လာမယ့္ေ႐ြးေကာက္ပြဲ ႏိုင္ေအာင္လုပ္မယ့္လို႔ ျပည္ခိုင္ၿဖိဳး ဥကၠ႒သစ္ ဦးခင္ရီေျပာ
ပါတီေခါင္းေဆာင္ပိုင္းကို လူေဟာင္းေတြပဲ လႊမ္းမိုးထား
ရဲခ်ဳပ္ေဟာင္းနဲ႔ လဝက ဝန္ႀကီးေဟာင္း ဦးခင္ရီဟာ ျပည္ေထာင္စု ႀကံ့ခိုင္နဲ႔ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒သစ္ ျဖစ္လာၿပီး ဒီကေန႔ေန႔လည္မွာ မိန႔္ခြန္းေျပာခဲ့ပါတယ္။
လာမယ့္ေ႐ြးေကာက္ပြဲမွာ ႏိုင္ေအာင္လုပ္မယ္လို႔ သူ႔မိန႔္ခြန္းထဲ ထည့္ေျပာပါတယ္။ ဒုတိယ ဥကၠ႒ ရာထူးေနရာေတြကို လက္ရွိ ဒုဥကၠ႒ ႏွစ္ေယာက္ျဖစ္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ေဟာင္း ဦးျမတ္ဟိန္းနဲ႔ သမၼတ႐ုံးနဲ႔ ဘ႑ာေရးဝန္ႀကီးေဟာင္း ဦးလွထြန္းတို႔ ပဲ ျပန္အေ႐ြးခံရပါတယ္။
ဗဟိုအတြင္းေရးမႉးျဖစ္သူ အၿငိမ္းစားဗိုလ္ခ်ဳပ္ ဦးတင္ေအာင္ခ်စ္က တြဲဘက္အေထြေထြအတြင္းေရးမႉး ျဖစ္လာပါတယ္။
ဒုတိယ ဥကၠ႒ တစ္ေနရာနဲ႔ အေထြေထြအတြင္းေရးမႉး တစ္ေနရာစာ ေၾကညာဖို႔ က်န္ေသးလို႔ ညီလာခံတက္ေရာက္သူေတြထံက သိရပါတယ္။
ႀကံ့ခိုင္ေရးပါတီရဲ႕ တတိယအႀကိမ္ ညီလာခံ ဒုတိယေန႔မွာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕အသစ္အပါအဝင္ ဥကၠ႒၊ ဒုတိယ ဥကၠ႒ေတြ နဲ႔ အေထြေထြအတြင္းေရးမႉးေတြကို ျပန္လည္ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
လာမယ့်ရွေးကောက်ပွဲ နိုင်အောင်လုပ်မယ့်လို့ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌသစ် ဦးခင်ရီပြော
ပါတီခေါင်းဆောင်ပိုင်းကို လူဟောင်းတွေပဲ လွှမ်းမိုးထား
ရဲချုပ်ဟောင်းနဲ့ လဝက ဝန်ကြီးဟောင်း ဦးခင်ရီဟာ ပြည်ထောင်စု ကြံ့ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသစ် ဖြစ်လာပြီး ဒီကနေ့နေ့လည်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ နိုင်အောင်လုပ်မယ်လို့ သူ့မိန့်ခွန်းထဲ ထည့်ပြောပါတယ်။ ဒုတိယ ဥက္ကဋ္ဌ ရာထူးနေရာတွေကို လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟောင်း ဦးမြတ်ဟိန်းနဲ့ သမ္မတရုံးနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းတို့ ပဲ ပြန်အရွေးခံရပါတယ်။
ဗဟိုအတွင်းရေးမှူးဖြစ်သူ အငြိမ်းစားဗိုလ်ချုပ် ဦးတင်အောင်ချစ်က တွဲဘက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတယ်။
ဒုတိယ ဥက္ကဋ္ဌ တစ်နေရာနဲ့ အထွေထွေအတွင်းရေးမှူး တစ်နေရာစာ ကြေညာဖို့ ကျန်သေးလို့ ညီလာခံတက်ရောက်သူတွေထံက သိရပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ တတိယအကြိမ် ညီလာခံ ဒုတိယနေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အသစ်အပါအဝင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌတွေ နဲ့ အထွေထွေအတွင်းရေးမှူးတွေကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။