ ညပိုင္းက အမ်ိဳးသားအေလာင္း ေတြ႕ရွိခဲ့တာျဖစ္ၿပီး ေသဆုံးသူဟာ အဲဒီေန႔မနက္ပိုင္းက ဘုရားဖူးဖို႔ ကားအငွား လိုက္သြားတဲ့ ကားဆရာ ကိုျပည့္ဆိုသူျဖစ္ကာ ကားငွားသူေတြက လူသတ္ကာ ကားလုယက္သြားတာ ျဖစ္တယ္လို႔ သိရပါတယ္။

ေသဆုံးသူ ကိုျပည္က ေအာက္တိုဘာလ ၂ရက္၊ နံနက္ ၇ နာရီက ဘုရားဖူးဖို႔ ကားငွားတဲ့ အတြက္ အိမ္ကေန ထြက္သြားၿပီး ည ၈ နာရီေက်ာ္မွာ ဒဏ္ရာအခ်ိဳ႕နဲ႔ ေသဆုံးေနတဲ့ အေလာင္းကို ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီလိုျဖစ္ပြားၿပီးေနာက္ ကားလုယက္သြားသူေတြကို မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕က စုံစမ္းၿပီး ရန္ကုန္တိုင္းရဲတပ္ဖြဲ႕၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕နဲ႔ ခ်ိတ္ဆက္ကာ ေတာင္ႀကီးမွာ ဖမ္းဆီးရမိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါေပမယ့္လည္း ကားလုယက္သူဦးေရ၊ အမည္နဲ႔ ကိုယ္ေရးအခ်က္အလက္ေတြ၊ ဖမ္းဆီးရမိမႈျဖစ္စဥ္အေသးစိတ္လို႔ပါတ္သက္လို႔ အသိေပးထုတ္ျပန္တာမ်ိဳး မရွိေသးေၾကာင္း သိရပါတယ္။

MeKongNews

မန္တလေးမှာ လူသ-တ်ပြီး ကားလုယက်လာသူတွေကို တောင်ကြီးမှာ ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၄

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူသတ်ပြီး ကားလုယက်လာသူတွေကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အောက်တိုဘာလ ၃ရက်၊ ညပိုင်းအချိန်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေက ရေးသားဖော်ပြထားပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်းနဲ့ ၁၂၈ လမ်းထောင့်မှာ အောက်တိုဘာလ ၂ရက်၊ ညပိုင်းက အမျိုးသားအလောင်း တွေ့ရှိခဲ့တာဖြစ်ပြီး သေဆုံးသူဟာ အဲဒီနေ့မနက်ပိုင်းက ဘုရားဖူးဖို့ ကားအငှား လိုက်သွားတဲ့ ကားဆရာ ကိုပြည့်ဆိုသူဖြစ်ကာ ကားငှားသူတွေက လူသတ်ကာ ကားလုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ကိုပြည်က အောက်တိုဘာလ ၂ရက်၊ နံနက် ၇ နာရီက ဘုရားဖူးဖို့ ကားငှားတဲ့ အတွက် အိမ်ကနေ ထွက်သွားပြီး ည ၈ နာရီကျော်မှာ ဒဏ်ရာအချို့နဲ့ သေဆုံးနေတဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုဖြစ်ပွားပြီးနောက် ကားလုယက်သွားသူတွေကို မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က စုံစမ်းပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ကာ တောင်ကြီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ကားလုယက်သူဦးရေ၊ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေ၊ ဖမ်းဆီးရမိမှုဖြစ်စဉ်အသေးစိတ်လို့ပါတ်သက်လို့ အသိပေးထုတ်ပြန်တာမျိုး မရှိသေးကြောင်း သိရပါတယ်။

MeKongNews