Local News

မင္းေအာင္လႈိင္ ျပည္ၿမိဳ႕မွာ ျပည္ေတာ္ဝင္ ယၾတာလာလုပ္

ႀကံ့ခိုင္ေရးပါတီညီလာခံနဲ႔အခ်ိန္ကိုက္ၿပီး စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ ျပည္ၿမိဳ႕မွာ ျပည္ေတာ္ဝင္ ယၾတာလာလုပ္

ေျမလတ္အသံ၊ ေအာက္တိုဘာ ၄၊ ၂၀၂၂။

စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္ဟာ ပဲခူးတိုင္း၊ ျပည္ၿမိဳ႕ကို လာေရာက္ၿပီး ျပည္ဝင္ျပည္ထြက္ ယၾတာေခ်ခဲ့တယ္လို႔ စစ္ေကာင္စီအသိုင္းအဝိုင္းေတြဆီက သိရပါတယ္။

ဒီေန႔ ေအာက္တိုဘာလ ၄ ရက္မွာ ျပည္ၿမိဳ႕ကို ေရာက္ေနတဲ့ မင္းေအာင္လႈိင္ဟာ SME လုပ္ငန္းမ်ားဖြံၿဖိဳးေရးေခါင္းစဥ္နဲ႔ ရတနာၿမိဳ႕ေတာ္ခန္းမ(မူယာပင္)မွာ တိတ္တဆိတ္ေတြ႕ဆုံပြဲလုပ္ေနေပမယ့္ အဓိကအေၾကာင္းအရင္းကယၾတာလာေခ်ျခင္းျဖစ္ၿပီး ျပည္ၿမိဳ႕က ဘုရားအားလုံးကို အမ်ားသူငါ ဖူးခြင့္ပိတ္ထားကာ သြားလာေနတယ္လို႔ဆိုပါတယ္။

“အေသးစားစက္မႈလက္မႈလုပ္ငန္းေခါင္းစဥ္နဲ႔လာတာ။ အဲဒါကသူကိုယ္တိုင္ေတာင္ လာစရာမလိုဘူး သက္ဆိုင္ရာ ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေလာက္လာေတာင္ရတယ္၊ တကယ္က ေနျပည္ေတာ္မွာလုပ္ေနတဲ့ ႀကံ့ဖြံ႕ညီလာခံနဲ႔အညီလာတာ အဲမွာဦးခင္ရီက ဥကၠဌလုပ္ၿပီး ေ႐ြးေကာက္ပြဲမွာ ဝင္ဖို႔ေသခ်ာ လုပ္ေဆာင္ေနတယ္။

အဲအတြက္သူကလည္း တၿပိဳင္ထဲ ျပည္ေတာ္ဝင္သေဘာမ်ိဳး လုပ္တာပါ အစဥ္အဆက္က စစ္အာဏာရွင္ေခါင္းေဆာင္ေတြ လုပ္ေနၾကပဲ” လို႔ စစ္တပ္အသိုင္းအဝိုင္းနဲ႔ နီးစပ္သူ တဦးက ေျပာပါတယ္။

မင္းေအာင္လႈိင္ဟာ ျပည္ၿမိဳ႕ကို ရဟတ္ယာဥ္ ၂ စီးနဲ႔ လာေရာက္ခဲ့တာျဖစ္ႏိုင္ၿပီး ႀကိဳတင္အေၾကာင္းၾကား လမ္းၫႊန္ထားတာမရွိဘူးလို႔ ဆိုပါတယ္။

“ပုစင္းႏွစ္ေကာင္ပ်ံသြားတာေတြ႕တယ္၊ အစစ္ေဆးကေတာ့ မေန႔ကတည္းက လုံၿခဳံေရးကိုအရမ္းတင္းက်ပ္ထားတာ၊ ဒီေန႔လည္း လမ္းဆုံးလမ္းဂြေတြအကုန္ပိတ္ၿပီး အကုန္စစ္အကုန္တားထားတယ္၊ သူတို႔ေတြ႕တာက မူယာပင္ခန္းမထဲမွာ အဲမွာလည္း အကုန္အျပည့္ပဲ ၿမိဳ႕ထဲမွာလည္း ေဒါက္ေတြနဲ႔ ေထာင္ထားတဲ့ ေသနတ္နဲ႔ကားေတြ အကုန္ပတ္ေနတယ္။ ဘုရားကေတာ့ ပိတ္ထားတယ္ သူတို႔ လူႀကီးေတြတက္ရတဲ့ အေပါက္တခုပဲဖြင့္ထားတယ္။” လို႔ ၿမိဳ႕ခံတဦးကဆိုပါတယ္။

ယေန႔မွာလည္း ေနျပည္ေတာ္ရွိ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႕ၿဖိဳးေရးပါတီဌာနခ်ဳပ္မွာ ညီလာခံျပဳလုပ္ေနၿပီး ယခင္ဥကၠဌဦးသန္းေဌးက တရားဝင္ႏႈတ္ထြက္ၿပီး ျပန္လည္ေ႐ြးေကာက္တင္ေျမႇာက္ပြဲကို ျပဳလုပ္ေနပါတယ္။

သတင္း – 007

ေျမလတ္အသံ

ကြံ့ခိုင်ရေးပါတီညီလာခံနဲ့အချိန်ကိုက်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြည်မြို့မှာ ပြည်တော်ဝင် ယတြာလာလုပ်

မြေလတ်အသံ၊ အောက်တိုဘာ ၄၊ ၂၀၂၂။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပဲခူးတိုင်း၊ ပြည်မြို့ကို လာရောက်ပြီး ပြည်ဝင်ပြည်ထွက် ယတြာချေခဲ့တယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းတွေဆီက သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၄ ရက်မှာ ပြည်မြို့ကို ရောက်နေတဲ့ မင်းအောင်လှိုင်ဟာ SME လုပ်ငန်းများဖွံဖြိုးရေးခေါင်းစဉ်နဲ့ ရတနာမြို့တော်ခန်းမ(မူယာပင်)မှာ တိတ်တဆိတ်တွေ့ဆုံပွဲလုပ်နေပေမယ့် အဓိကအကြောင်းအရင်းကယတြာလာချေခြင်းဖြစ်ပြီး ပြည်မြို့က ဘုရားအားလုံးကို အများသူငါ ဖူးခွင့်ပိတ်ထားကာ သွားလာနေတယ်လို့ဆိုပါတယ်။

“အသေးစားစက်မှုလက်မှုလုပ်ငန်းခေါင်းစဉ်နဲ့လာတာ။ အဲဒါကသူကိုယ်တိုင်တောင် လာစရာမလိုဘူး သက်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးလောက်လာတောင်ရတယ်၊ တကယ်က နေပြည်တော်မှာလုပ်နေတဲ့ ကြံ့ဖွံ့ညီလာခံနဲ့အညီလာတာ အဲမှာဦးခင်ရီက ဥက္ကဌလုပ်ပြီး ရွေးကောက်ပွဲမှာ ဝင်ဖို့သေချာ လုပ်ဆောင်နေတယ်။

အဲအတွက်သူကလည်း တပြိုင်ထဲ ပြည်တော်ဝင်သဘောမျိုး လုပ်တာပါ အစဉ်အဆက်က စစ်အာဏာရှင်ခေါင်းဆောင်တွေ လုပ်နေကြပဲ” လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

မင်းအောင်လှိုင်ဟာ ပြည်မြို့ကို ရဟတ်ယာဉ် ၂ စီးနဲ့ လာရောက်ခဲ့တာဖြစ်နိုင်ပြီး ကြိုတင်အကြောင်းကြား လမ်းညွှန်ထားတာမရှိဘူးလို့ ဆိုပါတယ်။

“ပုစင်းနှစ်ကောင်ပျံသွားတာတွေ့တယ်၊ အစစ်ဆေးကတော့ မနေ့ကတည်းက လုံခြုံရေးကိုအရမ်းတင်းကျပ်ထားတာ၊ ဒီနေ့လည်း လမ်းဆုံးလမ်းဂွတွေအကုန်ပိတ်ပြီး အကုန်စစ်အကုန်တားထားတယ်၊ သူတို့တွေ့တာက မူယာပင်ခန်းမထဲမှာ အဲမှာလည်း အကုန်အပြည့်ပဲ မြို့ထဲမှာလည်း ဒေါက်တွေနဲ့ ထောင်ထားတဲ့ သေနတ်နဲ့ကားတွေ အကုန်ပတ်နေတယ်။ ဘုရားကတော့ ပိတ်ထားတယ် သူတို့ လူကြီးတွေတက်ရတဲ့ အပေါက်တခုပဲဖွင့်ထားတယ်။” လို့ မြို့ခံတဦးကဆိုပါတယ်။

ယနေ့မှာလည်း နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှာ ညီလာခံပြုလုပ်နေပြီး ယခင်ဥက္ကဌဦးသန်းဌေးက တရားဝင်နှုတ်ထွက်ပြီး ပြန်လည်ရွေးကောက်တင်မြှောက်ပွဲကို ပြုလုပ်နေပါတယ်။

သတင်း – 007

မြေလတ်အသံ