Local News

ေနအိမ္ဗုံးပစ္ခံရခ်ိန္မွာ မေ-သခဲ့တဲ့ ရာအိမ္မႉး မင္းသိန္းဦး မုန႔္ထြက္စားခ်ိန္ ပ-စ္သ–တ္ခံရ

ေနအိမ္ဗုံးပစ္ခံရခ်ိန္မွာ မေသခဲ့တဲ့ ရာအိမ္မႉး မင္းသိန္းဦး မုန႔္ထြက္စားခ်ိန္ ပ-စ္သ–တ္ခံရ

C8 News

ရန္ကုန္၊ေအာက္တိုဘာ(၅)

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္၊ သီရိေဇယ်ာရပ္ကြက္ ကရပ္ကြက္ရာအိမ္မႉး မင္းသိန္းဦး ကိုဒီေန႔မနက္ပိုင္းမွာ အမည္မသိေသနတ္ကိုင္ေဆာင္ထားသူေတြက ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆုံးသြားၿပီျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

” ဒီမနက္က သူ႔အိမ္နားက မုန႔္ဆိုင္မွာ မုန႔္ထြက္စားတုန္းအပစ္ခံရတာ၊ ဟိုးအရင္ကလည္း သူ႔အိမ္ကို ဗုံးနဲ႔ပစ္ခံရတယ္၊ အဲ့တုန္းကမေသဘူး၊ ဗုံးပစ္ခံရၿပီး ၿငိမ္သြားမယ္မွတ္တာ အခုျပန္ၿပီး ဂ်ိဳႂကြေနလို႔ အပစ္ခံရတာေနမယ္” လို႔ေဒသခံတစ္ဦးကေျပာပါတယ္။

ရာအိမ္မႉး မင္းသိန္းဦး ရဲ႕ေနအိမ္ကို ၿပီးခဲ့တဲ့ႏွစ္မွာ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြက ဗုံးနဲ႔ပစ္ခတ္ခဲ့ေပမယ့္ ဗုံးမေပါက္လို႔ အသက္ခ်မ္းသာရာရခဲ့ေပမယ့္ ဒီေန႔မနက္ပိုင္းမွာ ေနအိမ္အနီးမုန႔္ထြက္စားခ်ိန္မွာ ပစ္ခတ္ခံရလို႔ ေသဆုံးခဲ့တာျဖစ္ပါတယ္။

အဲ့ဒီပစ္ခတ္မႈကိုေတာ့ မြန္ျပည္နယ္အေျချပဳေတာ္လွန္ေရးအဖြဲ႕ (MSRO) ကလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ပစ္ခတ္မႈအၿပီးမွာ ထုတ္ျပန္အသိေပးထားပါတယ္။

ဒီေန႔ပစ္ခတ္မႈကို ေဆာင္႐ြက္ခဲ့တဲ့ မြန္ျပည္နယ္အေျချပဳေတာ္လွန္ေရးအဖြဲ႕ (MSRO) အဖြဲ႕ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ(၂၆)ရက္ေန႔မွာလည္း မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ရွိ စသုံးလုံး႐ုံးကို ဗုံးေထာင္ေဖာက္ခြဲခဲ့ပါေသးတယ္။

နေအိမ်ဗုံးပစ်ခံရချိန်မှာ မသေခဲ့တဲ့ ရာအိမ်မှူး မင်းသိန်းဦး မုန့်ထွက်စားချိန် ပ-စ်သ–တ်ခံရ

C8 News

ရန်ကုန်၊အောက်တိုဘာ(၅)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိဇေယျာရပ်ကွက် ကရပ်ကွက်ရာအိမ်မှူး မင်းသိန်းဦး ကိုဒီနေ့မနက်ပိုင်းမှာ အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက်က သူ့အိမ်နားက မုန့်ဆိုင်မှာ မုန့်ထွက်စားတုန်းအပစ်ခံရတာ၊ ဟိုးအရင်ကလည်း သူ့အိမ်ကို ဗုံးနဲ့ပစ်ခံရတယ်၊ အဲ့တုန်းကမသေဘူး၊ ဗုံးပစ်ခံရပြီး ငြိမ်သွားမယ်မှတ်တာ အခုပြန်ပြီး ဂျိုကြွနေလို့ အပစ်ခံရတာနေမယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ရာအိမ်မှူး မင်းသိန်းဦး ရဲ့နေအိမ်ကို ပြီးခဲ့တဲ့နှစ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဗုံးနဲ့ပစ်ခတ်ခဲ့ပေမယ့် ဗုံးမပေါက်လို့ အသက်ချမ်းသာရာရခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာ နေအိမ်အနီးမုန့်ထွက်စားချိန်မှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပစ်ခတ်မှုကိုတော့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပစ်ခတ်မှုအပြီးမှာ ထုတ်ပြန်အသိပေးထားပါတယ်။

ဒီနေ့ပစ်ခတ်မှုကို ဆောင်ရွက်ခဲ့တဲ့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ(၂၆)ရက်နေ့မှာလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စသုံးလုံးရုံးကို ဗုံးထောင်ဖောက်ခွဲခဲ့ပါသေးတယ်။